Skip to main content
Ads Block




Unicode version

ဝေဠုကျော်၏ ရှေ့နေမှာ ခရိုင်တရားရုံးတွင် အမှုစစ်ရန်ရောက်နေသဖြင့်  ရုံးချိန်းရွှေ့ဆိုင်း

ကာမလိမ်လည်မှုနှင့် တရားရင်ဆိုင်နေရသော သရုပ်ဆောင် ဝေဠုကျော်ကို ယနေ့ မတ်လ၂၈ရက်တွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် (၆)ကြိမ်မြောက်ရုံးချိန်းအဖြစ် ခေါ်ယူစစ်ဆေးခဲ့သည်။
ယနေ့ရုံးချိန်းတွင် ဝေဠုကျော်၏ ရှေ့နေမှာ ခရိုင်တရားရုံးတွင် အမှုစစ်ရန်ရောက်ရှိခြင်းကြောင့် ရုံးချိန်းကို ရွှေ့ဆိုင်းလိုက်သည်။
“ဒီနေ့ကတော့ အမှုမစစ်ဖြစ်ပါဘူး။ အကုန်လုံး စုံစုံလင်လင် ရောက်လာကြပေမယ့် ကိုဝေဠုကျော်ရဲ့ရှေ့နေ ဦးဖိုးဖြူက ခရိုင်မှာ အမှုစစ်ဖို့ ရှိလို့ ခရိုင်ရုံးကို ဦးစားပေးတဲ့အနေနဲ့ မစစ်တာပါ”ဟု တရားလိုဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောသည်။
ရုံးချိန်းကို လာမည့် ဧပြီလ(၁၁)ရက်ကို ပြန်လည်ချိန်းဆိုလိုက်ပြီး တရားလို အလှမယ်သင်းသင်းကို ဆက်လက်စစ်ဆေးမည် ဖြစ်သည်။

 - ထက်ဝေလင်း(အကုန်သိသတင်းဌာန)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။