Skip to main content
ထားဝယ္ အထူးစီးပြားေရးဇုန္ စီမံကိန္းကို ျမန္မာ၊ ထိုင္း၊ ဂ်ပန္တို႔ အခ်ိဳးက် အစုရွယ္ယာ ထည့္ဝင္၍ ေဆာင္႐ြက္မည္
Ads Block

ထားဝယ္ အထူးစီးပြားေရးဇုန္ စီမံကိန္းကို ျမန္မာ၊ ထိုင္း၊ ဂ်ပန္တို႔ အခ်ိဳးက် အစုရွယ္ယာ ထည့္ဝင္၍ ေဆာင္႐ြက္မည္

ထားဝယ္ အထူးစီးပြားေရးဇုန္ စီမံကိန္းကို ျမန္မာ၊ ထိုင္း၊ ဂ်ပန္တို႔မွ အခ်ိဳးက် အစုရွယ္ယာထည့္ဝင္၍ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၏ ထုတ္ျပန္ေၾကညာခ်က္မွ သိရသည္။
အဆိုပါ စီမံကိန္းကို ယခင္က အျပည္ျပည္ဆိုင္ရာ လုပ္ငန္းကုမၸဏီ (အီတာလ်ံ - ထိုင္းကုမၸဏီ)မွ ေဆာင္႐ြက္မည္ျဖစ္ေသာ္လည္း သတ္မွတ္ထားသည့္ အခ်ိန္ကာလအတြင္း လိုအပ္သည့္ေငြေၾကးကို ရွာေဖြေပးႏိုင္ျခင္းမရွိသည့္အတြက္ ရပ္နားထားခဲ့ရေၾကာင္း သိရသည္။ 
အဆိုပါ စီမံကိန္းကို ျပန္လည္စတင္ႏိုင္ရန္အတြက္ ျမန္မာ၊ ထိုင္း၊ ဂ်ပန္တို႔မွ အခ်ိဳးက် အစုရွယ္ယာထည့္ဝင္၍ Dawei SEZ Development ကုမၸဏီလီမိတက္အျဖစ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ဒီစီမံကိန္းကို အျမန္ဆုံးအေကာင္အထည္ေဖာ္ႏိုင္ဖို႔ႀကိဳးစားေနပါတယ္။ လက္ရွိအစိုးရကလည္း ဒီစီမံကိန္းကို စတင္ႏိုင္ဖို႔ ကြင္း ဆင္းစစ္ေဆးမႈေတြ လုပ္ေနတယ္။ ရင္းႏွီးျမႇဳပ္ႏွံမယ့္ ႏိုင္ငံေတြကလည္း လာၿပီးေလ့လာေနတာေတြရွိတယ္။ အရင္ဦးဆုံး Phase 1 ကို စၿပီးလုပ္ေဆာင္ပါမယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈ ဖိုရမ္ပြဲမွာလည္း ဒီစီမံကိန္းနဲ႔ ပတ္သက္ၿပီး ဖိတ္ေခၚခဲ့ပါတယ္”ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ထားဝယ္အထူးစီးပြားေရးဇုန္ စီမံကိန္းသည္ ထားဝယ္မွ ကန္ခ်နာပူရီသို႔ ေဖာက္လုပ္မည့္ အျမန္လမ္းေပၚတြင္ မူတည္ေနၿပီး အဆိုပါ လမ္းကို သုံးႏွစ္အတြင္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။
ယင္းအျပင္ ထားဝယ္အထူးစီးပြားေရးဇုန္၏ ပထမအဆင့္စီမံကိန္းတြင္ ထိုင္းႏိုင္ငံ၊ ကန္ခ်နာဘူရီႏွင့္ စီပြားေရးဇုန္ကို ခ်ိတ္ဆက္ေပးသည့္ ႏွစ္လမ္းသြား ေမာ္ေတာ္ကားလမ္း ေဖာက္လုပ္ျခင္းႏွင့္ ေရေလွာင္ကန္၊ ဆက္သြယ္ေရးဝန္ေဆာင္မႈ၊ LNG စက္႐ုံတို႔ ပါဝင္သည့္ ၿမိဳ႕ျပစီမံကိန္းတို႔ပါဝင္ၿပီး အဆိုပါ ပထမအဆင့္စီမံကိန္းကို တ႐ုတ္ႏိုင္ငံႏွင့္ ဂ်ပန္ႏိုင္ငံတို႔မွ အဓိကကူညီပံ့ပိုး ေပးထားၿပီး ထားဝယ္အထူး စီးပြားေရးဇုန္စီမံကိန္း၏ ပထမအဆင့္ ကုန္က်ေငြမွာ ကန္ေဒၚလာ ၂ ဘီလ်ံ ကုန္က်မည္ ျဖစ္ေၾကာင္းလည္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ ေျပာၾကားခ်က္မွ သိရသည္။

