Skip to main content
စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မည့္ က႑မ်ားကို ဦးစားေပးေ႐ြးခ်ယ္ကာ ႏိုင္ငံေတာ္အစိုးရမွ ဦးေဆာင္ဦး႐ြက္ျပဳသင့္
Ads Block

စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မည့္ က႑မ်ားကို ဦးစားေပးေ႐ြးခ်ယ္ကာ ႏိုင္ငံေတာ္အစိုးရမွ ဦးေဆာင္ဦး႐ြက္ျပဳသင့္

တိုင္းျပည္၏ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေစမည့္ က႑မ်ားကို ဦးစားေပးေ႐ြးခ်ယ္ကာ ႏိုင္ငံေတာ္အစိုးရမွ ဦးေဆာင္ဦး႐ြက္ျပဳသင့္ေၾကာင္း စီးပြားေရးပညာရွင္ ေဒါက္တာေဇာ္ဦးက သုံးသပ္ေျပာၾကားလိုက္သည္။
တိုင္းျပည္စီးပြားဖြံ႕ၿဖိဳးတိုးတက္ရန္ ေျပာင္းလဲေဆာင္႐ြက္ရမည့္အခ်က္မ်ား အမ်ားအျပားရွိေနေသာ္လည္း စီးပြားေရးျဖစ္ႏိုင္မည့္ က႑မ်ားကို ဦးစားေပး၍ စနစ္တက်ေ႐ြးခ်ယ္သတ္မွတ္ကာ မဟာဗ်ဴဟာနည္ စနစ္က်က်လုပ္ေဆာင္မွသာ တိုးတက္မႈျမန္ဆန္လာမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။ 
“ေျပာင္းလဲခ်ိန္တန္ၿပီဆိုရင္ ေျပာင္းလဲရမွာက အမ်ားႀကီးျဖစ္ေနတယ္။ ဒါေပမဲ့ ဦးစားေပးကဘာလဲ ဆိုေတာ့ လိုလာၿပီ။ ဦးစားေပးသတ္မွတ္ခ်က္က အရမ္းအေရးႀကီးတယ္။ ႏိုင္ငံတစ္ခုရဲ႕စီးပြားေရး တိုးတက္တယ္ဆိုတာ စီးပြားေရးဆန္ဆန္လုပ္ရမယ္။ ေဈးကြက္နဲ႔ အစိုးရရဲ႕ အခန္းက႑ပဲ အားကိုးလို႔ မရဘူး။ အစိုးရရဲ႕ အခန္းက႑က အေရးႀကီးတယ္ဆိုတာ အသိအမွတ္ျပဳ ရ မယ္။ စီးပြားေရးတက္ဖို႔က စီးပြားေရးကိုလုပ္ဖို႔လိုတယ္။ နည္းနည္းေတာ့ စြန႔္စားရတာေပါ့။ အစိုးရေတြက ခုထက္ထိေသေသခ်ာခ်ာမလုပ္ႏိုင္ေသးဘူး။ ဦးစားေပးသတ္ မွတ္ခ်က္ေတြမွာ အားနည္းေနတယ္” ဟု ေဒါက္တာေဇာ္ဦးကဆိုသည္။
