Skip to main content
ခါေရွာ့ဂီအသတ္ခံရမႈအတြက္ သူ႕သားသမီးမ်ားကုိ ေဆာ္ဒီအစုိးရက ႏႈတ္ဆိတ္ခ ေပးေန ဟုဆုိ
Ads Block

ခါေရွာ့ဂီအသတ္ခံရမႈအတြက္ သူ႕သားသမီးမ်ားကုိ ေဆာ္ဒီအစုိးရက ႏႈတ္ဆိတ္ခ ေပးေန ဟုဆုိ

အသတ္ခံခဲ့ရတဲ့ ေဆာ္ဒီဂ်ာနယ္လစ္ ဂ်မဲလ္ခါေရွာ့ဂီရဲ႕ သားသမီးေတြကုိ ေဆာ္ဒီအစုိးရက ကန္ေဒၚလာသန္းခ်ီတန္တဲ့ အိမ္ႀကီးမ်ားအျပင္ လစာတစ္ေသာင္းႏႈန္းျဖင့္ ႏႈတ္ဆိတ္ခေပးေနေၾကာင္း ဧၿပီ ၁ ရက္ေန႔မွာ ဝါရွင္တန္ပုိ႔စ္သတင္းစာက ထုတ္ေဖၚေရးသားခဲ့ပါတယ္။
ခါေရွာ့ဂီဟာ ေဆာ္ဒီအစုိးရကုိ ေဝဖန္ခဲ့တဲ့အတြက္ ၂၀၁၈ ေအာက္တုိဘာလ တူရကီႏုိင္ငံရွိ ေဆာ္ဒီသံ႐ုံးအတြင္းမွာ အသတ္ခံခဲ့ရၿပီး အေလာင္းကုိ တစ္စစီခုတ္ျဖတ္ေဖ်ာက္ဖ်က္ခံခဲ့ရပါတယ္။ ၄င္းကုိ ေဆာ္ဒီေအးဂ်င့္ ၁၅ ဦးအဖြဲ႕က လုပ္ၾကံသတ္ျဖတ္ခဲ့ၿပီး အေလာင္းေတာင္ ရွာမရခဲ့ပါဘူး။

ခါေရွာ့ဂီအသတ္ခံရမႈအတြက္ သူ႕သားသမီးမ်ားကုိ ေဆာ္ဒီအစုိးရက ႏႈတ္ဆိတ္ခ ေပးေန ဟုဆုိ


၄င္းလုပ္ရပ္နဲ႔ပတ္သက္ၿပီး ခါေရွာ့ဂီရဲ႕သား ၂ ေယာက္၊ သမီး ၂ ေယာက္တုိ႔မွ လူအမ်ားေရွ႕ေမွာက္မွာ ေရငုံႏႈတ္ဆိတ္ေနေပးၾကရန္ ေဆာ္ဒီအစုိးရဟာ ေရရွည္သေဘာတူညီမႈ ရယူႏုိင္ခဲ့ပါတယ္။
ေလ်ာ္ေၾကးနဲ႔ႏႈတ္ဆိတ္ခအျဖစ္ ဂ်ဒတ္ၿမိဳ႕မွာ အိမ္ႀကီးမ်ား စီစဥ္ေပးခဲ့ၿပီး တန္ဖုိးအားျဖင့္ ကန္ေဒၚလာ ၄ သန္းအထိ မ်ားတယ္လုိ႔ ဆုိပါတယ္။ သားႀကီး ဆာလားကေတာ့ ၿဗိတိန္မွာပဲ ဆက္လက္ေနထုိင္မည္ျဖစ္ၿပီး အေမရိကန္မွာေနထုိင္တဲ့ က်န္ ၃ ဦးကေတာ့ အိမ္ေဟာင္းေတြကုိေတာင္ ေရာင္းထုတ္ေတာ့မွာ ျဖစ္ပါတယ္။
အိမ္မ်ားအျပင္ ပုံမွန္လစာအျဖစ္ ကန္ေဒၚလာတစ္ေသာင္းနဲ႔အထက္ႏႈန္းျဖင့္ ေထာက္ပံ့ေပးမည္ဟုလည္း သိရပါတယ္။ ထုိ႔ထက္လည္း ပုိမ်ားေနႏုိင္ၿပီး တစ္ဦးလွ်င္ ကန္ေဒၚလာ ကုေဋဂဏန္းႏႈန္းျဖင့္ ရရွိၾကမွာ ျဖစ္ပါတယ္။
ခါေရွာ့ဂီကုိ လုပ္ၾကံသတ္ျဖတ္ရန္ စီစဥ္ၫႊန္ၾကားခဲ့သူမွာ ေဆာ္ဒီအိမ္ေရွ႕မင္းသား မုိဟာမက္ဘင္ဆယ္လ္မန္ဟု အခုိင္အမာစြပ္စြဲေနၾကေပမဲ့ ေဆာ္ဒီအစုိးရကေတာ့ ျငင္းဆုိေနပါတယ္။
ခါေရွာ့ဂီလုပ္ၾကံခံရမႈကုိ မသိရွိေၾကာင္း ေဆာ္ဒီက ကနဦးမွာ ဘူးခံျငင္းဆုိခဲ့ေပမဲ့ ေနာက္ပုိင္းမွာေတာ့ ေဗြေဖာက္ေအးဂ်င့္ေတြရဲ႕လက္ခ်က္ဟု လက္ၫွိဳးထုိးခဲ့ပါတယ္။ 
- ZHO (အကုန္သိ သတင္းဌာန) | Ref : AFP

