Skip to main content
ငါးမဖမ္းရ ကာလႏွင့္ ဧရိယာသတ္မွတ္မႈ ႀကိဳတင္၍ အသိေပးထုတ္ျပန္ရန္ ေတာင္းဆို
Ads Block

ငါးမဖမ္းရ ကာလႏွင့္ ဧရိယာသတ္မွတ္မႈ ႀကိဳတင္၍ အသိေပးထုတ္ျပန္ရန္ ေတာင္းဆို

ျမန္မာ့ပင္လယ္ျပင္အတြင္း ငါးမဖမ္းရကာလႏွင့္ ဧရိယာသတ္မွတ္မႈကို အခ်ိန္ႀကိဳတင္၍ အသိေပး ထုတ္ျပန္ေစလိုေၾကာင္း ျမန္မာႏိုင္ငံ ငါးပိ ၊ ငါးေျခာက္ ၊ ငံျပာရည္ထုတ္လုပ္ေရာင္းဝယ္သူမ်ားအသင္းမွ အတြင္းေရးမႉး ဦးထြန္းစိန္က ေျပာသည္။ 
ငါးမဖမ္းရကာလႏွင့္ ငါးမဖမ္းရဧရိယာကို အခ်ိန္နီးကပ္မွ ထုတ္ျပန္ေၾကညာပါက သက္ဆိုင္သူမ်ားအေနျဖင့္ လိုအပ္သည္မ်ားကို မွန္းဆေဆာင္႐ြက္ေနရသျဖင့္ စနစ္တက်ျပင္ဆင္ ေဆာင္႐ြက္ႏိုင္ရန္ ႀကိဳတင္ေၾကညာသင့္ေၾကာင္း ၎က ေျပာၾကားခဲ့ျခင္း ျဖစ္သည္။ 
“ အခက္အခဲဆုံးတစ္ခုက သတ္မွတ္တဲ့ ကာလတစ္ခုကို တိတိက်က်ဘယ္ေတာ့မွ မရဘူး။ ဘယ္အခ်ိန္ကေန ဘယ္အခ်ိန္အထိ ပိတ္မယ္။ ဘယ္ႏွစ္ရက္ကေန ဘယ္ႏွစ္ရက္အထိ ပိတ္မယ္ဆိုတာ အမိန႔္ေၾကညာစာနဲ႔အတူ ေသခ်ာေလး ထြက္ေပးေစခ်င္တယ္။ အဲဒါဆို ႀကိဳတင္ျပင္ထားလို႔ရမယ္။ မႏွစ္ကလည္း လုံးဝပိတ္မယ္လို႔ၾကားတာနဲ႔ ကုန္ၾကမ္းကို ဝယ္ၿပီး ေလွာင္ထားတယ္။ ၂၀ ရာခိုင္ႏႈန္းေပးတဲ့ အခါက်ေတာ့ ငါးက ေဈးကြက္မွာ ဝယ္လို႔ရတယ္။ ကုန္ၾကမ္းက ေန႔စဥ္ဝယ္လို႔ရေနေတာ့ ေလွာင္ထားတာေတြက မီတာတပ္ၿပီးေတာ့ လုပ္ငန္းရွင္ေတြအဖို႔ ထိခိုက္သြားတာရွိပါတယ္။ ဒီအတြက္ တိတိက်က်ေလး သိခ်င္ပါတယ္” ဟု ဦးထြန္စိန္က ဆိုသည္။
