Skip to main content
တရုတ္ ဓါတုပစၥည္း စက္ရံုေပါက္ကြဲသျဖင့္ လူအမ်ားအျပားေသဆံုး၊ ရာခ်ီဒဏ္ရာရ 
Ads Block

တရုတ္ ဓါတုပစၥည္း စက္ရံုေပါက္ကြဲသျဖင့္ လူအမ်ားအျပားေသဆံုး၊ ရာခ်ီဒဏ္ရာရ 

တရုတ္ႏုိင္ငံအေရွ႕ပိုင္းရွိ ဓါတုစက္ရံုတစ္ခုမွာ ယမန္ေန႔က ေပါက္ကြဲမႈျဖစ္ခဲ့တာေၾကာင့္ ေသဆံုးသူျမင့္တက္ေနၿပီး ၄၄ ဦး ေသဆံုးကာ ၆၄၀ ဦး ဒဏ္ရာရသြားခဲ့တယ္လို႔ တရုတ္မီဒီယာေတြက ေဖာ္ျပပါတယ္။ တရုတ္ Tianjiayi ဓါတုပစၥည္းထုတ္လုပ္ေရး ကုမၸဏီကပိုင္ဆုိင္တဲ့ ယမ္ခ်န္ၿမိဳ႕ရွိ စက္ရံုမွာ ယမန္ေန႔ ေနလယ္ပိုင္းက ေပါက္ကြဲမႈျဖစ္ခဲ့ပါတယ္။ အဆုိပါ စက္ရံုမွာ ဓါတ္ေျမၾသဇာေတြ ထုတ္လုပ္တာျဖစ္ၿပီး မီးေလာင္ၿပီးေနာက္ ေပါက္ကြဲမႈေတြ ဆက္တုိက္ျဖစ္လာခဲ့တယ္လို႔ တရုတ္အာဏာပိုင္ေတြက ေျပာပါတယ္။

တရုတ္ ဓါတုပစၥည္း စက္ရံုေပါက္ကြဲသျဖင့္ လူအမ်ားအျပားေသဆံုး၊ ရာခ်ီဒဏ္ရာရ 

ေပါက္ကြဲမႈျဖစ္ခ်ိန္မွာ ၂ ဒသမ ၂ မဂၢနီက်ဴအဆင့္ရွိ ေျမငလ်င္လႈပ္ခတ္မႈမ်ိဳးေတြလည္း ရွိေနခဲ့တယ္လို႔ တရုတ္ငလ်င္တုိင္းတာေရး အဖြဲ႔ကဆုိပါတယ္။ ေပါက္ကြဲမႈေၾကာင့္စက္ရံုအတြင္းရွိ အေဆာက္ဦးေတြ ထိခုိက္ပ်က္စီးသြားခဲ့ေၾကာင္း၊ ေပါက္ကြဲမႈျပင္းထန္ၿပီး စက္ရံုအတြင္းက အလုပ္သမားေတြ ပိတ္မိေနခဲ့ေၾကာင္း သတင္းေတြက ဆုိပါတယ္။ ေပါက္ကြဲမႈျဖစ္ပြားခ်ိန္မွာ စက္ရံုအမုိးေတြ ၿပိဳက်ခဲ့ၿပီး တံခါးမႀကီးေတြ ျပတင္းေပါက္ေတြလည္း ပ်က္စီးခဲ့တယ္လို႔ စက္ရံု၀န္ထမ္းက ေျပာပါတယ္။ မီးေလာင္မႈကိုေတာ့ ေန႔လည္သံုးနာရီမွာ မီးသတ္သမားေတြက ထိန္းခ်ဳပ္ႏုိင္ခဲ့တယ္လို႔ တရုတ္အာဏာပိုင္ေတြက ေျပာပါတယ္။ တရုတ္ စက္မႈလုပ္ငန္း၊ စက္ရံုေတြမွာ မၾကာခဏ ေဘးအႏၱာရယ္ျဖစ္မႈေတြ ရွိေနပါတယ္။ တရုတ္ႏုိင္ငံ Zhangjiakou. ၿမိဳ႕ေျမာက္ပိုင္းမွာ ၂၀၁၈ ခုနွစ္ ႏို၀င္ဘာလက ဓါတုပစၥည္းထုတ္လုပ္တဲ့စက္ရံု ေပါက္ကြဲမႈျဖစ္ခဲ့တာေၾကာင့္ ၂၂ ဦးေသဆံုးကာ ၂၂ ဦး ဒဏ္ရာရခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၁၈ ခုႏွစ္ ဇူလုိင္လတုန္းကလည္း စီခၽြမ္ျပည္နယ္ အေနာက္ေတာင္ပိုင္းရွိ ဓါတုပစၥည္း စက္ရံုမွာ ေပါက္ကြဲမႈျဖစ္ခဲ့တာေၾကာင့္ ၁၃ ဦးေသဆံုးသြားခဲ့တယ္လို႔သိရပါတယ္။

