Skip to main content
အႏုပညာ
Ads Block

ေအးျမတ္သူ အကယ္ဒမီရသြားတဲ့ ဇာတ္ကားမွာ ေအးျမတ္သူက ဇာတ္ပို႔မဟုတ္ဘူးလို႔ ဇာတ္ပို႔သရုပ္ေဆာင္ ေဒၚစန္းစန္းဝင္း ေျပာ

ဇာတ္ပို႔ဆိုရင္ ဇာတ္ပို႔စစ္စစ္ကိုေပးရမွာျဖစ္ၿပီးေတာ့ ေအးျမတ္သူ အကယ္ဒမီရသြားတဲ့ ဇာတ္ကားထဲမွာ ေအးျမတ္သူဟာ ဇာတ္ပို႔မဟုတ္ဘဲ မင္းသမီးသာျဖစ္တယ္လို႔ ဇာတ္ပို႔သရုပ္ေဆာင္ ေဒၚစန္းစန္းဝင္းက ေျပာလုိက္ပါတယ္။

အကယ္ဒမီဆုေပးပဲြမွာ ဇာတ္ပို႔ဆုအတြက္ မင္းသမီးေတြ တစ္ဆင့္ဆင္းျပီးကစားတဲ့ ဇာတ္ပုိ ့သရုပ္ေဆာင္ေနရာထက္ ဇာတ္ပုိ ့သရုပ္ေဆာင္စစ္စစ္ေတြကုိသာေပးရမွာ ျဖစ္တယ္လို ့၀ါရင့္ဇာတ္ပို႔သရုပ္ေဆာင္ ေဒၚစန္းစန္းဝင္းက ေထာက္ျပလုိက္ျခင္းပဲျဖစ္ပါတယ္။ “ ဇာတ္ပို႔ဆိုတာ ဇာတ္ပို႔စစ္စစ္ကိုေပးရင္ ဇာတ္ပို႔ျဖစ္တယ္။ ကုမၸဏီေတြက မင္းသားႏွစ္ေယာက္ သံုးေယာက္သံုး၊ မင္းသမီးဆိုလည္း နွစ္ေယာက္သံုးေယာက္သံုး ေနာက္ၿပီးေတာ့ ဒီေနရာက ဒီေကာင္မေလးသံုးလိုက္ရင္ ဇာတ္ပို႔ရမယ္ဆိုၿပီး ကုမၸဏီတင္ခ်င္တာေတြတင္ ေပးခ်င္တာေတြေပးၿပီးေတာ့။ အခု ေအးျမတ္သူ ရသြားတဲ့ ဇာတ္ကားက ဇာတ္ပို႔မဟုတ္ဘူး။ သူက အဲဒီကားမွာ မင္းသမီး။ အဲဒါ မင္းသမီးကို ဇာတ္ပို႔ဆိုၿပီးေတာ့ အေမလည္း အကယ္ဒမီ္ ဘုတ္အဖဲြ႕ထဲမွာ ပါပါတယ္ ” လို႔ ေဒၚစန္းစန္း၀င္းက ေျပာပါတယ္။ ဇာတ္ပို႔သရုပ္ေဆာင္ေတြျဖစ္တဲ့ ထူးသာတို႔  ညီေဂ်ာ္တို႔ကလည္း ဇာတ္ပို႔ ဇာတ္ရံအစစ္ကိုပဲ ေပးဖုိ႔ ေျပာၾကသလုိ အဲဒီလုိမေပးခဲ့ရင္ သူတို႔အစားကန္႕ကြက္ေပးပါဆုိတာနဲ႔ ပတ္သက္လို႔လည္း ေဒၚစန္းစန္း၀င္းက အခုလို ဆိုပါတယ္။ " ထူးသာတို႔ ညီေဂ်ာ္တို႔ကလည္း ေျပာတယ္။ အေမ ဒီႏွစ္ ဇာတ္ပို႔ ဇာတ္ရံ စစ္စစ္ကို လုပ္ေနာ္။ မင္းသား မင္းသမီးေတြကို ဇာတ္ပို႔ ဇာတ္ရံေပးရင္ အေမ ကၽြန္ေတာ္တို႔အစား ကန္႔ကြက္ေပးပါ။ ကိုယ္ကို ေခါင္းေဆာင္တင္ေတာ့ ကိုယ္က အမွန္တရားအတြက္ ရပ္တည္ရမယ္ေလ " လုိ႔ ေဒၚစန္းစန္း၀င္းက ဆက္လက္ေျပာလာပါတယ္။

