Skip to main content
တီဘီလူနာသစ္မ်ား၏ ၅ ရာခုိင္နႈန္းတြင္ ေဆးယဥ္ပါး တီဘီေရာဂါမ်ား ျဖစ္ပြားလ်က္ရွိေန
Ads Block

တီဘီလူနာသစ္မ်ား၏ ၅ ရာခုိင္နႈန္းတြင္ ေဆးယဥ္ပါး တီဘီေရာဂါမ်ား ျဖစ္ပြားလ်က္ရွိေန

ျမန္မာႏုိင္ငံတြင္ တီဘီ လူနာသစ္မ်ား၏ ၅ ရာခုိင္ႏႈန္းတြင္ ေဆးယဥ္ပါး တီဘီေရာဂါမ်ားျဖစ္ပြားလ်က္ရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစား ၀န္ႀကီးဌာနမွ သိရသည္။
အဆုိပါ ေဆးယဥ္ပါး တီဘီေရာဂါရွိ လူနာသစ္မ်ား မ်ားျပားလာျခင္းႏွင့္ ပတ္သက္၍ ဧၿပီ ၃ ရက္ အကုန္သိသတင္းဌာနသုိ႔ အေထြေထြ ေရာဂါကု သမားေတာ္ႀကီး ေဒါက္တာမုိးေအာင္ေက်ာ္ႏုိင္က ေျပာသည္။
“အဓိက ေဆးမွန္မွန္မေသာက္တဲ့ ကိစၥေတြ မ်ားျပားလာလုိ႔ ဒီလုိကူးစက္ေတြ ရွိလာတာေပါ့။ တစ္ေယာက္ကူးတဲ့ ဆီကေန ေနာက္တစ္ေယာက္က သူ႔ဆီက ပုိးေတြမွန္သမွ် ရသြားတာေပါ့။ အမွန္က ေဆးယဥ္ပါး တီဘီလူနာက သပ္သပ္ေနသင့္တယ္။ သူ႔အတြက္က ျပႆနာမရွိေပမဲ့ လူနာေဘးပတ္၀န္းက်င္က သူေတြက ကူးလုိက္တာနဲ႔ သူ႔ဆီက ေဆးယဥ္ပါး တီဘီပုိးကုိ တစ္ခါ တည္းတန္းရသြားတာေပါ့။ သူနဲ႔ တစ္အိမ္တည္းေနတဲ့သူေတြ က်န္းမာေရးျပဳစုေစာင့္ေရွာက္သူေတြ ဒါေတြက ဂရုတစ္စုိက္ ၾကပ္ မတ္ သတိထားဖုိ႔လုိတယ္” ဟု ေဒါက္တာမုိးေအာင္ေက်ာ္ႏုိင္ကေျပာသည္။
ကမၻာ႔တီဘီ ေရာဂါ အစီရင္ခံစာခန္႔မွန္းခ်က္အရ  ျမန္မာႏုိင္ငံတြင္ ၂၀၁၇ ခုႏွစ္အတြင္း လူတစ္သိန္းတြင္ တီဘီေရာဂါ ျဖစ္ပြားသူ ၃၅၈ ဦးရွိေၾကာင္း သိရသည္။

တီဘီလူနာသစ္မ်ား၏ ၅ ရာခုိင္နႈန္းတြင္ ေဆးယဥ္ပါး တီဘီေရာဂါမ်ား ျဖစ္ပြားလ်က္ရွိေန

၂၀၁၈ ခုႏွစ္တြင္ စုစုေပါင္း တီဘီလူနာ တစ္သိန္းေလးေသာင္းအား ေရာဂါရွာေဖြေတြ႔ရွိ၍ အခမဲ့ေဆး၀ါးကုသေပးႏုိင္ခဲ့သည္။
တီဘီေရာဂါ လကၡဏာမ်ားမွာ ႏွစ္ပတ္ထက္ေက်ာ္၍ ေခ်ာင္းအဆက္မျပတ္ဆုိးျခင္း၊ ကုိယ္အေလးခ်ိန္ က်ဆင္းလာျခင္း၊ ေခ်ာင္း ဆုိးလွ်င္ ေသြးပါျခင္း၊ ကုိယ္လက္မ်ားႏႈံးကာ အစားနည္းပါးျခင္း၊ ညေနပုိင္းတြင္ အဖ်ားတက္လာျခင္း စသည္တုိ႔ျဖစ္သည္။
တီဘီေရာဂါျဖစ္ပြားျခင္းရွိမရွိ သလိပ္အား စစ္ေဆးျခင္း၊ ရင္ဘတ္အား ဓါတ္မွန္ရုိက္စစ္ေဆးျခင္းတုိ႔ ျပဳလုပ္ႏုိင္ၿပီး တီဘီေရာဂါ ျဖစ္ ပြားပါက DOTS ေပါင္းစပ္ေဆး၀ါးမ်ားအား ေျခာက္လၾကာ အခ်ိန္မွန္မွန္ ေသာက္သုံးပါက ေရာဂါေပ်ာက္ကင္းႏုိင္ေၾကာင္း သိရ သည္။

 - မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

တီဘီလူနာသစ်များ၏ ၅ ရာခိုင်နှုန်းတွင် ဆေးယဉ်ပါး တီဘီရောဂါများ ဖြစ်ပွားလျက်ရှိနေ

မြန်မာနိုင်ငံတွင် တီဘီ လူနာသစ်များ၏ ၅ ရာခိုင်နှုန်းတွင် ဆေးယဉ်ပါး တီဘီရောဂါများဖြစ်ပွားလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ဆေးယဉ်ပါး တီဘီရောဂါရှိ လူနာသစ်များ များပြားလာခြင်းနှင့် ပတ်သက်၍ ဧပြီ ၃ ရက် အကုန်သိသတင်းဌာနသို့ အထွေထွေ ရောဂါကု သမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောသည်။
“အဓိက ဆေးမှန်မှန်မသောက်တဲ့ ကိစ္စတွေ များပြားလာလို့ ဒီလိုကူးစက်တွေ ရှိလာတာပေါ့။ တစ်ယောက်ကူးတဲ့ ဆီကနေ နောက်တစ်ယောက်က သူ့ဆီက ပိုးတွေမှန်သမျှ ရသွားတာပေါ့။ အမှန်က ဆေးယဉ်ပါး တီဘီလူနာက သပ်သပ်နေသင့်တယ်။ သူ့အတွက်က ပြဿနာမရှိပေမဲ့ လူနာဘေးပတ်ဝန်းကျင်က သူတွေက ကူးလိုက်တာနဲ့ သူ့ဆီက ဆေးယဉ်ပါး တီဘီပိုးကို တစ်ခါ တည်းတန်းရသွားတာပေါ့။ သူနဲ့ တစ်အိမ်တည်းနေတဲ့သူတွေ ကျန်းမာရေးပြုစုစောင့်ရှောက်သူတွေ ဒါတွေက ဂရုတစ်စိုက် ကြပ် မတ် သတိထားဖို့လိုတယ်” ဟု ဒေါက်တာမိုးအောင်ကျော်နိုင်ကပြောသည်။
ကမ္ဘာ့တီဘီ ရောဂါ အစီရင်ခံစာခန့်မှန်းချက်အရ  မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း လူတစ်သိန်းတွင် တီဘီရောဂါ ဖြစ်ပွားသူ ၃၅၈ ဦးရှိကြောင်း သိရသည်။
၂၀၁၈ ခုနှစ်တွင် စုစုပေါင်း တီဘီလူနာ တစ်သိန်းလေးသောင်းအား ရောဂါရှာဖွေတွေ့ရှိ၍ အခမဲ့ဆေးဝါးကုသပေးနိုင်ခဲ့သည်။
တီဘီရောဂါ လက္ခဏာများမှာ နှစ်ပတ်ထက်ကျော်၍ ချောင်းအဆက်မပြတ်ဆိုးခြင်း၊ ကိုယ်အလေးချိန် ကျဆင်းလာခြင်း၊ ချောင်း ဆိုးလျှင် သွေးပါခြင်း၊ ကိုယ်လက်များနှုံးကာ အစားနည်းပါးခြင်း၊ ညနေပိုင်းတွင် အဖျားတက်လာခြင်း စသည်တို့ဖြစ်သည်။
တီဘီရောဂါဖြစ်ပွားခြင်းရှိမရှိ သလိပ်အား စစ်ဆေးခြင်း၊ ရင်ဘတ်အား ဓါတ်မှန်ရိုက်စစ်ဆေးခြင်းတို့ ပြုလုပ်နိုင်ပြီး တီဘီရောဂါ ဖြစ် ပွားပါက DOTS ပေါင်းစပ်ဆေးဝါးများအား ခြောက်လကြာ အချိန်မှန်မှန် သောက်သုံးပါက ရောဂါပျောက်ကင်းနိုင်ကြောင်း သိရ သည်။

 - မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။