၂၀၁၈ ခုႏွစ္တြင္ ငါးကုန္ၾကမ္းမ်ား အေအးခန္း၌ အခဲခံႏႈန္းသည္ တစ္ကီလိုလွ်င္ က်ပ္ ၁၂၀ ႏွင့္ သိုေလွာင္ခႏႈန္းမွာ တစ္ကီလို လွ်င္ ၁ က်ပ္ခြဲခန႔္ က်သင့္ေသာ္လည္း ယခု ၂၀၁၉ ခုႏွစ္ လက္ရွိ အခ်ိန္တြင္မူ အေအးခန္း၌ ငါးကုန္ၾကမ္းမ်ား အခဲခံခႏႈန္းမွာ တစ္ကီလိုလွ်င္ က်ပ္ ၁၃၀ ႏွင့္ သိုေလွာင္ခႏႈန္းမွာ တစ္ကီလိုလွ်င္ ၂ က်ပ္သို႔ ျမင့္တက္လာေၾကာင္း ၎က ဆိုသည္။ 
“ ဒီႏွစ္ဆို အခဲခံခက တစ္ကီလိုကို က်ပ္ ၁၃၀ ရွိၿပီ။ သိုေလွာင္ခက တစ္ကီလိုကို ၂ က်ပ္။ တစ္လမွာ က်ပ္ ၆၀ ရွိပါတယ္။ သူမ်ားႏိုင္ငံမွာ အခဲခံခ က အဲဒီေလာက္ ေဈးမႀကီးဘူး။ ဒီမွာက ေဈးႀကီးတယ္။ ဒီမွာ အေအးခန္းေတြ ေတာ္ေတာ္မ်ားမ်ားက တန္ ၅၀၀၊ တန္ ၁၀၀၀ ပဲရွိတာ။ ဟိုမွာက တန္ ေလး၊ ငါး ေထာင္ အထိဆန႔္တာ။ ဒီလိုမွ မလုပ္ထားရင္ ငါးကုန္ၾကမ္းကို ဒီျပည္တြင္းက မရ တဲ့အခါ ႏိုင္ငံျခားက ေအးခဲငါးေတြ သြင္းရတာရွိတယ္။ ငါးေျခာက္ေလာကမွာ။ ဒီလို ေလွာင္ထားေတာ့ မႏွစ္က အမ်ားႀကီး ထိခိုက္နစ္နာခဲ့ရတယ္” ဟု ဦးထြန္းစိန္က ဆိုသည္။
ျမန္မာ့ပင္လယ္ျပင္အတြင္း ေရသယံဇာတမ်ား ထိခိုက္ပ်က္ဆီးမႈမရွိေစရန္အတြက္ ၂၀၁၀ ခုႏွစ္မွစၿပီး ကမ္းနီး ကမ္းေဝး ငါးဖမ္း ေလွမ်ားကို ငါးမဖမ္းရ ရာသီႏွင့္ ငါးမဖမ္းရ ဧရိယာ သတ္မွတ္ပိတ္ပင္ခဲ့ျခင္းျဖစ္သည္။ 
ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္တြင္ ငါးမဖမ္းရ ရာသီကို ၃ လ ႏွင့္ ငါးမဖမ္းရ ဧရိယာကို ၃၀ ရာခိုင္ႏႈန္း သတ္မွတ္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္တြင္ ငါးမဖမ္းရရာသီကို ၃ လႏွင့္ ငါးမဖမ္းရ ဧရိယာကို ၂၀ ရာခိုင္ႏႈန္း သတ္မွတ္ခဲ့ေၾကာင္း သိရသည္။

