Skip to main content
အိမ္ျခံေျမေစ်းကြက္ယႏၱရား အခ်ိန္မတန္မီရပ္တန္႔ခံလုိက္ရသျဖင့္ တိုင္းျပည္စီးပြားေရးအေပၚရိုက္ခတ္ဟု ဆို 
Ads Block

အိမ္ျခံေျမေစ်းကြက္ယႏၱရား အခ်ိန္မတန္မီရပ္တန္႔ခံလုိက္ရသျဖင့္ တိုင္းျပည္စီးပြားေရးအေပၚရိုက္ခတ္ဟု ဆို 

အိမ္ျခံေျမေစ်းကြက္၏ စီးပြားေရးယႏၱရားသည္အခ်ိန္မတန္ဘဲလည္ပတ္မႈရပ္တန္႔ခံလိုက္ရသည့္အတြက္ လက္ရွိအခ်ိန္အထိ တိုင္းျပည္စီးပြားေရးအေပၚရိုက္ခတ္ေနေၾကာင္း စီးပြားေရးပညာရွင္တစ္ဦးျဖစ္သူ ေဒါက္တာေဇာ္ဦးက သံုးသပ္ေျပာၾကားသည္။
ျမန္မာႏုိင္ငံ၏ စီးပြားေရးအမ်ားစုမွာ အိမ္ျခံေျမေစ်းကြက္အေပၚမီွခိုေနရသည့္အေပၚ ယခုကဲ့သို႔ေျပာျခင္း ျဖစ္သည္။ 
“အိမ္ျခံေျမေစ်းကိုက်ေအာင္ေတာ့လုပ္တာေတာ့ မဟုတ္ဘူး။ ေစတနာနဲ႔လုပ္တာပဲ။ ဒါေပမဲ့ ခုတ္တာတျခား၊ ခ်တာတစ္ျခားျဖစ္တယ္။အဲဒါေတြရဲ႕ ျပႆနာက အခ်ိန္မတန္ဘဲလုပ္ရမယ့္နည္းလမ္းနဲ႔ မလုပ္ဘဲနဲ႔ မလုပ္ရမယ့္ နည္းလမ္းနဲ႔လုပ္ခဲ့လို႔ အားလံုးဖရိုဖရဲျဖစ္ခဲ့ရတယ္။ အဲဒါေလးသာေကာင္းခဲ့မယ္ဆိုရင္ ကၽြန္ေတာ့ စိတ္အထင္ စီးပြားေရးဟာ အခုေလာက္အထိမျဖစ္ဘူးလို႔ ထင္ေနတုန္းပဲ။ ဘာေၾကာင့္လဲဆိုရင္ အဲဒီအခ်ိန္မွာက ႏုိင္ငံမွာ ရခိုင္ကိစၥမျဖစ္ေသးဘူး။ လာမယ့္ရင္းႏွီးျမွဳပ္ႏွံမယ့္သူေတြကလည္းအမ်ားႀကီးရွိေသးတယ္။ အဲဒါျဖစ္သြားတဲ့အခ်ိန္ေၾကာင့္ တန္႔သြားတဲ့အခ်ိန္မွာရခိုင္ကဝင္ခ်လိုက္ေတာ့ ကံမေကာင္းဘူးေပါ့။ Risk Management က ဘယ္လိုစီမံခန႔္ခြဲလဲဆိုတာအေရးႀကီးတယ္။ အကုန္ရပ္သြားတယ္” ဟု စီးပြားေရးပညာရွင္ ေဒါက္တာေဇာ္ဦးက ေျပာသည္။
အိမ္ျခံေျမေစ်းကြက္တည္ၿငိမ္ကာေစ်းႏႈန္းမ်ားက်ဆင္းရန္ အိမ္ျခံေျမမ်ားအေရာင္းအဝယ္ျပဳလုပ္ရာတြင္ အခြန္ႏႈန္းမ်ားတုိးျမင့္ေကာက္ခံျခင္း၊ တရားဝင္လုပ္ငန္းမ်ားကို တရားဝင္ျဖစ္ေစရန္ လုပ္ေဆာင္ေပးျခင္း၊ အိုးအိမ္ဦးစီးဌာနမွ သက္ဆိုင္ေသာ Certificate (လက္မွတ္)မ်ား ျမန္ဆန္စြာ၊ မွန္ကန္စြာထုတ္ေပးျခင္းတုိ႔ျဖင့္ ေဆာင္ရြက္သင့္ေၾကာင္း ၄င္းက ဆက္ေျပာသည္။ 
ထို႔အျပင္ ျပည္တြင္းဘဏ္မ်ားအေနျဖင့္လည္းအိမ္ျခံေျမေစ်းကြက္အတြင္း ေခ်းေငြမ်ားစီးဝင္ေနသည့္အတြက္ အိမ္ျခံေျမေစ်းကြက္ရပ္တန႔္သြားသည္ႏွင့္အညီဘဏ္မ်ားသည္လည္းေငြေၾကး အၾကပ္အတည္းမ်ား ရင္ဆိုင္ရေစေၾကာင္း သိရသည္။  
၂၀၁၆ ခုႏွစ္၀န္းက်င္တြင္မူ ျပည္တြင္းအိမ္ျခံေျမေစ်းကြက္အတြင္း အိမ္ျခံေျမေစ်းႏႈန္းမ်ားေကာင္းမြန္ကာ အျမင့္ဘက္သို႔ ဦးတည္ခဲ့သည္။ 

 - သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode version

အိမ်ခြံမြေဈေးကွက်ယန္တရား အချိန်မတန်မီရပ်တန့်ခံလိုက်ရသဖြင့် တိုင်းပြည်စီးပွားရေးအပေါ်ရိုက်ခတ်ဟု ဆို 

အိမ်ခြံမြေဈေးကွက်၏ စီးပွားရေးယန္တရားသည်အချိန်မတန်ဘဲလည်ပတ်မှုရပ်တန့်ခံလိုက်ရသည့်အတွက် လက်ရှိအချိန်အထိ တိုင်းပြည်စီးပွားရေးအပေါ်ရိုက်ခတ်နေကြောင်း စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာဇော်ဦးက သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးအများစုမှာ အိမ်ခြံမြေဈေးကွက်အပေါ်မှီခိုနေရသည့်အပေါ် ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။ 
“အိမ်ခြံမြေဈေးကိုကျအောင်တော့လုပ်တာတော့ မဟုတ်ဘူး။ စေတနာနဲ့လုပ်တာပဲ။ ဒါပေမဲ့ ခုတ်တာတခြား၊ ချတာတစ်ခြားဖြစ်တယ်။အဲဒါတွေရဲ့ ပြဿနာက အချိန်မတန်ဘဲလုပ်ရမယ့်နည်းလမ်းနဲ့ မလုပ်ဘဲနဲ့ မလုပ်ရမယ့် နည်းလမ်းနဲ့လုပ်ခဲ့လို့ အားလုံးဖရိုဖရဲဖြစ်ခဲ့ရတယ်။ အဲဒါလေးသာကောင်းခဲ့မယ်ဆိုရင် ကျွန်တော့ စိတ်အထင် စီးပွားရေးဟာ အခုလောက်အထိမဖြစ်ဘူးလို့ ထင်နေတုန်းပဲ။ ဘာကြောင့်လဲဆိုရင် အဲဒီအချိန်မှာက နိုင်ငံမှာ ရခိုင်ကိစ္စမဖြစ်သေးဘူး။ လာမယ့်ရင်းနှီးမြှုပ်နှံမယ့်သူတွေကလည်းအများကြီးရှိသေးတယ်။ အဲဒါဖြစ်သွားတဲ့အချိန်ကြောင့် တန့်သွားတဲ့အချိန်မှာရခိုင်ကဝင်ချလိုက်တော့ ကံမကောင်းဘူးပေါ့။ Risk Management က ဘယ်လိုစီမံခန့်ခွဲလဲဆိုတာအရေးကြီးတယ်။ အကုန်ရပ်သွားတယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက ပြောသည်။
အိမ်ခြံမြေဈေးကွက်တည်ငြိမ်ကာဈေးနှုန်းများကျဆင်းရန် အိမ်ခြံမြေများအရောင်းအဝယ်ပြုလုပ်ရာတွင် အခွန်နှုန်းများတိုးမြင့်ကောက်ခံခြင်း၊ တရားဝင်လုပ်ငန်းများကို တရားဝင်ဖြစ်စေရန် လုပ်ဆောင်ပေးခြင်း၊ အိုးအိမ်ဦးစီးဌာနမှ သက်ဆိုင်သော Certificate (လက်မှတ်)များ မြန်ဆန်စွာ၊ မှန်ကန်စွာထုတ်ပေးခြင်းတို့ဖြင့် ဆောင်ရွက်သင့်ကြောင်း ၎င်းက ဆက်ပြောသည်။ 
ထို့အပြင် ပြည်တွင်းဘဏ်များအနေဖြင့်လည်းအိမ်ခြံမြေဈေးကွက်အတွင်း ချေးငွေများစီးဝင်နေသည့်အတွက် အိမ်ခြံမြေဈေးကွက်ရပ်တန့်သွားသည်နှင့်အညီဘဏ်များသည်လည်းငွေကြေး အကြပ်အတည်းများ ရင်ဆိုင်ရစေကြောင်း သိရသည်။  
၂၀၁၆ ခုနှစ်ဝန်းကျင်တွင်မူ ပြည်တွင်းအိမ်ခြံမြေဈေးကွက်အတွင်း အိမ်ခြံမြေဈေးနှုန်းများကောင်းမွန်ကာ အမြင့်ဘက်သို့ ဦးတည်ခဲ့သည်။ 

 - သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။