Skip to main content
သူ႕မယားကုိလုိခ်င္သျဖင့္ သူ႕လင္ကုိသတ္ခဲ့မႈအတြက္ အိႏၵိယရဲ႕တုိရွည္ဘုရင္ႀကီး ေထာင္ထဲျပန္ဝင္ရ
Ads Block

သူ႕မယားကုိလုိခ်င္သျဖင့္ သူ႕လင္ကုိသတ္ခဲ့မႈအတြက္ အိႏၵိယရဲ႕တုိရွည္ဘုရင္ႀကီး ေထာင္ထဲျပန္ဝင္ရ

အိႏၵိယ စားေသာက္ဆုိင္လုပ္ငန္းႀကီး သရာဝဏၰဗာဝံရဲ႕ ပုိင္ရွင္ဟာ သူတစ္ပါးဇနီးသည္ကုိ ေတာ္ေကာက္ရန္ လင္ျဖစ္သူကုိလုပ္ၾကံခဲ့မႈအတြက္ တစ္သက္တစ္ကၽြန္းက်ခဲ့ရာ ယခု ေထာင္ထဲျပန္ဝင္ရေတာ့မည္ျဖစ္ေၾကာင္း သတင္းရရွိပါတယ္။
တုိရွည္ဘုရင္ႀကီး ပီရာဇာဂုိပယ္ ဟာ အသက္ ၇၁ ႏွစ္အ႐ြယ္ရွိၿပီျဖစ္ၿပီး သူ႕ရဲ႕စားေသာက္ဆုိင္ လုပ္ငန္းဟာ ကမာၻအႏွံ႔မွာ ဆုိင္ခြဲေပါင္း ၈၀ ေက်ာ္နဲ႔ ဝန္ထမ္းေပါင္း ေထာင္နဲ႔ခ်ီ ရွိသည္အထိ တြင္က်ယ္ပါတယ္။
၂၀၀၁ ခုႏွစ္တုန္းက သူဟာ နကၡတ္ဆရာတစ္ဦးရဲ႕ အၾကံေပးခ်က္အရ ဝန္ထမ္းတစ္ဦးရဲ႕ဇနီးကုိ ေတာ္ေကာက္ရန္ ႀကိဳးစားခဲ့ပါတယ္။ 
ရာဇာဂုိပယ္ရဲ႕လက္ခ်က္ေၾကာင့္ ခင္ပြန္းျဖစ္သူ ေပ်ာက္ဆုံးေနေၾကာင္း ဇနီးသည္က ရဲစခန္းမွာ တုိင္ၾကားခဲ့ရာ ရဲမ်ားက ခင္ပြန္ရဲ႕အေလာင္းကုိ  ေတာအုပ္အတြင္း လည္ပင္းၫွစ္သတ္ဒဏ္ရာမ်ားျဖင့္ ရွာေတြ႕ခဲ့ပါတယ္။
၂၀၁၃ ခုႏွစ္မွာေတာ့ သူဟာ ထုိအမ်ိဳးသမီးကုိ အမႈအတြက္ ႏႈတ္ပိတ္ခေပးရန္ ႀကိဳးစားခဲ့ပါေသးတယ္။ မေအာင္ျမင္တဲ့အခါ သူမရဲ႕မိသားစုကုိ ၿခိမ္းေျခာက္ခဲ့ၿပီး အစ္ကုိျဖစ္သူကုိ ကုိယ္ထိလက္ေရာက္ က်ဴးလြန္ခဲ့ပါတယ္။

သူ႕မယားကုိလုိခ်င္သျဖင့္ သူ႕လင္ကုိသတ္ခဲ့မႈအတြက္ အိႏၵိယရဲ႕တုိရွည္ဘုရင္ႀကီး ေထာင္ထဲျပန္ဝင္ရ

ျပစ္မႈထင္ရွားေၾကာင္းကုိ ေဒသႏၲရတရား႐ုံးက ၂၀၁၄ ႏွစ္မွာ စီရင္ခ်က္ခ်ၿပီး ေထာင္ဒဏ္ ၁၀ ႏွစ္က်ခံရန္ အမိန္႔ခ်လုိက္ပါတယ္။ ၄င္းအမႈဟာ မာဒရတ္ဟုိက္ကုတ္အထိ တက္သြားခဲ့ၿပီး ၄င္းမွာေတာ့ တစ္သက္တစ္ကၽြန္း က်သြားပါေတာ့တယ္။
တရား႐ုံးစီရင္ခ်က္အေပၚ က်န္းမာေရးအေၾကာင္းျပခ်က္ျဖင့္ ၂၀၀၉ ခုႏွစ္မွာ အယူခံတင္ခဲ့ရာ တရား႐ုံးခ်ဳပ္က ခြင့္ျပဳေပးခဲ့ပါတယ္။ သူဟာ ထုိစဥ္တုန္းက ေထာင္ထဲမွာ ၁၁ လသာ ေနရပါေသးတယ္။
ယခု မတ္လ ၂၉ ရက္ေန႔မွာေတာ့ ျပစ္ဒဏ္ဆက္လက္က်ခံရန္ တရား႐ုံးခ်ဳပ္က အမိန္႔ခ်လုိက္ပါၿပီ။