- ေကာင္းထက္ (အကုန္သိ သတင္းဌာန)

 

Unicode version

တရုတ် ဓါတုပစ္စည်း စက်ရုံပေါက်ကွဲသဖြင့် လူအများအပြားသေဆုံး၊ ရာချီဒဏ်ရာရ 

တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ဓါတုစက်ရုံတစ်ခုမှာ ယမန်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် သေဆုံးသူမြင့်တက်နေပြီး ၄၄ ဦး သေဆုံးကာ ၆၄၀ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြပါတယ်။ တရုတ် Tianjiayi ဓါတုပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီကပိုင်ဆိုင်တဲ့ ယမ်ချန်မြို့ရှိ စက်ရုံမှာ ယမန်နေ့ နေလယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ အဆိုပါ စက်ရုံမှာ ဓါတ်မြေသြဇာတွေ ထုတ်လုပ်တာဖြစ်ပြီး မီးလောင်ပြီးနောက် ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်လာခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။

တရုတ္ ဓါတုပစၥည္း စက္ရံုေပါက္ကြဲသျဖင့္ လူအမ်ားအျပားေသဆံုး၊ ရာခ်ီဒဏ္ရာရ 

ပေါက်ကွဲမှုဖြစ်ချိန်မှာ ၂ ဒသမ ၂ မဂ္ဂနီကျူအဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုမျိုးတွေလည်း ရှိနေခဲ့တယ်လို့ တရုတ်ငလျင်တိုင်းတာရေး အဖွဲ့ကဆိုပါတယ်။ ပေါက်ကွဲမှုကြောင့်စက်ရုံအတွင်းရှိ အဆောက်ဦးတွေ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း၊ ပေါက်ကွဲမှုပြင်းထန်ပြီး စက်ရုံအတွင်းက အလုပ်သမားတွေ ပိတ်မိနေခဲ့ကြောင်း သတင်းတွေက ဆိုပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ စက်ရုံအမိုးတွေ ပြိုကျခဲ့ပြီး တံခါးမကြီးတွေ ပြတင်းပေါက်တွေလည်း ပျက်စီးခဲ့တယ်လို့ စက်ရုံဝန်ထမ်းက ပြောပါတယ်။ မီးလောင်မှုကိုတော့ နေ့လည်သုံးနာရီမှာ မီးသတ်သမားတွေက ထိန်းချုပ်နိုင်ခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ တရုတ် စက်မှုလုပ်ငန်း၊ စက်ရုံတွေမှာ မကြာခဏ ဘေးအန္တာရယ်ဖြစ်မှုတွေ ရှိနေပါတယ်။ တရုတ်နိုင်ငံ Zhangjiakou. မြို့မြောက်ပိုင်းမှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ဓါတုပစ္စည်းထုတ်လုပ်တဲ့စက်ရုံ ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ၂၂ ဦးသေဆုံးကာ ၂၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ် ဇူလိုင်လတုန်းကလည်း စီချွမ်ပြည်နယ် အနောက်တောင်ပိုင်းရှိ ဓါတုပစ္စည်း စက်ရုံမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ၁၃ ဦးသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

- ကောင်းထက် (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။