Skip to main content
သူထူးစံ အေၾကာင္းေတြကို လာေမးတဲ့သူေတြရွိေနလို႕ ေျဖေနရတာပါဆိုတဲ့ ခြန္းဆင့္ေနျခည္
Ads Block

သူထူးစံ အေၾကာင္းေတြကို လာေမးတဲ့သူေတြရွိေနလို႕ ေျဖေနရတာပါဆိုတဲ့ ခြန္းဆင့္ေနျခည္

သရုပ္ေဆာင္ ခြန္းဆင့္ေနျခည္ က အကယ္ဒမီသူထူးစံနဲ႔ အေၾကာင္းေတြကို ေျပာလို႕ မၿပီးေသးဘူးလားလို႕ ပရိသတ္ေတြေျပာေနၾကေပမယ့္ သူမကို ေမးတဲ့သူေတြရွိလို႕ ေျဖေနရတာပါလို႕ ေျပာျပလာပါတယ္။
ေမွာ္၀င္သမန္းက်ားရုပ္ရွင္ဇာတ္ကားထဲမွာ အကယ္ဒမီ သူထူးစံကို ရည္းစားေဟာင္းျဖစ္လို႔ ေခၚရို္က္ျခင္းမဟုတ္္ဘူးဆိုၿပီး ပြင့္ပြင့္လင္းလင္း ေျပာျပခဲ့တဲ့ ခြန္းဆင့္ေနျခည္ ရဲ႕ စကားတစ္ခြန္းေၾကာင့္ ပရိသတ္ေတြရဲ႕ေ၀ဖန္ေျပာဆိုတာေတြကို ခံေနရတာျဖစ္ပါတယ္။
 “သူထူးစံနဲ႔က ကေလးဘ၀ ကတည္းက သူငယ္ခ်င္းပါ။ သူငယ္ခ်င္းကေနၿပီးေတာ့မွ ခ်စ္သူေတြျဖစ္ခဲ့ၾကတယ္။ ဒါကေတာ့ အမွန္အတိုင္း ေျပာျပတာပါ။ ပရိသတ္ေတြကေတာ့ ဒါကိုပဲ ေျပာလို႔မၿပီးေသးဘူးလားဆိုၿပီးေတာ့ လူေတြက ေျပာၾကတယ္။ ေျပာလို႔မၿပီးစရာ အေၾကာင္းလဲမရွိဘူး။ အခုလက္ရွိအေျခအေနမွာ ကိုယ့္ဘ၀နဲ႔ကိုယ္ အစ္မ မွာလက္တြဲေဖာ္ ခ်စ္သူလည္းရွိတယ္။ သူကလည္း သူ႔အိမ္ေထာင္နဲ႔သူ၊ လြန္ခဲ့တဲ့ ဆယ့္နွစ္နွစ္ေလာက္က ျဖစ္ခဲ့တဲ့ကိစၥႀကီးပါ။ ဒီအခ်ိန္မွာ နွစ္ေယာက္လံုးရဲ႕စိတ္ထဲမွာ မိတ္ေဆြတစ္ေယာက္အဆင့္ထက္ မပိုေတာ့ဘူး။ နွစ္ဦးစလံုးက ငယ္သူငယ္ခ်င္းေတြျဖစ္တဲ့အတြက္ ဒါကိုနားလည္ၿပီးသားပါ။ ဒါေပမဲ့ ပရိသတ္ေတြကေတာ့ နားလည္ခ်င္မွ လည္း နားလည္လိမ့္မယ္။ ငယ္ရည္းစားျဖစ္ခဲ့တဲ့အေၾကာင္းေျပာလို႔မၿပီးဘူးလားဆိုၿပီး ပရိသတ္ေတြကေမးၾက တဲ့အခါ တကယ္ေတာ့ ေမးတဲ့သူရွိလို႔ ေျဖတာပါ” လို႔ သရုပ္ေဆာင္ ခြန္းဆင့္ေနျခည္က သူမရဲ႕ခံစားခ်က္ကုိေျပာျပလာပါတယ္။

သူထူးစံ အေၾကာင္းေတြကို လာေမးတဲ့သူေတြရွိေနလို႕ ေျဖေနရတာပါဆိုတဲ့ ခြန္းဆင့္ေနျခည္

ခြန္းဆင့္ေနျခည္ကေတာ့ သူထူးစံ အကယ္ဒမီရသြားတဲ့အခ်ိန္မွာ ကိုယ့္ရဲ႕သူငယ္ခ်င္းက ကိုယ္ထုတ္လုပ္တဲ့ ရုပ္ရွင္ဇာတ္ကားနဲ႔ အကယ္ဒမီ ရသြားတာျဖစ္တဲ့အတြက္  ၾကည့္နူးပီတိျဖစ္ခဲ့ရၿပီး သူငယ္ခ်င္းျဖစ္သူရဲ႕ အိမ္ေထာင္ေရးကိုလည္း ဘယ္လိုနည္းနဲ႔မွ ေနွာင့္ယွက္စရာအေၾကာင္းမရွိဘူး လို႕ ဆက္လက္ေျပာျပခဲ့ပါတယ္။
ခြန္းဆင့္ေနျခည္ ရဲ႕ကိုယ္ပိုင္ ထုတ္လုပ္ေရးတစ္ခုျဖစ္တဲ့ ေက်ာက္ဆူးရုပ္ရွင္ထုတ္လုပ္ေရးကေန  ဆက္လက္ရုိက္ကူးမယ့္ ဇာတ္ကားေတြမွာ အကယ္ဒမီ သူထူးစံ နဲ႔ လိုက္ဖက္ေနရင္ထည့္သြင္းအသံုးျပဳမွာျဖစ္သလို  သူထူးစံဘက္ကလည္း သူႀကိဳက္တဲ့ ကာရိုက္တာဆိုရင္ေတာ့ သူလည္းလက္ခံရိုက္ကူးမွာျဖစ္မယ္လို႕သိရပါတယ္။