Unicode version

ခါရှော့ဂီအသတ်ခံရမှုအတွက် သူ့သားသမီးများကို ဆော်ဒီအစိုးရက နှုတ်ဆိတ်ခ ပေးနေ ဟုဆို

အသတ်ခံခဲ့ရတဲ့ ဆော်ဒီဂျာနယ်လစ် ဂျမဲလ်ခါရှော့ဂီရဲ့ သားသမီးတွေကို ဆော်ဒီအစိုးရက ကန်ဒေါ်လာသန်းချီတန်တဲ့ အိမ်ကြီးများအပြင် လစာတစ်သောင်းနှုန်းဖြင့် နှုတ်ဆိတ်ခပေးနေကြောင်း ဧပြီ ၁ ရက်နေ့မှာ ဝါရှင်တန်ပို့စ်သတင်းစာက ထုတ်ဖေါ်ရေးသားခဲ့ပါတယ်။
ခါရှော့ဂီဟာ ဆော်ဒီအစိုးရကို ဝေဖန်ခဲ့တဲ့အတွက် ၂၀၁၈ အောက်တိုဘာလ တူရကီနိုင်ငံရှိ ဆော်ဒီသံရုံးအတွင်းမှာ အသတ်ခံခဲ့ရပြီး အလောင်းကို တစ်စစီခုတ်ဖြတ်ဖျောက်ဖျက်ခံခဲ့ရပါတယ်။

ခါေရွာ့ဂီအသတ္ခံရမႈအတြက္ သူ႕သားသမီးမ်ားကုိ ေဆာ္ဒီအစုိးရက ႏႈတ္ဆိတ္ခ ေပးေန ဟုဆုိ

၎င်းကို ဆော်ဒီအေးဂျင့် ၁၅ ဦးအဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့ပြီး အလောင်းတောင် ရှာမရခဲ့ပါဘူး။
၎င်းလုပ်ရပ်နဲ့ပတ်သက်ပြီး ခါရှော့ဂီရဲ့သား ၂ ယောက်၊ သမီး ၂ ယောက်တို့မှ လူအများရှေ့မှောက်မှာ ရေငုံနှုတ်ဆိတ်နေပေးကြရန် ဆော်ဒီအစိုးရဟာ ရေရှည်သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။
လျော်ကြေးနဲ့နှုတ်ဆိတ်ခအဖြစ် ဂျဒတ်မြို့မှာ အိမ်ကြီးများ စီစဉ်ပေးခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ သန်းအထိ များတယ်လို့ ဆိုပါတယ်။ သားကြီး ဆာလားကတော့ ဗြိတိန်မှာပဲ ဆက်လက်နေထိုင်မည်ဖြစ်ပြီး အမေရိကန်မှာနေထိုင်တဲ့ ကျန် ၃ ဦးကတော့ အိမ်ဟောင်းတွေကိုတောင် ရောင်းထုတ်တော့မှာ ဖြစ်ပါတယ်။
အိမ်များအပြင် ပုံမှန်လစာအဖြစ် ကန်ဒေါ်လာတစ်သောင်းနဲ့အထက်နှုန်းဖြင့် ထောက်ပံ့ပေးမည်ဟုလည်း သိရပါတယ်။ ထို့ထက်လည်း ပိုများနေနိုင်ပြီး တစ်ဦးလျှင် ကန်ဒေါ်လာ ကုဋေဂဏန်းနှုန်းဖြင့် ရရှိကြမှာ ဖြစ်ပါတယ်။
ခါရှော့ဂီကို လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ညွှန်ကြားခဲ့သူမှာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ဟု အခိုင်အမာစွပ်စွဲနေကြပေမဲ့ ဆော်ဒီအစိုးရကတော့ ငြင်းဆိုနေပါတယ်။
ခါရှော့ဂီလုပ်ကြံခံရမှုကို မသိရှိကြောင်း ဆော်ဒီက ကနဦးမှာ ဘူးခံငြင်းဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဗွေဖောက်အေးဂျင့်တွေရဲ့လက်ချက်ဟု လက်ညှိုးထိုးခဲ့ပါတယ်။ 
- ZHO (အကုန်သိ သတင်းဌာန) | Ref : AFP

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။