Skip to main content
စီးပြားေရးလုပ္ငန္းရွင္ႀကီးတစ္ဦး၏ အကူအညီျဖင့္ ျပင္သစ္ႏိုင္ငံက ႏိုင္ငံတကာ႐ုပ္ရွင္သင္တန္းေက်ာင္းတစ္ခု ျမန္မာႏိုင္ငံမွာ ဖြင့္လွစ္မည္
Ads Block

စီးပြားေရးလုပ္ငန္းရွင္ႀကီးတစ္ဦး၏ အကူအညီျဖင့္ ျပင္သစ္ႏိုင္ငံက ႏိုင္ငံတကာ႐ုပ္ရွင္သင္တန္းေက်ာင္းတစ္ခု ျမန္မာႏိုင္ငံမွာ ဖြင့္လွစ္မည္

ျမန္မာႏိုင္ငံစီးပြားေရး လုပ္ငန္းရွင္ႀကီး တစ္ဦး၏ အကူအညီျဖင့္ ျပင္သစ္ႏိုင္ငံမွ ႏိုင္ငံတကာ႐ုပ္ရွင္သင္တန္းေက်ာင္းတစ္ခုႏွင့္ ခ်ိတ္ဆက္ကာ ႐ုပ္ရွင္သင္တန္းေက်ာင္း တစ္ေက်ာင္းကို ျမန္မာႏိုင္ငံတြင္ ေအာက္တိုဘာလ အတြင္း ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးဥကၠ႒ ဦးဇင္ဝိုင္းကေျပာသည္။
“ မႏွစ္က ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ဒီစင္ျမင့္ေပၚကေန မိန႔္ၾကားသြားသလို ဒီႏွစ္လည္း ထပ္မံ မိန႔္ၾကားသြားသလို ျပင္ပစီးပြားေရး လုပ္ငန္းရွင္ႀကီးမ်ားကလည္း မိမိတို႔ရဲ႕ အက်ိဳးစီးပြားကို ဦးမတည္ပဲ ႐ုပ္ရွင္ေလာက ဖြံ႕ၿဖိဳးတိုး တက္ဖို႔ ဖန္တီးေပးၾကပါ။ ဝိုင္းဝန္းႀကိဳးစားေပးၾကပါလို႔ မွာသြားတဲ့အတိုင္း ျပင္ပမွ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ျပင္သစ္ႏိုင္ငံက ႏိုင္ငံတကာ ႐ုပ္ရွင္သင္တန္းေက်ာင္းနဲ႔ ခ်ိတ္ဆက္လို႔ လာမယ့္ ေအာက္တိုဘာလမွာ အတြင္းမွာပဲ ျမန္မာႏိုင္ငံမွာ ႐ုပ္ရွင္သင္တန္း ေက်ာင္း တစ္ခုကို ႏိုင္ငံတကာ အဆင့္မီ ဖြင့္လွစ္ႏိုင္ေတာ့မွာျဖစ္ပါတယ္။ အဆိုပါ သင္တန္းေက်ာင္းမွာ ၂ႏွစ္သင္တန္း၊ ၃ ႏွစ္ သင္တန္း စသည္ျဖင့္ တက္ေရာက္ၿပီးပါက ႏိုင္ငံတကာ အသိအမွတ္ျပဳဘြဲ႕၊ ဒီဂရီမ်ား ခ်ီးျမႇင့္သြားမွာျဖစ္ပါတယ္” ဟု ၎က ေျပာ သည္။
အဆိုပါ သင္တန္းကို တက္ေရာက္ႏိုင္ျခင္းမရွိေတာ့သည္ ႐ုပ္ရွင္ေလာကသားမ်ား လက္ရွိလုပ္ ကိုင္ေနၾကသူမ်ားကို မြမ္းမံသင္ တန္းမ်ား တက္ႏိုင္ရန္ ၂ လ၊ ၃ လ သင္တန္းမ်ားကို ဖြင့္လွစ္ႏိုင္ရန္လည္း စီစဥ္ေနေၾကာင္း သိရသည္။
သင္တန္းသြားေရာက္တက္ၾကမသည့္ စက္မႈလုပ္သားမ်ား၊ အသံပညာရွင္မ်ား၊ သ႐ုပ္ေဆာင္မ်ားကို လိုအပ္သည့္ ခရီးစရိတ္၊ စား စရိတ္မ်ား ျမန္မာႏိုင္ငံ႐ုပ္ရွင္ အစည္းအ႐ုံးမွ က်ခံသုံးစြဲၿပီး ေစလႊတ္စီမံထားေၾကာင္း သိရသည္။
ထို႔ျပင္ ၂၀၁၉ ခုႏွစ္ ဧၿပီလမွစတင္ၿပီး ျမန္မာႏိုင္ငံတြင္ ကိုရီးယားႏိုင္ငံမွ ဖင္လင္စတူဒီယို တစ္ခုမွလည္း JCJB ကုမၸဏီ၏ ဦး ေဆာင္ မႈျဖင့္ ျပန္ၾကားေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံ႐ုပ္ရွင္ အစည္းအ႐ုံးတို႔ ပူးေပါင္းကာ ၁၂ႏွစ္မွ ၁၆ႏွစ္အတြင္းရွိ လူငယ္ ၃၀ ဦးကို ႏွစ္စဥ္သင္တန္းေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)