မည္သည့္ႏိုင္ငံတြင္ျဖစ္ေစ အစိုးရတစ္ရပ္သည္ စီးပြားေရးလုပ္ငန္းမ်ား မေဆာင္႐ြက္ဘဲ တရားဥပေဒ စိုးမိုးေရးအတြက္သာ အဓိကထားေဆာင္႐ြက္ပါက ယင္းႏိုင္ငံသည္ မွ်တေသာဥပေဒရွိေကာင္းမ်ား ေပၚထြက္ေနမည္ျဖစ္ေသာ္လည္း တိုင္းျပည္၏ စီးပြားေရးမွာ ေကာင္းမြန္သည့္ အေျခအေနတစ္ရပ္ ျဖစ္ေပၚေနမည္ မဟုတ္ေၾကာင္း၊ ႏိုင္ငံတစ္ႏိုင္ငံ၏ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ရန္ အစိုးရကိုယ္တိုင္မွ စီးပြားေရးလုပ္ငန္းမ်ားကို ဦးေဆာင္၍ လုပ္ကိုင္မွသာလွ်င္ ယင္းႏိုင္ငံ၏ စီးပြားေရးက႑သည္ ေကာင္းမြန္ဖြံ႕ၿဖိဳး ေနမည္ျဖစ္ေၾကာင္း ၎က သုံးသပ္ေျပာၾကားသည္။
တိုင္းျပည္အတြက္ လိုအပ္ေနသည့္ ဥပေဒေရးရာ ကိစၥရပ္မ်ားေဆာင္႐ြက္ေနသည့္အျပင္ မဟာဗ်ဴဟာ နည္းစနစ္မ်ား၊ စီးပြားေရး ဖြံၿဖိဳးတိုးတက္ရန္ ေဆာင္႐ြက္ရမည့္ က႑မ်ားမွ လုပ္ငန္းမ်ား အားလုံးကို ေဇာက္ခ်ၿပီး တြန္းအားေပးလုပ္ေဆာင္သင့္ေၾကာင္း ၎က တိုက္တြန္းေျပာၾကားသည္။ 
“ႏိုင္ငံရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္ေတြမွာ ေဘးကေန ရံေပးမယ့္လူေတြ အဖြဲ႕ေတြက မရွိဘူး။ အရင္တုန္းကလည္း ႏိုင္ငံေတာ္အႀကံ ေပးအဖြဲ႕ ဆိုတာရွိတယ္။ အႀကံေပးေတြ တိုက္႐ိုက္ရွိတယ္။ အနည္းဆုံးေတာ့ အႀကံေပးေတြက မေျပာရဲတာသာရွိမယ္။ မွားတဲ့ ဟာ၊ မေကာင္းတဲ့ဟာ မေျပာဘူး။ ပညာရွင္ေတြျဖစ္ေနေတာ့။ ႏိုင္ငံေတာ္ ထိပ္ပိုင္းေခါင္းေဆာင္ေတြေဘးမွာ ရံထားတဲ့ သူေတြ က ပညာရွင္ေတြနဲ႔ တကယ့္ကမာၻေက်ာ္ေတြ ျဖစ္ဖု႔ိလိုတယ္။ အားလုံးက သိေနတာျဖစ္ဖို႔လိုတယ္။ စီးပြားေရးနဲ႔လည္း မဆိုင္ဘူး။ စီးပြားေရးနဲ႔ အသက္ေမြးဝမ္းေၾကာင္း မလုပ္ဘဲေနတဲ့ ပညာရွင္ေတြ တိုင္းျပည္မွာ အမ်ားႀကီးပဲ ရွိ ပါတယ္။ ” ဟု ေဒါက္တာေဇာ္ ဦးက ဆက္လက္တိုက္တြန္း ေျပာၾကား သည္။ 
ယခင္က သမၼတထံသို႔ တိုက္႐ိုက္အႀကံေပးအျဖစ္ေဆာင္႐ြက္ရန္ ပညာရွင္ ၁၅ ေယာက္ ဝန္းက်င္ကို ခန႔္အပ္ထားခဲ့ေၾကာင္း သိရ သည္။ 
အေမရိကန္ႏိုင္ငံကဲ့သို႔ ႏိုင္ငံႀကီးတြင္ပင္ သက္ဆိုင္ရာက႑ အလိုက္ ကြၽမ္းက်င္ပညာရွင္မ်ားကို အႀကံေပးမ်ားအျဖစ္ ခန႔္အပ္ ထားသည့္အတြက္ ကြၽမ္းက်င္ပညာရွင္မ်ားကို အႀကံေပးမ်ားအျဖစ္ ျပန္လည္ခန႔္အပ္သင့္ေၾကာင္း ၎က ဆိုသည္။ 

