Skip to main content
အိမ္ရာလိုအပ္ခ်က္ ျဖည့္ဆည္းေပးႏိုင္ရန္ ၁၅ ႏွစ္ ႏွင့္အထက္ ရင္းႏွီးျမွဳပ္ႏွံသူ လိုအပ္ဟု ဝန္ႀကီးခ်ဳပ္ေျပာ
Ads Block

အိမ္ရာလိုအပ္ခ်က္ ျဖည့္ဆည္းေပးႏိုင္ရန္ ၁၅ ႏွစ္ ႏွင့္အထက္ ရင္းႏွီးျမွဳပ္ႏွံသူ လိုအပ္ဟု ဝန္ႀကီးခ်ဳပ္ေျပာ

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ အိမ္ရာလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ရန္အတြက္ ၁၅ ႏွစ္ႏွင့္ အထက္ ရင္းႏွီးျမွဳပ္ႏွံသူ လိုအပ္ေၾကာင္း ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာသည္။
ဧၿပီလ ၆ ရက္ နံနက္ပိုင္းက ရန္ကုန္ၿမိဳ႕ ေရႊတိဂံုဘုရားလမ္းရွိ Pan Pacific ဟိုတယ္တြင္ က်င္းပျပဳလုပ္သည့္ ရန္ကုန္တိုင္းေဒ သႀကီး စုေပါင္းအေဆာက္အအံုဆိုင္ရာ စီမံခန္႔ခြဲေရးေကာ္မတီ တည္ေထာင္သူလုပ္ငန္းလိုင္စင္ ေပးအပ္ပြဲအခမ္းအနားတြင္ ၄င္း က အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
“တိုင္းေဒသႀကီးအစိုးရအဖြဲ႔အေနနဲ႔ ကြန္ဒို၊ တန္ဖိုးသင့္၊ တန္ဖိုးနည္းအိမ္ရာ တည္ေဆာက္ဖို႔အတြက္ ေျမထည့္ဝင္ေပးႏိုင္တယ္။ ဒီေျမေပၚမွာမွ တည္ေဆာက္ဖို႔အတြက္ ျပည္တြင္းလုပ္ငန္းရွင္ေတြနဲ႔ ပူးေပါင္းၿပီး ေဆာင္ရြက္မယ့္ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏံွသူ ေတြလို အပ္တယ္။ ျပည္သူေတြကို သင့္တင့္တဲ့ ေစ်းႏႈန္းနဲ႔ ေရာင္းခ်ႏိုင္ဖို႔အတြက္ ေရရွည္ရင္းႏွီးျမွဳပ္သူက လိုအပ္တယ္။ ၁၅ ႏွစ္နဲ႔အ ထက္မွ အဆင္ေျပႏိုင္မယ္” ဟု ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာသည္။
လူဦးေရ အမ်ားဆံုးေနထိုင္သည့္ ရန္ကုန္တြင္ အိမ္ရာလိုအပ္ခ်က္မွာ ၁ ဒႆမ ၂ သန္းအထိ လိုအပ္လာမည္ျဖစ္ၿပီး အေျခခံျပည္ သူမ်ား၏ ရရွိသည့္ ဝင္ေငြႏွင့္ တန္ဖိုးနည္းအိမ္ရာကို ဝယ္ယူႏိုင္သည့္ အခက္ခဲမ်ားရွိသည့္အတြက္ အဆင္ေျပေစရန္ ရည္ရြယ္၍ ႏွစ္ ၃၀ အထိ အိမ္ရာဝယ္ယူႏိုင္မည့္ အခြင့္အေရးကို အစိုးရအေနျဖင့္ ေဖာ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

- စုသက္ႏွင္း(အကုန္သိသတင္းဌာန)

Unicode version

အိမ်ရာလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် ၁၅ နှစ် နှင့်အထက် ရင်းနှီးမြှုပ်နှံသူ လိုအပ်ဟု ဝန်ကြီးချုပ်ပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ၁၅ နှစ်နှင့် အထက် ရင်းနှီးမြှုပ်နှံသူ လိုအပ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ဧပြီလ ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ Pan Pacific ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေ သကြီး စုပေါင်းအဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ တည်ထောင်သူလုပ်ငန်းလိုင်စင် ပေးအပ်ပွဲအခမ်းအနားတွင် ၎င်း က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ကွန်ဒို၊ တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ဖို့အတွက် မြေထည့်ဝင်ပေးနိုင်တယ်။ ဒီမြေပေါ်မှာမှ တည်ဆောက်ဖို့အတွက် ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်မယ့် နိုင်ငံခြားရင်းနှီးမြှုပ်နံှသူ တွေလို အပ်တယ်။ ပြည်သူတွေကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းချနိုင်ဖို့အတွက် ရေရှည်ရင်းနှီးမြှုပ်သူက လိုအပ်တယ်။ ၁၅ နှစ်နဲ့အ ထက်မှ အဆင်ပြေနိုင်မယ်”ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
လူဦးရေ အများဆုံးနေထိုင်သည့် ရန်ကုန်တွင် အိမ်ရာလိုအပ်ချက်မှာ ၁ ဒဿမ ၂ သန်းအထိ လိုအပ်လာမည်ဖြစ်ပြီး အခြေခံပြည် သူများ၏ ရရှိသည့် ဝင်ငွေနှင့် တန်ဖိုးနည်းအိမ်ရာကို ဝယ်ယူနိုင်သည့် အခက်ခဲများရှိသည့်အတွက် အဆင်ပြေစေရန် ရည်ရွယ်၍ နှစ် ၃၀ အထိ အိမ်ရာဝယ်ယူနိုင်မည့် အခွင့်အရေးကို အစိုးရအနေဖြင့် ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

- စုသက်နှင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။