ျမန္မာ့ရုပ္ရွင္အကယ္ဒမီဆုေပးပြဲဟာ ပြဲျပီးတုိင္းမွာ ေ၀ဖန္မႈေတြအျမဲလုိလုိရွိခဲ့တာ မွန္ေပမယ့္ ဒီဘက္ႏွစ္ပုိင္းေတြမွာေတာ့ အရင္ႏွစ္ေတြထက္ အႏုပညာရွင္ေတြကုိယ္တုိင္ဘက္က ဆူဆူညံညံေ၀ဖန္လာၾကတာကုိ ေတြ ့ရပါတယ္။

   Unicode Version

ဇာတ်ပို့ဆိုရင် ဇာတ်ပို့စစ်စစ်ကိုပေးရမှာဖြစ်ပြီးတော့ အေးမြတ်သူ အကယ်ဒမီရသွားတဲ့ ဇာတ်ကားထဲမှာ အေးမြတ်သူဟာ ဇာတ်ပို့မဟုတ်ဘဲ မင်းသမီးသာဖြစ်တယ်လို့ ဇာတ်ပို့သရုပ်ဆောင် ဒေါ်စန်းစန်းဝင်းက ပြောလိုက်ပါတယ်။
အကယ်ဒမီဆုပေးပွဲမှာ ဇာတ်ပို့ဆုအတွက် မင်းသမီးတွေ တစ်ဆင့်ဆင်းပြီးကစားတဲ့ ဇာတ်ပို့သရုပ်ဆောင်နေရာထက် ဇာတ်ပို့သရုပ်ဆောင်စစ်စစ်တွေကိုသာပေးရမှာ ဖြစ်တယ်လို့ဝါရင့်ဇာတ်ပို့သရုပ်ဆောင် ဒေါ်စန်းစန်းဝင်းက ထောက်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ “ ဇာတ်ပို့ဆိုတာ ဇာတ်ပို့စစ်စစ်ကိုပေးရင် ဇာတ်ပို့ဖြစ်တယ်။ ကုမ္ပဏီတွေက မင်းသားနှစ်ယောက် သုံးယောက်သုံး၊ မင်းသမီးဆိုလည်း နှစ်ယောက်သုံးယောက်သုံး နောက်ပြီးတော့ ဒီနေရာက ဒီကောင်မလေးသုံးလိုက်ရင် ဇာတ်ပို့ရမယ်ဆိုပြီး ကုမ္ပဏီတင်ချင်တာတွေတင် ပေးချင်တာတွေပေးပြီးတော့။ အခု အေးမြတ်သူ ရသွားတဲ့ ဇာတ်ကားက ဇာတ်ပို့မဟုတ်ဘူး။ သူက အဲဒီကားမှာ မင်းသမီး။ အဲဒါ မင်းသမီးကို ဇာတ်ပို့ဆိုပြီးတော့ အမေလည်း အကယ်ဒမီ် ဘုတ်အဖွဲ့ထဲမှာ ပါပါတယ် ” လို့ ဒေါ်စန်းစန်းဝင်းက ပြောပါတယ်။ ဇာတ်ပို့သရုပ်ဆောင်တွေဖြစ်တဲ့ ထူးသာတို့  ညီဂျော်တို့ကလည်း ဇာတ်ပို့ ဇာတ်ရံအစစ်ကိုပဲ ပေးဖို့ ပြောကြသလို အဲဒီလိုမပေးခဲ့ရင် သူတို့အစားကန့်ကွက်ပေးပါဆိုတာနဲ့ ပတ်သက်လို့လည်း ဒေါ်စန်းစန်းဝင်းက အခုလို ဆိုပါတယ်။ " ထူးသာတို့ ညီဂျော်တို့ကလည်း ပြောတယ်။ အမေ ဒီနှစ် ဇာတ်ပို့ ဇာတ်ရံ စစ်စစ်ကို လုပ်နော်။ မင်းသား မင်းသမီးတွေကို ဇာတ်ပို့ ဇာတ်ရံပေးရင် အမေ ကျွန်တော်တို့အစား ကန့်ကွက်ပေးပါ။ ကိုယ်ကို ခေါင်းဆောင်တင်တော့ ကိုယ်က အမှန်တရားအတွက် ရပ်တည်ရမယ်လေ " လို့ ဒေါ်စန်းစန်းဝင်းက ဆက်လက်ပြောလာပါတယ်။ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲဟာ ပွဲပြီးတိုင်းမှာ ဝေဖန်မှုတွေအမြဲလိုလိုရှိခဲ့တာ မှန်ပေမယ့် ဒီဘက်နှစ်ပိုင်းတွေမှာတော့ အရင်နှစ်တွေထက် အနုပညာရှင်တွေကိုယ်တိုင်ဘက်က ဆူဆူညံညံဝေဖန်လာကြတာကို တွေ့ရပါတယ်။

   -  မ်ဳိးေကခုိင္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။