 - အိျဖဴသိမ့္ (အကုန္သိသတင္းဌာန)

Unicode version

သူထူးစံ အကြောင်းတွေကို လာမေးတဲ့သူတွေရှိနေလို့ ဖြေနေရတာပါဆိုတဲ့ ခွန်းဆင့်နေခြည်

သရုပ်ဆောင် ခွန်းဆင့်နေခြည် က အကယ်ဒမီသူထူးစံနဲ့ အကြောင်းတွေကို ပြောလို့ မပြီးသေးဘူးလားလို့ ပရိသတ်တွေပြောနေကြပေမယ့် သူမကို မေးတဲ့သူတွေရှိလို့ ဖြေနေရတာပါလို့ ပြောပြလာပါတယ်။
မှော်ဝင်သမန်းကျားရုပ်ရှင်ဇာတ်ကားထဲမှာ အကယ်ဒမီ သူထူးစံကို ရည်းစားဟောင်းဖြစ်လို့ ခေါ်ရိုက်ခြင်းမဟုတ်ဘူးဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တဲ့ ခွန်းဆင့်နေခြည် ရဲ့ စကားတစ်ခွန်းကြောင့် ပရိသတ်တွေရဲ့ဝေဖန်ပြောဆိုတာတွေကို ခံနေရတာဖြစ်ပါတယ်။
 “သူထူးစံနဲ့က ကလေးဘ၀ ကတည်းက သူငယ်ချင်းပါ။ သူငယ်ချင်းကနေပြီးတော့မှ ချစ်သူတွေဖြစ်ခဲ့ကြတယ်။ ဒါကတော့ အမှန်အတိုင်း ပြောပြတာပါ။ ပရိသတ်တွေကတော့ ဒါကိုပဲ ပြောလို့မပြီးသေးဘူးလားဆိုပြီးတော့ လူတွေက ပြောကြတယ်။ ပြောလို့မပြီးစရာ အကြောင်းလဲမရှိဘူး။ အခုလက်ရှိအခြေအနေမှာ ကိုယ့်ဘဝနဲ့ကိုယ် အစ်မ မှာလက်တွဲဖော် ချစ်သူလည်းရှိတယ်။ သူကလည်း သူ့အိမ်ထောင်နဲ့သူ၊ လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်လောက်က ဖြစ်ခဲ့တဲ့ကိစ္စကြီးပါ။ ဒီအချိန်မှာ နှစ်ယောက်လုံးရဲ့စိတ်ထဲမှာ မိတ်ဆွေတစ်ယောက်အဆင့်ထက် မပိုတော့ဘူး။ နှစ်ဦးစလုံးက ငယ်သူငယ်ချင်းတွေဖြစ်တဲ့အတွက် ဒါကိုနားလည်ပြီးသားပါ။ ဒါပေမဲ့ ပရိသတ်တွေကတော့ နားလည်ချင်မှ လည်း နားလည်လိမ့်မယ်။ ငယ်ရည်းစားဖြစ်ခဲ့တဲ့အကြောင်းပြောလို့မပြီးဘူးလားဆိုပြီး ပရိသတ်တွေကမေးကြ တဲ့အခါ တကယ်တော့ မေးတဲ့သူရှိလို့ ဖြေတာပါ” လို့ သရုပ်ဆောင် ခွန်းဆင့်နေခြည်က သူမရဲ့ခံစားချက်ကိုပြောပြလာပါတယ်။
ခွန်းဆင့်နေခြည်ကတော့ သူထူးစံ အကယ်ဒမီရသွားတဲ့အချိန်မှာ ကိုယ့်ရဲ့သူငယ်ချင်းက ကိုယ်ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ ရသွားတာဖြစ်တဲ့အတွက်  ကြည့်နူးပီတိဖြစ်ခဲ့ရပြီး သူငယ်ချင်းဖြစ်သူရဲ့ အိမ်ထောင်ရေးကိုလည်း ဘယ်လိုနည်းနဲ့မှ နှောင့်ယှက်စရာအကြောင်းမရှိဘူး လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
ခွန်းဆင့်နေခြည် ရဲ့ကိုယ်ပိုင် ထုတ်လုပ်ရေးတစ်ခုဖြစ်တဲ့ ကျောက်ဆူးရုပ်ရှင်ထုတ်လုပ်ရေးကနေ  ဆက်လက်ရိုက်ကူးမယ့် ဇာတ်ကားတွေမှာ အကယ်ဒမီ သူထူးစံ နဲ့ လိုက်ဖက်နေရင်ထည့်သွင်းအသုံးပြုမှာဖြစ်သလို  သူထူးစံဘက်ကလည်း သူကြိုက်တဲ့ ကာရိုက်တာဆိုရင်တော့ သူလည်းလက်ခံရိုက်ကူးမှာဖြစ်မယ်လို့သိရပါတယ်။

 - အိဖြူသိမ့် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။