 - ZHO (အကုန္သိ သတင္းဌာန)

Unicode version

သူ့မယားကိုလိုချင်သဖြင့် သူ့လင်ကိုသတ်ခဲ့မှုအတွက် အိန္ဒိယရဲ့တိုရှည်ဘုရင်ကြီး ထောင်ထဲပြန်ဝင်ရ

အိန္ဒိယ စားသောက်ဆိုင်လုပ်ငန်းကြီး သရာဝဏ္ဏဗာဝံရဲ့ ပိုင်ရှင်ဟာ သူတစ်ပါးဇနီးသည်ကို တော်ကောက်ရန် လင်ဖြစ်သူကိုလုပ်ကြံခဲ့မှုအတွက် တစ်သက်တစ်ကျွန်းကျခဲ့ရာ ယခု ထောင်ထဲပြန်ဝင်ရတော့မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
တိုရှည်ဘုရင်ကြီး ပီရာဇာဂိုပယ် ဟာ အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး သူ့ရဲ့စားသောက်ဆိုင် လုပ်ငန်းဟာ ကမ္ဘာအနှံ့မှာ ဆိုင်ခွဲပေါင်း ၈၀ ကျော်နဲ့ ဝန်ထမ်းပေါင်း ထောင်နဲ့ချီ ရှိသည်အထိ တွင်ကျယ်ပါတယ်။
၂၀၀၁ ခုနှစ်တုန်းက သူဟာ နက္ခတ်ဆရာတစ်ဦးရဲ့ အကြံပေးချက်အရ ဝန်ထမ်းတစ်ဦးရဲ့ဇနီးကို တော်ကောက်ရန် ကြိုးစားခဲ့ပါတယ်။ 
ရာဇာဂိုပယ်ရဲ့လက်ချက်ကြောင့် ခင်ပွန်းဖြစ်သူ ပျောက်ဆုံးနေကြောင်း ဇနီးသည်က ရဲစခန်းမှာ တိုင်ကြားခဲ့ရာ ရဲများက ခင်ပွန်ရဲ့အလောင်းကို  တောအုပ်အတွင်း လည်ပင်းညှစ်သတ်ဒဏ်ရာများဖြင့် ရှာတွေ့ခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာတော့ သူဟာ ထိုအမျိုးသမီးကို အမှုအတွက် နှုတ်ပိတ်ခပေးရန် ကြိုးစားခဲ့ပါသေးတယ်။ မအောင်မြင်တဲ့အခါ သူမရဲ့မိသားစုကို ခြိမ်းခြောက်ခဲ့ပြီး အစ်ကိုဖြစ်သူကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ပါတယ်။
ပြစ်မှုထင်ရှားကြောင်းကို ဒေသန္တရတရားရုံးက ၂၀၁၄ နှစ်မှာ စီရင်ချက်ချပြီး ထောင်ဒဏ် ၁၀ နှစ်ကျခံရန် အမိန့်ချလိုက်ပါတယ်။ ၎င်းအမှုဟာ မာဒရတ်ဟိုက်ကုတ်အထိ တက်သွားခဲ့ပြီး ၎င်းမှာတော့ တစ်သက်တစ်ကျွန်း ကျသွားပါတော့တယ်။
တရားရုံးစီရင်ချက်အပေါ် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ၂၀၀၉ ခုနှစ်မှာ အယူခံတင်ခဲ့ရာ တရားရုံးချုပ်က ခွင့်ပြုပေးခဲ့ပါတယ်။ သူဟာ ထိုစဉ်တုန်းက ထောင်ထဲမှာ ၁၁ လသာ နေရပါသေးတယ်။
ယခု မတ်လ ၂၉ ရက်နေ့မှာတော့ ပြစ်ဒဏ်ဆက်လက်ကျခံရန် တရားရုံးချုပ်က အမိန့်ချလိုက်ပါပြီ။

 - ZHO (အကုန်သိ သတင်းဌာန) | Ref: BBC – 29.3.19

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။