Skip to main content
ၿပိဳင္ပြဲတြင္ ေအာင္ျမင္ျခင္း မေအာင္ျမင္ျခင္းထက္ လက္ေ႐ြးစင္အသင္းကို အေထာက္အကူေပးႏိုင္ေအာင္ ျပင္ဆင္ထားေၾကာင္း ျမန္မာ ယူ ၂၂ နည္းျပခ်ဳပ္ ေျပာ
Ads Block

ၿပိဳင္ပြဲတြင္ ေအာင္ျမင္ျခင္း မေအာင္ျမင္ျခင္းထက္ လက္ေ႐ြးစင္အသင္းကို အေထာက္အကူေပးႏိုင္ေအာင္ ျပင္ဆင္ထားေၾကာင္း ျမန္မာ ယူ ၂၂ နည္းျပခ်ဳပ္ ေျပာ

ယခုယွဥ္ၿပိဳင္မည့္ အာရွ ယူ ၂၃ ေျခစစ္ပြဲတြင္ ျမန္မာ ယူ ၂၂ အသင္းအေနျဖင့္ ေအာင္ျမင္ျခင္း မေအာင္ျမင္ျခင္းထက္ အသင္းမွကစားသမားမ်ားကို လက္ေ႐ြးစင္အသင္းအတြက္ အေထာက္အကူေပးႏိုင္ေအာင္ ျပင္ဆင္ထားေၾကာင္း ျမန္မာ ယူ ၂၂ နည္းျပခ်ဳပ္ ဗီလ္ဇာပို႔ေပါ့က ေျပာသည္။
မတ္လ ၂၁ ရက္က ရန္ကုန္ၿမိဳ႕ Inya Lake Hotel တြင္ က်င္းပသည့္ ၿပိဳင္ပြဲႀကိဳသတင္းစာရွင္းလင္းပြဲတြင္ အထက္ပါအတိုင္း ေျပာၾကားလိုက္ျခင္း ျဖစ္သည္။
"အခုေျခစစ္ပြဲမွာေတာ့ ဂ်ပန္အသင္းက အင္အားအႀကီးဆုံး ျဖစ္လို႔ အုပ္စု ဒုတိယေနရာ အေကာင္းဆုံးရဖို႔သာ ႀကိဳးစားရမွာပါ။ ဒီၿပိဳင္ပြဲမွာ ေအာင္ျမင္တာ ျဖစ္ျဖစ္ မေအာင္ျမင္တာ ျဖစ္ျဖစ္ ဒါက လက္ေ႐ြးစင္အသင္း မဟုတ္ပါဘူး ယူ ၂၂ ပါ။ ဒီအသင္းက ကစားသမားေတြက လက္ေ႐ြးစင္အသင္းကို အေထာက္အကူေပးရမယ့္သူေတြပါ။ အဲ့ဒါေၾကာင့္ ဒီၿပိဳင္ပြဲတြင္ ေအာင္ျမင္ျခင္း မေအာင္ျမင္ျခင္းထက္ လက္ေ႐ြးစင္အသင္းကို အေထာက္အကူေပးႏိုင္ေအာင္ပဲ ျပင္ဆင္ထားပါတယ္" ဟု ျမန္မာ ယူ ၂၂ နည္းျပခ်ဳပ္ ဗီလ္ဇာပို႔ေပါ့က ေျပာသည္။
ျမန္မာယူ ၂၂ အသင္းသည္ အုပ္စု (ဈ) တြင္ မကာအို၊ ဂ်ပန္၊ တီေမာအသင္းတို႔ႏွင့္ တစ္အုပ္စုတည္းက်ေရာက္ေနၿပီး မတ္လ ၂၂ ရက္တြင္ တီေမာအသင္း၊ ၂၄ ရက္တြင္ မကာအိုအသင္း၊ ၂၆ ရက္တြင္ ဂ်ပန္အသင္းတို႔ႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ ျဖစ္သည္။
ပြဲစဥ္မ်ားကို ရန္ကုန္ၿမိဳ႕ သုဝဏၰကြင္းတြင္ က်င္းပသြားမည္ျဖစ္ၿပီး လက္မွတ္ေဈးႏႈန္းမ်ားမွာ အထူးတန္း ၃၀၀၀ ႏွင့္ ႐ိုး႐ိုးတန္း ၂၀၀၀ က်ပ္တို႔ ျဖစ္သည္။

- ထက္ေဝလင္း(အကုန္သိသတင္းဌာန)

Unicode version

ပြိုင်ပွဲတွင် အောင်မြင်ခြင်း မအောင်မြင်ခြင်းထက် လက်ရွေးစင်အသင်းကို အထောက်အကူပေးနိုင်အောင် ပြင်ဆင်ထားကြောင်း မြန်မာ ယူ ၂၂ နည်းပြချုပ် ပြော

ယခုယှဉ်ပြိုင်မည့် အာရှ ယူ ၂၃ ခြေစစ်ပွဲတွင် မြန်မာ ယူ ၂၂ အသင်းအနေဖြင့် အောင်မြင်ခြင်း မအောင်မြင်ခြင်းထက် အသင်းမှကစားသမားများကို လက်ရွေးစင်အသင်းအတွက် အထောက်အကူပေးနိုင်အောင် ပြင်ဆင်ထားကြောင်း မြန်မာ ယူ ၂၂ နည်းပြချုပ် ဗီလ်ဇာပို့ပေါ့က ပြောသည်။
မတ်လ ၂၁ ရက်က ရန်ကုန်မြို့ Inya Lake Hotel တွင် ကျင်းပသည့် ပြိုင်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
"အခုခြေစစ်ပွဲမှာတော့ ဂျပန်အသင်းက အင်အားအကြီးဆုံး ဖြစ်လို့ အုပ်စု ဒုတိယနေရာ အကောင်းဆုံးရဖို့သာ ကြိုးစားရမှာပါ။ ဒီပြိုင်ပွဲမှာ အောင်မြင်တာ ဖြစ်ဖြစ် မအောင်မြင်တာ ဖြစ်ဖြစ် ဒါက လက်ရွေးစင်အသင်း မဟုတ်ပါဘူး ယူ ၂၂ ပါ။ ဒီအသင်းက ကစားသမားတွေက လက်ရွေးစင်အသင်းကို အထောက်အကူပေးရမယ့်သူတွေပါ။ အဲ့ဒါကြောင့် ဒီပြိုင်ပွဲတွင် အောင်မြင်ခြင်း မအောင်မြင်ခြင်းထက် လက်ရွေးစင်အသင်းကို အထောက်အကူပေးနိုင်အောင်ပဲ ပြင်ဆင်ထားပါတယ်" ဟု မြန်မာ ယူ ၂၂ နည်းပြချုပ် ဗီလ်ဇာပို့ပေါ့က ပြောသည်။
မြန်မာယူ ၂၂ အသင်းသည် အုပ်စု (ဈ) တွင် မကာအို၊ ဂျပန်၊ တီမောအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး မတ်လ ၂၂ ရက်တွင် တီမောအသင်း၊ ၂၄ ရက်တွင် မကာအိုအသင်း၊ ၂၆ ရက်တွင် ဂျပန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
ပွဲစဉ်များကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများမှာ အထူးတန်း ၃၀၀၀ နှင့် ရိုးရိုးတန်း ၂၀၀၀ ကျပ်တို့ ဖြစ်သည်။

- ထက်ဝေလင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။