Skip to main content
ေရသတၱဝါမ်ား မိတ္လိုက္မ်ဳိးပြားခ်ိန္ ဝယ္ယူစုေဆာင္းခြင့္ လိုင္စင္ထုတ္ေပးပါက ထိေရာက္စြာ အေရးယူမည္
Ads Block

ေရသတၱဝါမ်ား မိတ္လိုက္မ်ဳိးပြားခ်ိန္ ဝယ္ယူစုေဆာင္းခြင့္ လိုင္စင္ထုတ္ေပးပါက ထိေရာက္စြာ အေရးယူမည္

ေရသတၱဝါမ်ား၏ မိတ္လိုက္မ်ဳိးပြားရာသီတြင္ ဝယ္ယူစုေဆာင္းျခင္းႏွင့္ လိုင္စင္ထုတ္ေပး ျခင္းေတြ႔ရွိပါက ဥပေဒအရ ထိေရာက္ စြာ အေရးသြားမည္ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ငါးလုပ္ငန္းဦးစီးဌာနမွ ဧၿပီလ ၃ ရက္တြင္ ထုတ္ျပန္လိုက္သည္။ 
တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးရွိ ငါးလုပ္ငန္းဦးစီးဌာနမ်ားအေနျဖင့္ ေရသတၱဝါမ်ား၏ မိတ္လိုက္မ်ိဳးပြား ရာသီကာလ အတြင္း ဝယ္ယူစုေဆာင္းခြင့္ လုိင္စင္မ်ား ထုတ္ေပးျခင္းႏွင့္ လုပ္ငန္းရွင္မ်ားမွ လိုက္နာမႈမရွိဘဲ ဖမ္းဆီးစုေဆာင္း ေရာင္းဝယ္ တင္ပို႔ပါက တည္ဆဲဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူမည္ျဖစ္ေၾကာင္း ယင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ 
ငါးလုပ္ငန္းဦးစီးဌာနသည္ ျမန္မာႏိုင္ငံရွိ ေရသတၱဝါမ်ား မ်ိဳးသုဥ္းျခင္းမွ ကာကြယ္ႏိုင္ရန္၊ မ်ိဳးေကာင္း မ်ိဳးသန္႔မ်ား တုိးပြားလာ ေစရန္ႏွင့္ ငါးသယံဇာတမ်ားကို ေရရွည္ထိန္းသိမ္းႏိုင္ရန္အတြက္ ေရေနသတၱဝါ မိတ္လိုက္မ်ဳိးပြားရာသီမ်ားတြင္ ဝယ္ယူစု ေဆာင္းခြင့္ ပိတ္သည့္ကာလကို သတ္မွတ္၍ အမိန္႔ေၾကာ္ျငာစာမ်ား၊ ညႊန္ၾကားခ်က္မ်ား ထုတ္ျပန္ထားၿပီးေၾကာင္း သိရသည္။ 

ေရသတၱဝါမ်ား မိတ္လိုက္မ်ဳိးပြားခ်ိန္ ဝယ္ယူစုေဆာင္းခြင့္ လိုင္စင္ထုတ္ေပးပါက ထိေရာက္စြာ အေရးယူမည္