- စုသက္ႏွင္း(အကုန္သိ သတင္းဌာန)

Unicode version

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို မြန်မာ၊ ထိုင်း၊ ဂျပန်တို့ အချိုးကျ အစုရှယ်ယာ ထည့်ဝင်၍ ဆောင်ရွက်မည်

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို မြန်မာ၊ ထိုင်း၊ ဂျပန်တို့မှ အချိုးကျ အစုရှယ်ယာထည့်ဝင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်မှ သိရသည်။
အဆိုပါ စီမံကိန်းကို ယခင်က အပြည်ပြည်ဆိုင်ရာ လုပ်ငန်းကုမ္ပဏီ (အီတာလျံ - ထိုင်းကုမ္ပဏီ)မှ ဆောင်ရွက်မည်ဖြစ်သော်လည်း သတ်မှတ်ထားသည့် အချိန်ကာလအတွင်း လိုအပ်သည့်ငွေကြေးကို ရှာဖွေပေးနိုင်ခြင်းမရှိသည့်အတွက် ရပ်နားထားခဲ့ရကြောင်း သိရသည်။ 
အဆိုပါ စီမံကိန်းကို ပြန်လည်စတင်နိုင်ရန်အတွက် မြန်မာ၊ ထိုင်း၊ ဂျပန်တို့မှ အချိုးကျ အစုရှယ်ယာထည့်ဝင်၍ Dawei SEZ Development ကုမ္ပဏီလီမိတက်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ကြိုးစားနေပါတယ်။ လက်ရှိအစိုးရကလည်း ဒီစီမံကိန်းကို စတင်နိုင်ဖို့ ကွင်း ဆင်းစစ်ဆေးမှုတွေ လုပ်နေတယ်။ ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံတွေကလည်း လာပြီးလေ့လာနေတာတွေရှိတယ်။ အရင်ဦးဆုံး Phase 1 ကို စပြီးလုပ်ဆောင်ပါမယ်။ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ပွဲမှာလည်း ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဖိတ်ခေါ်ခဲ့ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် ထားဝယ်မှ ကန်ချနာပူရီသို့ ဖောက်လုပ်မည့် အမြန်လမ်းပေါ်တွင် မူတည်နေပြီး အဆိုပါ လမ်းကို သုံးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ထားဝယ်အထူးစီးပွားရေးဇုန်၏ ပထမအဆင့်စီမံကိန်းတွင် ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီနှင့် စီပွားရေးဇုန်ကို ချိတ်ဆက်ပေးသည့် နှစ်လမ်းသွား မော်တော်ကားလမ်း ဖောက်လုပ်ခြင်းနှင့် ရေလှောင်ကန်၊ ဆက်သွယ်ရေးဝန်ဆောင်မှု၊ LNG စက်ရုံတို့ ပါဝင်သည့် မြို့ပြစီမံကိန်းတို့ပါဝင်ပြီး အဆိုပါ ပထမအဆင့်စီမံကိန်းကို တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အဓိကကူညီပံ့ပိုး ပေးထားပြီး ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း၏ ပထမအဆင့် ကုန်ကျငွေမှာ ကန်ဒေါ်လာ ၂ ဘီလျံ ကုန်ကျမည် ဖြစ်ကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်မှ သိရသည်။

- စုသက်နှင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။