Skip to main content
Ads Block
မြန်မာ့ပင်လယ်ပြင် မိုင် ၂၀၀ ကျော်တွင် ပြည်တွင်းလုပ်ငန်းရှင်များပိုင်သည့် ငါးဖမ်းသဘောင်္များကို ကမ်းဝေးငါးဖမ်းလုပ်ငန်းဆောင်ရွက်ခွင့်ပြုရန် အရွယ်အစားသတ်မှတ်ချက် ယခုဧပြီလအတွင်း ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ကော့သောင်းခရိုင်ရှိငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်က ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး မတ်လ ၂၂ ရက်က ရန်ကုန်မြို့၌ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ တနသာင်္ရီတိုင်းများရှိ ပြည်နယ်နှင့် တိုင်းအလိုက် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ ကမ်းနီးကမ်းဝေးလုပ်ငန်းရှင်များ၊ လှေပိုင်ရှင်များပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။ 
ယင်းဆွေးနွေးပွဲအရ တိုင်းရင်းသားလုပ်ငန်းရှင်များ၏ ငါးဖမ်းသဘောင်္များမှာ ရာသီဥတုဒဏ်ခံနိုင်ရန်နှင့် ပင်လယ်လှိုင်းဒဏ်ခံနိုင်ရန် သံကွန်ပါရှိရန်နှင့် GRT (လှေအရွယ်အစား) မှာတန်ချိန် ၂၀၀ နှင့် ၂၅၀ အထက် အနည်းဆုံးရှိရန် အဆိုပြုထားကြောင်း၊ သို့သော် မြန်မာနိုင်ငံရှိငါးဖမ်းသဘောင်္များမှာအဆိုပါကဲ့သို့ တန်ချိန် ၂၀၀၊ ၃၀၀ အရွယ်မှာမရှိသလောက်နည်းပါးကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ 
Unicode version
ပြည်တွင်းလုပ်ငန်းရှင်ပိုင်ငါးဖမ်းသင်္ဘောများကို ကမ်းဝေးငါးဖမ်းခွင့်ပြုရေးသတ်မှတ်ချက် ယခုလအတွင်း ထုတ်ပြန်နိုင်မည် 
မြန်မာ့ပင်လယ်ပြင် မိုင် ၂၀၀ ကျော်တွင် ပြည်တွင်းလုပ်ငန်းရှင်များပိုင်သည့် ငါးဖမ်းသဘောၤများကို ကမ်းဝေးငါးဖမ်းလုပ်ငန်းဆောင်ရွက်ခွင့်ပြုရန် အရွယ်အစားသတ်မှတ်ချက် ယခုဧပြီလအတွင်း ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ကော့သောင်းခရိုင်ရှိငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်က ပြောသည်။
မြန်မာ့ပင်လယ်ပြင် မိုင် ၂၀၀ ကျော်တွင် ကမ်းဝေးငါးဖမ်းလုပ်ငန်းဆောင်ရွက်ရန် မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်များမှ တောင်းဆိုမှုကြောင့် ခွင့်ပြုမည့်ငါးဖမ်းလှေအရွယ်အစားနှင့်ပတ်သက်ပြီး မကြာမီ ထုတ်ပြန်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။  
“ မြန်မာတိုင်းရင်းသားလုပ်ငန်းရှင်တွေကအခုသူတို့ဖမ်းမယ်။ ခွင့်ပြုမယ့်အရွယ်အစားပမာဏကို ဘယ်လောက် သတ်မှတ်မလဲဆိုတဲ့အတွက် ညှိနှိုင်းတဲ့အဆင့်ပဲရှိသေးတာ။ ဘယ်လောက်သတ်မှတ်ပါတယ်ဆိုတာ ညွှန်ကြားချက်တွေမထုတ်သေးဘူး။ ဒါပေမယ့် မကြာတော့ပါဘူး။ ထုတ်လိမ့်မယ်။ ဒီလထဲမှာထွက်မယ် ထင်တာပဲ။ သြင်္ကန်အပြီးလောက်ဆိုထွက်လိမ့်မယ်ထင်တယ်” ဟု ကော့သောင်းခရိုင်ရှိ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးသန့်စင်က အကုန်သိသတင်းဌာနသို့ပြောသည်။
မြန်မာ့ပင်လယ်ပြင် မိုင် ၂၀၀ ကျော်တွင် ကမ်းဝေးငါးဖမ်းလုပ်ငန်းဆောင်ရွက်ရန် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ စသည့် နိုင်ငံခြားငါးဖမ်းလှေများကို ၂၀၁၀ ခုနှစ်မတိုင်ခင်အထိခွင့်ပြုခဲ့သော်လည်း ယင်းနောက်ပိုင်း၌ ခွင့်ပြုခဲ့ခြင်းမရှိတော့သည့်အပြင် မြန်မာ့တိုင်းရင်းသားငါးဖမ်းလှေများကိုလည်း ခွင့်ပြုခဲ့ခြင်းမရှိသေးကြောင်း သိရသည်။ 
“တန် ၃၀၀ သဘောၤဖြစ်ရမယ်။ အအေးခန်းပါရမယ်ဆိုရင် တန် ၂၀၀ သဘောၤဆောက်တာကို မြန်မာနိုင်ငံက လှေရှင်တော်တော်များများ လျှာထွက်တော့မယ်။ သဘောၤမှာအအေးခန်းပါသွားရင် ၂၄ နာရီစက်နှိုးထားရမယ်။ ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်တယ်ဆိုတာ ဒီဇယ်ဆီသုံးရတယ်။ နိုင်ငံခြားကနေဝယ်ပြီးလုပ်ရတာ။ နဂိုကတည်းက ဒီဇယ်ဆီဈေးကြီးလို့ ဆွဲလို့၊ ပြုလို့ မကိုက်ဘူးအော်နေရတာ” ဟု မြန်မာနိုင်ငံပင်လယ် ငါးဖမ်းလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးကျော်နိုင်က ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး မတ်လ ၂၂ ရက်က ရန်ကုန်မြို့၌ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ တနသာၤရီတိုင်းများရှိ ပြည်နယ်နှင့် တိုင်းအလိုက် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ ကမ်းနီးကမ်းဝေးလုပ်ငန်းရှင်များ၊ လှေပိုင်ရှင်များပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။ 
ယင်းဆွေးနွေးပွဲအရ တိုင်းရင်းသားလုပ်ငန်းရှင်များ၏ ငါးဖမ်းသဘောၤများမှာ ရာသီဥတုဒဏ်ခံနိုင်ရန်နှင့် ပင်လယ်လှိုင်းဒဏ်ခံနိုင်ရန် သံကွန်ပါရှိရန်နှင့် GRT (လှေအရွယ်အစား) မှာတန်ချိန် ၂၀၀ နှင့် ၂၅၀ အထက် အနည်းဆုံးရှိရန် အဆိုပြုထားကြောင်း၊ သို့သော် မြန်မာနိုင်ငံရှိငါးဖမ်းသဘောၤများမှာအဆိုပါကဲ့သို့ တန်ချိန် ၂၀၀၊ ၃၀၀ အရွယ်မှာမရှိသလောက်နည်းပါးကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ 
 - သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။