Unicode version

စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး၏ အကူအညီဖြင့် ပြင်သစ်နိုင်ငံက နိုင်ငံတကာရုပ်ရှင်သင်တန်းကျောင်းတစ်ခု မြန်မာနိုင်ငံမှာ ဖွင့်လှစ်မည်
မြန်မာနိုင်ငံစီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦး၏ အကူအညီဖြင့် ပြင်သစ်နိုင်ငံမှ နိုင်ငံတကာရုပ်ရှင်သင်တန်းကျောင်းတစ်ခုနှင့် ချိတ်ဆက်ကာ ရုပ်ရှင်သင်တန်းကျောင်း တစ်ကျောင်းကို မြန်မာနိုင်ငံတွင် အောက်တိုဘာလ အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောသည်။
“ မနှစ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဒီစင်မြင့်ပေါ်ကနေ မိန့်ကြားသွားသလို ဒီနှစ်လည်း ထပ်မံ မိန့်ကြားသွားသလို ပြင်ပစီးပွားရေး လုပ်ငန်းရှင်ကြီးများကလည်း မိမိတို့ရဲ့ အကျိုးစီးပွားကို ဦးမတည်ပဲ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုး တက်ဖို့ ဖန်တီးပေးကြပါ။ ဝိုင်းဝန်းကြိုးစားပေးကြပါလို့ မှာသွားတဲ့အတိုင်း ပြင်ပမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြင်သစ်နိုင်ငံက နိုင်ငံတကာ ရုပ်ရှင်သင်တန်းကျောင်းနဲ့ ချိတ်ဆက်လို့ လာမယ့် အောက်တိုဘာလမှာ အတွင်းမှာပဲ မြန်မာနိုင်ငံမှာ ရုပ်ရှင်သင်တန်း ကျောင်း တစ်ခုကို နိုင်ငံတကာ အဆင့်မီ ဖွင့်လှစ်နိုင်တော့မှာဖြစ်ပါတယ်။ အဆိုပါ သင်တန်းကျောင်းမှာ ၂နှစ်သင်တန်း၊ ၃ နှစ် သင်တန်း စသည်ဖြင့် တက်ရောက်ပြီးပါက နိုင်ငံတကာ အသိအမှတ်ပြုဘွဲ့၊ ဒီဂရီများ ချီးမြှင့်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြော သည်။
အဆိုပါ သင်တန်းကို တက်ရောက်နိုင်ခြင်းမရှိတော့သည် ရုပ်ရှင်လောကသားများ လက်ရှိလုပ် ကိုင်နေကြသူများကို မွမ်းမံသင် တန်းများ တက်နိုင်ရန် ၂ လ၊ ၃ လ သင်တန်းများကို ဖွင့်လှစ်နိုင်ရန်လည်း စီစဉ်နေကြောင်း သိရသည်။
သင်တန်းသွားရောက်တက်ကြမသည့် စက်မှုလုပ်သားများ၊ အသံပညာရှင်များ၊ သရုပ်ဆောင်များကို လိုအပ်သည့် ခရီးစရိတ်၊ စား စရိတ်များ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ကျခံသုံးစွဲပြီး စေလွှတ်စီမံထားကြောင်း သိရသည်။
ထို့ပြင် ၂၀၁၉ ခုနှစ် ဧပြီလမှစတင်ပြီး မြန်မာနိုင်ငံတွင် ကိုရီးယားနိုင်ငံမှ ဖင်လင်စတူဒီယို တစ်ခုမှလည်း JCJB ကုမ္ပဏီ၏ ဦး ဆောင် မှုဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးတို့ ပူးပေါင်းကာ ၁၂နှစ်မှ ၁၆နှစ်အတွင်းရှိ လူငယ် ၃၀ ဦးကို နှစ်စဉ်သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။