ယင္းသို႔ ေရသတၱဝါအလိုက္ ဝယ္ယူစုေဆာင္းခြင့္ ပိတ္သည့္ကာလမွာ ေက်ာက္ပုစြန္၊ ကင္းပုစြန္ႏွင့္ ငါးလင္ပန္းကို  ဇြန္လ ၁ ရက္မွ ၾသဂုတ္လ ၃၁ ရက္အထိ၊ ေက်ာက္ငါးကို ဇူလိုင္လ ၁ ရက္မွ စက္တင္ ဘာလ ၃၀ ရက္အထိ၊ ကကတစ္ (ငါးသားဒိုက္၊ ကသေပါင္း) ငါးကို ဇန္နဝါရီလ ၁ ရက္မွ မတ္လ ၃၁ ရက္အထိ၊ ေရခ်ိဳငါးမ်ားကို ေမလ ၁ ရက္မွ ဇူလိုင္လ ၃၁ ရက္အထိျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေရခ်ိဳပုစြန္ကို ဧၿပီလ ၁ ရက္မွ ဇြန္လ ၃၀ ရက္အထိႏွင့္ ေရငန္ပုစြန္ကို ဇြန္လ ၁ ရက္မွ ၾသဂုတ္လ ၃၁ ရက္အထိ ဝယ္ယူ၊ စုေဆာင္း ျခင္း၊ လိုင္စင္ထုတ္ေပးျခင္း မျပဳရန္ ငါးလုပ္ငန္းဦးစီးဌာနမွ တားျမစ္လိုက္ျခင္းျဖစ္ေၾကာင္း အဆိုပါ ထုတ္ျပန္ခ်က္အရ သိရသည္။

 - သင္းသင္းလိႈင္ (အကုန္သိသတင္းဌာန)

Unicode version

ရေသတ္တဝါများ မိတ်လိုက်မျိုးပွားချိန် ဝယ်ယူစုဆောင်းခွင့် လိုင်စင်ထုတ်ပေးပါက ထိရောက်စွာ အရေးယူမည်

ရေသတ္တဝါများ၏ မိတ်လိုက်မျိုးပွားရာသီတွင် ဝယ်ယူစုဆောင်းခြင်းနှင့် လိုင်စင်ထုတ်ပေး ခြင်းတွေ့ရှိပါက ဥပဒေအရ ထိရောက် စွာ အရေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဧပြီလ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။ 
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ငါးလုပ်ငန်းဦးစီးဌာနများအနေဖြင့် ရေသတ္တဝါများ၏ မိတ်လိုက်မျိုးပွား ရာသီကာလ အတွင်း ဝယ်ယူစုဆောင်းခွင့် လိုင်စင်များ ထုတ်ပေးခြင်းနှင့် လုပ်ငန်းရှင်များမှ လိုက်နာမှုမရှိဘဲ ဖမ်းဆီးစုဆောင်း ရောင်းဝယ် တင်ပို့ပါက တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 
ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာနိုင်ငံရှိ ရေသတ္တဝါများ မျိုးသုဉ်းခြင်းမှ ကာကွယ်နိုင်ရန်၊ မျိုးကောင်း မျိုးသန့်များ တိုးပွားလာ စေရန်နှင့် ငါးသယံဇာတများကို ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက် ရေနေသတ္တဝါ မိတ်လိုက်မျိုးပွားရာသီများတွင် ဝယ်ယူစု ဆောင်းခွင့် ပိတ်သည့်ကာလကို သတ်မှတ်၍ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီးကြောင်း သိရသည်။ 
ယင်းသို့ ရေသတ္တဝါအလိုက် ဝယ်ယူစုဆောင်းခွင့် ပိတ်သည့်ကာလမှာ ကျောက်ပုစွန်၊ ကင်းပုစွန်နှင့် ငါးလင်ပန်းကို  ဇွန်လ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ၊ ကျောက်ငါးကို ဇူလိုင်လ ၁ ရက်မှ စက်တင် ဘာလ ၃၀ ရက်အထိ၊ ကကတစ် (ငါးသားဒိုက်၊ ကသပေါင်း) ငါးကို ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၃၁ ရက်အထိ၊ ရေချိုငါးများကို မေလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရေချိုပုစွန်ကို ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိနှင့် ရေငန်ပုစွန်ကို ဇွန်လ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ ဝယ်ယူ၊ စုဆောင်း ခြင်း၊ လိုင်စင်ထုတ်ပေးခြင်း မပြုရန် ငါးလုပ်ငန်းဦးစီးဌာနမှ တားမြစ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

 - သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။