- သင္းသင္းလႈိင္ (အကုန္သိသတင္းဌာန)

Unicode version

ငါးမဖမ်းရ ကာလနှင့် ဧရိယာသတ်မှတ်မှု ကြိုတင်၍ အသိပေး ထုတ်ပြန်ရန် တောင်းဆို

မြန်မာ့ပင်လယ်ပြင်အတွင်း ငါးမဖမ်းရကာလနှင့် ဧရိယာသတ်မှတ်မှုကို အချိန်ကြိုတင်၍ အသိပေး ထုတ်ပြန်စေလိုကြောင်း မြန်မာနိုင်ငံ ငါးပိ ၊ ငါးခြောက် ၊ ငံပြာရည်ထုတ်လုပ်ရောင်းဝယ်သူများအသင်းမှ အတွင်းရေးမှူး ဦးထွန်းစိန်က ပြောသည်။ 
ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရဧရိယာကို အချိန်နီးကပ်မှ ထုတ်ပြန်ကြေညာပါက သက်ဆိုင်သူများအနေဖြင့် လိုအပ်သည်များကို မှန်းဆဆောင်ရွက်နေရသဖြင့် စနစ်တကျပြင်ဆင် ဆောင်ရွက်နိုင်ရန် ကြိုတင်ကြေညာသင့်ကြောင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
“ အခက်အခဲဆုံးတစ်ခုက သတ်မှတ်တဲ့ ကာလတစ်ခုကို တိတိကျကျဘယ်တော့မှ မရဘူး။ ဘယ်အချိန်ကနေ ဘယ်အချိန်အထိ ပိတ်မယ်။ ဘယ်နှစ်ရက်ကနေ ဘယ်နှစ်ရက်အထိ ပိတ်မယ်ဆိုတာ အမိန့်ကြေညာစာနဲ့အတူ သေချာလေး ထွက်ပေးစေချင်တယ်။ အဲဒါဆို ကြိုတင်ပြင်ထားလို့ရမယ်။ မနှစ်ကလည်း လုံးဝပိတ်မယ်လို့ကြားတာနဲ့ ကုန်ကြမ်းကို ဝယ်ပြီး လှောင်ထားတယ်။ ၂၀ ရာခိုင်နှုန်းပေးတဲ့ အခါကျတော့ ငါးက ဈေးကွက်မှာ ဝယ်လို့ရတယ်။ ကုန်ကြမ်းက နေ့စဉ်ဝယ်လို့ရနေတော့ လှောင်ထားတာတွေက မီတာတပ်ပြီးတော့ လုပ်ငန်းရှင်တွေအဖို့ ထိခိုက်သွားတာရှိပါတယ်။ ဒီအတွက် တိတိကျကျလေး သိချင်ပါတယ်” ဟု ဦးထွန်စိန်က ဆိုသည်။
၂၀၁၈ ခုနှစ်တွင် ငါးကုန်ကြမ်းများ အအေးခန်း၌ အခဲခံနှုန်းသည် တစ်ကီလိုလျှင် ကျပ် ၁၂၀ နှင့် သိုလှောင်ခနှုန်းမှာ တစ်ကီလို လျှင် ၁ ကျပ်ခွဲခန့် ကျသင့်သော်လည်း ယခု ၂၀၁၉ ခုနှစ် လက်ရှိ အချိန်တွင်မူ အအေးခန်း၌ ငါးကုန်ကြမ်းများ အခဲခံခနှုန်းမှာ တစ်ကီလိုလျှင် ကျပ် ၁၃၀ နှင့် သိုလှောင်ခနှုန်းမှာ တစ်ကီလိုလျှင် ၂ ကျပ်သို့ မြင့်တက်လာကြောင်း ၎င်းက ဆိုသည်။ 
“ ဒီနှစ်ဆို အခဲခံခက တစ်ကီလိုကို ကျပ် ၁၃၀ ရှိပြီ။ သိုလှောင်ခက တစ်ကီလိုကို ၂ ကျပ်။ တစ်လမှာ ကျပ် ၆၀ ရှိပါတယ်။ သူများနိုင်ငံမှာ အခဲခံခ က အဲဒီလောက် ဈေးမကြီးဘူး။ ဒီမှာက ဈေးကြီးတယ်။ ဒီမှာ အအေးခန်းတွေ တော်တော်များများက တန် ၅၀၀၊ တန် ၁၀၀၀ ပဲရှိတာ။ ဟိုမှာက တန် လေး၊ ငါး ထောင် အထိဆန့်တာ။ ဒီလိုမှ မလုပ်ထားရင် ငါးကုန်ကြမ်းကို ဒီပြည်တွင်းက မရ တဲ့အခါ နိုင်ငံခြားက အေးခဲငါးတွေ သွင်းရတာရှိတယ်။ ငါးခြောက်လောကမှာ။ ဒီလို လှောင်ထားတော့ မနှစ်က အများကြီး ထိခိုက်နစ်နာခဲ့ရတယ်” ဟု ဦးထွန်းစိန်က ဆိုသည်။
မြန်မာ့ပင်လယ်ပြင်အတွင်း ရေသယံဇာတများ ထိခိုက်ပျက်ဆီးမှုမရှိစေရန်အတွက် ၂၀၁၀ ခုနှစ်မှစပြီး ကမ်းနီး ကမ်းဝေး ငါးဖမ်း လှေများကို ငါးမဖမ်းရ ရာသီနှင့် ငါးမဖမ်းရ ဧရိယာ သတ်မှတ်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ 
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ငါးမဖမ်းရ ရာသီကို ၃ လ နှင့် ငါးမဖမ်းရ ဧရိယာကို ၃၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ငါးမဖမ်းရရာသီကို ၃ လနှင့် ငါးမဖမ်းရ ဧရိယာကို ၂၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ကြောင်း သိရသည်။

- သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။