Skip to main content
၂၀၁၈ အကယ္ဒမီဆုေပးပဲြႀကီးက ရွက္စရာအလြန္ေကာင္းတယ္လို႔ေဝဖန္လိုက္တဲ့ အကယ္ဒမီ လြင္မိုး
Ads Block

၂၀၁၈ အကယ္ဒမီဆုေပးပဲြႀကီးက ရွက္စရာအလြန္ေကာင္းတယ္လို႔ေဝဖန္လိုက္တဲ့ အကယ္ဒမီ လြင္မိုး

၂၀၁၈ အကယ္ဒမီေပးပြဲနဲ႔ ပတ္သက္ၿပီး ပရိသတ္ေမွ်ာ္လင့္ထားၾကတဲ့ဇာတ္ကားေတြနဲ႔ သရုပ္ေဆာင္ေတြ မရရွိၾကတဲ့အေပၚ ေ၀ဖန္မႈေတြရွွိေနပါတယ္။ 
ဒီလိုပဲ အကယ္ဒမီလြင္မိုးဟာလည္း သူ႕ရဲ႕ Facebook စာမ်က္ႏွာေပၚမွာ “တခြန္းတည္းေျပာမယ္ ၂၀၁၈ အကယ္ဒမီ ရွက္စရာအလြန္ေကာင္းသည္” လို႔ ေရးသားေဖာ္ျပထားပါတယ္။ 
“ကိုယ့္ေလာကအေၾကာင္းျဖစ္ေတာ့ မခံခ်င္ဘူး။ မခံခ်င္ရေအာင္လည္း မလုပ္နိုင္။ လုပ္တာေတြကလည္း တလဲြ။ ကၽြန္ေတာ္လည္းသိတာေပါ့။ ပိုေတာင္သိေသး။ ဘယ္ကားဘယ္လုိေကာင္းတယ္ဆိုတာထက္ ဘာေၾကာင့္ေကာင္းတာလဲ။ သူတို႔ေကာင္းေအာင္ ဘယ္လုိလုပ္လိုက္လဲ။ ဘာနဲ႔လုပ္လုိက္လဲ အမ်ားႀကီးပါ။ ကၽြန္ေတာ္တို႔အတြက္ သရုပ္ေဆာင္ေတြအတြက္ မေကာင္းတဲ့ဇာတ္ကားဆိုတာ မရိွဘူး။ ဘာေၾကာင့္ မေကာင္းျဖစ္ရတာလဲဆုိၿပီး အေျဖရွာၿပီး ၾကည့္တတ္က်တယ္။ အဓိကျပႆနာက လူငယ္ေတြေနရာမရတာ ဆုေရြးခ်ယ္ေရးမွာေရာ၊ အုပ္ခ်ဳပ္ေရးမွာေရာ၊ ေခတ္မမွီနဲ႕ လူေတြမ်ားႀကီး နီးစပ္ရာနဲ႔ ေပ်ာ္ေနၾကတယ္။ သိပ္လည္း ဂရုမစိုက္ဘူး။ မွားလည္းခပ္တည္တည္ပဲ။ မခင္ရင္၊ မသိရင္ သူတို႔ကို ဂါရဝမျပဳရင္ တလဲြလုပ္တတ္ၾကတယ္။ ကန္ရင္ပိုဆိုးေရာ။ ဂရုမစိုက္တာ အမ်ားေကာင္းဖို႔ ဒီဘဲႀကီးေတြကို ရိုင္းရေတာ့မယ္။” ဆိုၿပီး သူ႕ Post ေအာက္က Comment ေတြမွာလည္း ထပ္မံ ေရးသားထားပါတယ္။ 
ဒါ့အျပင္ “ဘိတ္ဆံုးက ဆုေၾကညာတဲ့ဘိတ္သားေတာင္ စာရြက္ကို ဖတ္ရင္း မ်က္လံုးေလးပင့္ၿပီး ရွက္သြားေလးရဲ႕” ဆိုၿပီး ကြန္မန္႕ေပးထားကုိ လြင္မိုးက “ညစ္ပါတယ္ဗ်ာ” ဆိုၿပီး စာျပန္ထားတာကို ေတြ႔ရပါတယ္။
၂၀၁၈ အကယ္ဒမီဆုခ်ီးျမွင့္ပဲြႀကီးနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြႀကားမွာေရာ၊ အႏုပညာရွင္ေတြၾကားမွာေရာ ေဝဖန္မႈေတြမ်ားျပားၿပီးေတာ့ အားရေက်နပ္မႈမရိွတဲ့ ႏွစ္တစ္ႏွစ္ျဖစ္တယ္လို႔လည္း သိရပါတယ္။

