Skip to main content
ျမန္မာ့ေထာပတ္သီးအတြက္ GAP လက္မွတ္ရရိွရန္ ဧၿပီလအတြင္းတင္ျပမည္
Ads Block

ျမန္မာ့ေထာပတ္သီးအတြက္ GAP လက္မွတ္ရရိွရန္ ဧၿပီလအတြင္းတင္ျပမည္

ေထာပတ္သီးမ်ားကို GAP (ေကာင္းမြန္ေသာစိုက္ပ်ိဳးမႈက်င့္စဥ္) နည္းစနစ္ျဖင့္ စုိက္ပ်ိဳးေၾကာင္း လက္မွတ္ရရွိရန္ ယခု ၂၀၁၉ ခုႏွစ္၊ ဧၿပီလအတြင္းစိုက္ပ်ိဳးေရးဦးစီးဌာနသို႔ တင္ျပသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေထာပတ္သီး စိုက္ပိ်ဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွအတြင္းေရးမွဴး ဦးလင္းသန္႔က ေျပာသည္။ 
GAP (Good Agriculture Practices) လက္မွတ္ရရွိရန္ ရွမ္းျပည္နယ္၊ ဟိုပုန္းၿမိဳ႕တစ္ဝိုက္ရွိ ေထာပတ္သီး စိုက္ပ်ိဳးသည့္ ျခံမ်ားကိုစာရင္းေကာက္ခံ၍ စိုက္ပ်ိဳးေရးဦးစီးဌာနသို႔ တင္ျပမည္ျဖစ္ကာလက္ရွိတြင္ စုစုေပါင္းေျမဧက ၈၀၀ မွ ၁၀၀၀ ဝန္းက်င္ရွိသည့္ ေထာပတ္သီးျခံေပါင္း ၂၀ ခန္႔မွ စာရင္း လာေပးထားေၾကာင္း သိရသည္။  
“နယ္စပ္ကတင္ပို႔ေတာ့ သူခိုးေစ်းပဲရတယ္။ တရားဝင္သာတင္ပို႔ႏိုင္မယ္ဆိုရင္ ေစ်းေကာင္းရမယ္။ တရားဝင္ တင္ပို႔ႏိုင္ဖို႔ သူတို႔ႏိုင္ငံမွာမွတ္ပံုတင္ႏုိင္ဖို႔ GAP လက္မွတ္ရေအာင္ အရင္လုပ္ထားတာျဖစ္တယ္။ GAP စနစ္နဲ႔ စိုက္ပ်ိဳးေနပါတယ္။ အရည္အေသြးျပည့္ဝတဲ့ အသီးေတြျဖစ္တယ္ဆိုတာ ျပႏိုင္ဖို႔ေပ့ါ။ အခုစာရင္း လာေပးတာေတာ့ ျခံ ၂၀ ေလာက္ရွိၿပီ။ စာရင္းမပိတ္ေသးေတာ့ ဘယ္ေလာက္ရမလဲေတာ့ မသိေသးဘူး။ သၾကၤန္လြန္ရင္ စိုက္ပ်ိဳးေရးဦးစီးဌာနကိုတင္ျပသြားမယ္” ဟု ျမန္မာႏိုင္ငံေထာပတ္သီး စိုက္ပိ်ဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွအတြင္းေရးမွဴး ဦးလင္းသန္႔က ေျပာသည္။ 
ျမန္မာႏိုင္ငံမွ ေထာပတ္သီးမ်ားကို တရုတ္ႏိုင္ငံႏွင့္ ထုိင္းႏိုင္ငံသို႔တင္ပို႔ရာတြင္ ျမန္မာႏိုင္ငံမွ တရားဝင္ ခြင့္ျပဳထားေသာ္လည္း ယင္းႏိုင္ငံမ်ားမွ တရားဝင္ခြင့္ျပဳထားျခင္းမရွိေသာေၾကာင့္ နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းမွတင္ပို႔ရသျဖင့္ ေစ်းႏႈန္းထိုက္သင့္သေလာက္မရရွိေၾကာင္း သိရသည္။ 
သို႔ျဖစ္ရာ ျပည္ပသို႔ တရားဝင္တင္ပို႔ႏိုင္ေရးအတြက္ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရးဝန္ႀကီးဌာမွ အစုိးရအခ်င္းခ်င္းညွိႏႈိင္းမႈျဖင့္ ေဆာင္ရြက္ေနသကဲ့သုိ႔ စိုက္ပ်ိဳးေရးဦးစီးဌာနမွလည္း GAP လက္မွတ္မ်ား ထုတ္ေပးေနေၾကာင္း သိရသည္။ 
GAP နည္းစနစ္ဆိုသည္မွာသီးႏွံမ်ားမစိုက္ပ်ိဳးခင္ ေျမ၊ မ်ိဳးေစ့၊ သံုးစြဲသည့္ေရ၊ ေျမၾသဇာစသည္တို႔ကို ျပင္ဆင္ခ်ိန္မွစ၍ ေစ်းကြက္သို႔ တင္ပို႔သည့္တစ္ေလ်ာက္ စိုက္ပ်ိဳးရိတ္သိမ္း၊  ျပင္ဆင္ထုတ္ပိုး၊ သိုေလွာင္မႈ လုပ္ငန္းစဥ္အဆင့္ဆင့္ေဆာင္ရြက္ရာတြင္္စားသံုးသူမ်ားအားေဘးအႏၱရာယ္ျဖစ္ေစႏုိင္ေသာ ဓာတ္ၾကြင္း၊ ဓာတ္က်န္ပစၥည္းမ်ားမပါဝင္ရန္၊ သီးႏွံစိုက္ပ်ိဳးထုတ္လုပ္မႈေၾကာင့္ ပတ္ဝန္းက်င္သယံဇာတမ်ား ထိခုိက္ပ်က္စီးမႈ မရွိေစရန္ ထိန္းသိမ္းသည့္ အေလ့က်င့္ေကာင္းမ်ားကိုလိုက္နာသည့္စနစ္ျဖစ္ေၾကာင္း သိရသည္။

 - သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode version

မြန်မာ့ထောပတ်သီးအတွက် GAP လက်မှတ်ရရှိရန် ဧပြီလအတွင်းတင်ပြမည်

ထောပတ်သီးများကို GAP (ကောင်းမွန်သောစိုက်ပျိုးမှုကျင့်စဉ်) နည်းစနစ်ဖြင့် စိုက်ပျိုးကြောင်း လက်မှတ်ရရှိရန် ယခု ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းစိုက်ပျိုးရေးဦးစီးဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှအတွင်းရေးမှူး ဦးလင်းသန့်က ပြောသည်။ 
GAP (Good Agriculture Practices) လက်မှတ်ရရှိရန် ရှမ်းပြည်နယ်၊ ဟိုပုန်းမြို့တစ်ဝိုက်ရှိ ထောပတ်သီး စိုက်ပျိုးသည့် ခြံများကိုစာရင်းကောက်ခံ၍ စိုက်ပျိုးရေးဦးစီးဌာနသို့ တင်ပြမည်ဖြစ်ကာလက်ရှိတွင် စုစုပေါင်းမြေဧက ၈၀၀ မှ ၁၀၀၀ ဝန်းကျင်ရှိသည့် ထောပတ်သီးခြံပေါင်း ၂၀ ခန့်မှ စာရင်း လာပေးထားကြောင်း သိရသည်။  
“နယ်စပ်ကတင်ပို့တော့ သူခိုးဈေးပဲရတယ်။ တရားဝင်သာတင်ပို့နိုင်မယ်ဆိုရင် ဈေးကောင်းရမယ်။ တရားဝင် တင်ပို့နိုင်ဖို့ သူတို့နိုင်ငံမှာမှတ်ပုံတင်နိုင်ဖို့ GAP လက်မှတ်ရအောင် အရင်လုပ်ထားတာဖြစ်တယ်။ GAP စနစ်နဲ့ စိုက်ပျိုးနေပါတယ်။ အရည်အသွေးပြည့်ဝတဲ့ အသီးတွေဖြစ်တယ်ဆိုတာ ပြနိုင်ဖို့ပေ့ါ။ အခုစာရင်း လာပေးတာတော့ ခြံ ၂၀ လောက်ရှိပြီ။ စာရင်းမပိတ်သေးတော့ ဘယ်လောက်ရမလဲတော့ မသိသေးဘူး။ သြင်္ကန်လွန်ရင် စိုက်ပျိုးရေးဦးစီးဌာနကိုတင်ပြသွားမယ်” ဟု မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှအတွင်းရေးမှူး ဦးလင်းသန့်က ပြောသည်။ 
မြန်မာနိုင်ငံမှ ထောပတ်သီးများကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့တင်ပို့ရာတွင် မြန်မာနိုင်ငံမှ တရားဝင် ခွင့်ပြုထားသော်လည်း ယင်းနိုင်ငံများမှ တရားဝင်ခွင့်ပြုထားခြင်းမရှိသောကြောင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတင်ပို့ရသဖြင့် ဈေးနှုန်းထိုက်သင့်သလောက်မရရှိကြောင်း သိရသည်။ 
သို့ဖြစ်ရာ ပြည်ပသို့ တရားဝင်တင်ပို့နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ အစိုးရအချင်းချင်းညှိနှိုင်းမှုဖြင့် ဆောင်ရွက်နေသကဲ့သို့ စိုက်ပျိုးရေးဦးစီးဌာနမှလည်း GAP လက်မှတ်များ ထုတ်ပေးနေကြောင်း သိရသည်။ 
GAP နည်းစနစ်ဆိုသည်မှာသီးနှံများမစိုက်ပျိုးခင် မြေ၊ မျိုးစေ့၊ သုံးစွဲသည့်ရေ၊ မြေသြဇာစသည်တို့ကို ပြင်ဆင်ချိန်မှစ၍ ဈေးကွက်သို့ တင်ပို့သည့်တစ်လျောက် စိုက်ပျိုးရိတ်သိမ်း၊  ပြင်ဆင်ထုတ်ပိုး၊ သိုလှောင်မှု လုပ်ငန်းစဉ်အဆင့်ဆင့်ဆောင်ရွက်ရာတွင်စားသုံးသူများအားဘေးအန္တရာယ်ဖြစ်စေနိုင်သော ဓာတ်ကြွင်း၊ ဓာတ်ကျန်ပစ္စည်းများမပါဝင်ရန်၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကြောင့် ပတ်ဝန်းကျင်သယံဇာတများ ထိခိုက်ပျက်စီးမှု မရှိစေရန် ထိန်းသိမ်းသည့် အလေ့ကျင့်ကောင်းများကိုလိုက်နာသည့်စနစ်ဖြစ်ကြောင်း သိရသည်။

 - သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။