Skip to main content
Ads Block

မြန်မာတွေ ပြေးဖို့ လိုပြီလို့ ဒေါ်အောင်ဆန်းစုကြည် ပြော (ရုပ်သံ)



Unicode version

အရင်အစိုးရနဲ့အဆင်ပြေတယ်၊ ဒီအစိုးရနဲ့အဆင်မပြေဘူးဆိုတဲ့ ပုံစံတွေ မလိုချင်တော့ကြောင်း၊ အရင်တုန်းက မလုပ်သင့်မလုပ်ထိုက်တာတွေ လုပ်ခဲ့မိရင်လည်း လက်ရှိအချိန်ကနေစတင်ပြီး မလုပ်ဖို့လိုအပ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံဟာ အတိတ်ကာလတုန်းက ဒေသတွင်းမှာထိပ်တန်းနိုင်ငံဖြစ်ခဲ့ပေမယ့် လက်ရှိ နောက်ဆုံးကိုရောက်နေတဲ့အတွက် အပင်ပန်းခံကြဖို့လိုနေပြီလို့လည်း ဆိုပါတယ်။ အထူးသဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သော စကားအတိုင်း ပြေးရန်လိုအပ်နေပြီလို့ပြောကြားခဲ့ခြင်းပဲ ဖြစ်ပါတယ်။ 

ရိုက်ကူး  - အတိုင်ပင်ခံရုံးဖေ့ဘွတ် ၊ တည်းဖြတ် - မိုးတိမ်

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။