 - မ်ိဳးေကခိုင္(အကုန္သိသတင္းဌာန)

Unicode version

၂၀၁၈ အကယ်ဒမီဆုပေးပွဲကြီးက ရှက်စရာအလွန် ကောင်းတယ်လို့ဝေဖန်လိုက်တဲ့ အကယ်ဒမီ လွင်မိုး

၂၀၁၈ အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီး ပရိသတ်မျှော်လင့်ထားကြတဲ့ဇာတ်ကားတွေနဲ့ သရုပ်ဆောင်တွေ မရရှိကြတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။ 
ဒီလိုပဲ အကယ်ဒမီလွင်မိုးဟာလည်း သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ “တခွန်းတည်းပြောမယ် ၂၀၁၈ အကယ်ဒမီ ရှက်စရာ အလွန် ကောင်းသည်” လို့ ရေးသားဖော်ပြထားပါတယ်။ 
“ကိုယ့်လောကအကြောင်းဖြစ်တော့ မခံချင်ဘူး။ မခံချင်ရအောင်လည်း မလုပ်နိုင်။ လုပ်တာတွေကလည်း တလွဲ။ ကျွန်တော်လည်းသိတာပေါ့။ ပိုတောင်သိသေး။ ဘယ်ကားဘယ်လိုကောင်းတယ်ဆိုတာထက် ဘာကြောင့်ကောင်းတာလဲ။ သူတို့ကောင်းအောင် ဘယ်လိုလုပ်လိုက်လဲ။ ဘာနဲ့လုပ်လိုက်လဲ အများကြီးပါ။ ကျွန်တော်တို့အတွက် သရုပ်ဆောင်တွေအတွက် မကောင်းတဲ့ဇာတ်ကားဆိုတာ မရှိဘူး။ ဘာကြောင့် မကောင်းဖြစ်ရတာလဲဆိုပြီး အဖြေရှာပြီး ကြည့်တတ်ကျတယ်။ အဓိကပြဿနာက လူငယ်တွေနေရာမရတာ ဆုရွေးချယ်ရေးမှာရော၊ အုပ်ချုပ်ရေးမှာရော၊ ခေတ်မမှီနဲ့ လူတွေများကြီး နီးစပ်ရာနဲ့ ပျော်နေကြတယ်။ သိပ်လည်း ဂရုမစိုက်ဘူး။ မှားလည်းခပ်တည်တည်ပဲ။ မခင်ရင်၊ မသိရင် သူတို့ကို ဂါရဝမပြုရင် တလွဲလုပ်တတ်ကြတယ်။ ကန်ရင်ပိုဆိုးရော။ ဂရုမစိုက်တာ အများကောင်းဖို့ ဒီဘဲကြီးတွေကို ရိုင်းရတော့မယ်။” ဆိုပြီး သူ့ Post အောက်က Comment တွေမှာလည်း ထပ်မံ ရေးသားထားပါတယ်။ 
ဒါ့အပြင် “ဘိတ်ဆုံးက ဆုကြေညာတဲ့ဘိတ်သားတောင် စာရွက်ကို ဖတ်ရင်း မျက်လုံးလေးပင့်ပြီး ရှက်သွားလေးရဲ့” ဆိုပြီး ကွန်မန့်ပေးထားကို လွင်မိုးက “ညစ်ပါတယ်ဗျာ” ဆိုပြီး စာပြန်ထားတာကို တွေ့ရပါတယ်။
၂၀၁၈ အကယ်ဒမီဆုချီးမြှင့်ပွဲကြီးနဲ့ပတ်သက်ပြီး ပရိသတ်တွေကြားမှာရော၊ အနုပညာရှင်တွေကြားမှာရော ဝေဖန်မှုတွေများပြားပြီးတော့ အားရကျေနပ်မှုမရှိတဲ့ နှစ်တစ်နှစ်ဖြစ်တယ်လို့လည်း သိရပါတယ်။

 - မျိုးကေခိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။