- သင္းသင္းလႈိင္ (အကုန္သိသတင္းဌာန) 

Unicode version

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မည့် ကဏ္ဍများကို ဦးစားပေးရွေးချယ်ကာ နိုင်ငံတော်အစိုးရမှ ဦးဆောင်ဦးရွက်ပြုသင့်

တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေမည့် ကဏ္ဍများကို ဦးစားပေးရွေးချယ်ကာ နိုင်ငံတော်အစိုးရမှ ဦးဆောင်ဦးရွက်ပြုသင့်ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက သုံးသပ်ပြောကြားလိုက်သည်။
တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရန် ပြောင်းလဲဆောင်ရွက်ရမည့်အချက်များ အများအပြားရှိနေသော်လည်း စီးပွားရေးဖြစ်နိုင်မည့် ကဏ္ဍများကို ဦးစားပေး၍ စနစ်တကျရွေးချယ်သတ်မှတ်ကာ မဟာဗျူဟာနည် စနစ်ကျကျလုပ်ဆောင်မှသာ တိုးတက်မှုမြန်ဆန်လာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 
“ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရမှာက အများကြီးဖြစ်နေတယ်။ ဒါပေမဲ့ ဦးစားပေးကဘာလဲ ဆိုတော့ လိုလာပြီ။ ဦးစားပေးသတ်မှတ်ချက်က အရမ်းအရေးကြီးတယ်။ နိုင်ငံတစ်ခုရဲ့စီးပွားရေး တိုးတက်တယ်ဆိုတာ စီးပွားရေးဆန်ဆန်လုပ်ရမယ်။ ဈေးကွက်နဲ့ အစိုးရရဲ့ အခန်းကဏ္ဍပဲ အားကိုးလို့ မရဘူး။ အစိုးရရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်ဆိုတာ အသိအမှတ်ပြု ရ မယ်။ စီးပွားရေးတက်ဖို့က စီးပွားရေးကိုလုပ်ဖို့လိုတယ်။ နည်းနည်းတော့ စွန့်စားရတာပေါ့။ အစိုးရတွေက ခုထက်ထိသေသေချာချာမလုပ်နိုင်သေးဘူး။ ဦးစားပေးသတ် မှတ်ချက်တွေမှာ အားနည်းနေတယ်” ဟု ဒေါက်တာဇော်ဦးကဆိုသည်။
မည်သည့်နိုင်ငံတွင်ဖြစ်စေ အစိုးရတစ်ရပ်သည် စီးပွားရေးလုပ်ငန်းများ မဆောင်ရွက်ဘဲ တရားဥပဒေ စိုးမိုးရေးအတွက်သာ အဓိကထားဆောင်ရွက်ပါက ယင်းနိုင်ငံသည် မျှတသောဥပဒေရှိကောင်းများ ပေါ်ထွက်နေမည်ဖြစ်သော်လည်း တိုင်းပြည်၏ စီးပွားရေးမှာ ကောင်းမွန်သည့် အခြေအနေတစ်ရပ် ဖြစ်ပေါ်နေမည် မဟုတ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အစိုးရကိုယ်တိုင်မှ စီးပွားရေးလုပ်ငန်းများကို ဦးဆောင်၍ လုပ်ကိုင်မှသာလျှင် ယင်းနိုင်ငံ၏ စီးပွားရေးကဏ္ဍသည် ကောင်းမွန်ဖွံ့ဖြိုး နေမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။
တိုင်းပြည်အတွက် လိုအပ်နေသည့် ဥပဒေရေးရာ ကိစ္စရပ်များဆောင်ရွက်နေသည့်အပြင် မဟာဗျူဟာ နည်းစနစ်များ၊ စီးပွားရေး ဖွံဖြိုးတိုးတက်ရန် ဆောင်ရွက်ရမည့် ကဏ္ဍများမှ လုပ်ငန်းများ အားလုံးကို ဇောက်ချပြီး တွန်းအားပေးလုပ်ဆောင်သင့်ကြောင်း ၎င်းက တိုက်တွန်းပြောကြားသည်။ 
“နိုင်ငံရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေမှာ ဘေးကနေ ရံပေးမယ့်လူတွေ အဖွဲ့တွေက မရှိဘူး။ အရင်တုန်းကလည်း နိုင်ငံတော်အကြံ ပေးအဖွဲ့ ဆိုတာရှိတယ်။ အကြံပေးတွေ တိုက်ရိုက်ရှိတယ်။ အနည်းဆုံးတော့ အကြံပေးတွေက မပြောရဲတာသာရှိမယ်။ မှားတဲ့ ဟာ၊ မကောင်းတဲ့ဟာ မပြောဘူး။ ပညာရှင်တွေဖြစ်နေတော့။ နိုင်ငံတော် ထိပ်ပိုင်းခေါင်းဆောင်တွေဘေးမှာ ရံထားတဲ့ သူတွေ က ပညာရှင်တွေနဲ့ တကယ့်ကမ္ဘာကျော်တွေ ဖြစ်ဖု့ိလိုတယ်။ အားလုံးက သိနေတာဖြစ်ဖို့လိုတယ်။ စီးပွားရေးနဲ့လည်း မဆိုင်ဘူး။ စီးပွားရေးနဲ့ အသက်မွေးဝမ်းကြောင်း မလုပ်ဘဲနေတဲ့ ပညာရှင်တွေ တိုင်းပြည်မှာ အများကြီးပဲ ရှိ ပါတယ်။ ” ဟု ဒေါက်တာဇော် ဦးက ဆက်လက်တိုက်တွန်း ပြောကြား သည်။ 
ယခင်က သမ္မတထံသို့ တိုက်ရိုက်အကြံပေးအဖြစ်ဆောင်ရွက်ရန် ပညာရှင် ၁၅ ယောက် ဝန်းကျင်ကို ခန့်အပ်ထားခဲ့ကြောင်း သိရ သည်။ 
အမေရိကန်နိုင်ငံကဲ့သို့ နိုင်ငံကြီးတွင်ပင် သက်ဆိုင်ရာကဏ္ဍ အလိုက် ကျွမ်းကျင်ပညာရှင်များကို အကြံပေးများအဖြစ် ခန့်အပ် ထားသည့်အတွက် ကျွမ်းကျင်ပညာရှင်များကို အကြံပေးများအဖြစ် ပြန်လည်ခန့်အပ်သင့်ကြောင်း ၎င်းက ဆိုသည်။ 

- သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။