Skip to main content
ေကာ္ဖီသီးကို သန္႔စင္အေျခာက္ခံကာ ေရာင္းခ်ပါက ေစ်းပိုရေသာ္လည္း လိုအပ္ခ်က္မ်ားဒေၾကာင့္ အစိုအတိုင္းသာ ေရာင္းခ်ေနရ
Ads Block

ေကာ္ဖီသီးကို သန္႔စင္အေျခာက္ခံကာ ေရာင္းခ်ပါက ေစ်းပိုရေသာ္လည္း လိုအပ္ခ်က္မ်ားဒေၾကာင့္ အစိုအတိုင္းသာ ေရာင္းခ်ေနရ

ေကာ္ဖီသီးအစိုထက္ အေျခာက္ခံ၍ သန္႔စင္ကာ ေရာင္းခ်ျခင္းသည္ တစ္ပိႆာလွ်င္ ၇၅ ရာခိုင္ႏႈန္း ေက်ာ္ပိုရေသာ္လည္း ေတာင္သူမ်ားအေနျဖင့္ ေကာ္ဖီသီးအစိုအတိုင္းသာ ေရာင္းခ်ႏိုင္ေၾကာင္းဟု ရွမ္းျပည္နယ္၊ ရြာငံၿမိဳ႕၊ အလယ္ကိုင္းရြာရွိ ေကာ္ဖီ စိုက္ေျမ ၂ ဧကခန္႔ပိုင္ဆိုင္သူ ဦးညႊန္႔လိႈင္က အကုန္ သိသတင္းဌာနသို႔ ေျပာၾကားသည္။ 
ေကာ္ဖီသီးမ်ားကို အပင္မွခူးဆြတ္ၿပီး မသန္႔စင္ဘဲ ႏို႔ဆီဗူး ဆယ္လံုးကိုက္ အစိုတစ္ျပည္လွ်င္ က်ပ္ ၈၀၀ ခန္႔ႏွင့္ သန္႔စင္ၿပီး အစုိတစ္ျပည္လွ်င္ က်ပ္ ၁၂၀၀ ခန္႔သာရရွိေသာ္လည္း သန္႔စင္အေျခာက္ခံၿပီး ျပည္ပတင္ပို႔ေရာင္းခ်ပါက တစ္ပိႆာလွ်င္ က်ပ္ ၂၂၀၀၀ ခန္႔ ရရွိေၾကာင္း ၄င္းက ဆိုသည္။ 
“ေကာ္ဖီသီးအစို ၄ ျပည္ကို အေျခာက္ခံရင္ တစ္ျပည္ျပန္ရတယ္။ အစိုေလးျပည္က (က်ပ္)  ၅၀၀၀ ေလာက္ပဲရတယ္။ အ ေျခာက္ခံၿပီး ေရာင္းရင္ တစ္ပိႆာကို ျမန္မာေငြနဲ႔ တြက္ရင္ (က်ပ္) ၂၂၀၀၀ ေလာက္ရတယ္။ ျပည္ပက ဝယ္တဲ့လူေတြ လာ ၾကတယ္။ ဒါေပမယ့္ ေတာင္သူေတြက အစိုအတိုင္းပဲ ေရာင္းႏိုင္တယ္။ ကုမၸဏီေတြကမွ အေျခာက္ခံၿပီး တင္ပို႔ေနၾကတယ္” ဟု ဦးညႊန္႔လိႈင္က ဆိုသည္။ 
ယင္းသို႔ ေကာဖီသီးအစိုကို အေျခာက္ခံကာ ျပည္ပတင္ပို႔ေရာင္းခ်ပါက ေစ်းႏႈန္းမ်ားစြာပိုရရွိေသာ္လည္း  စက္ပစၥည္းဝယ္ယူရန္၊  ကၽြမ္းက်င္လုပ္သားမ်ားငွားရမ္းရန္ စသည့္အရင္းအႏွီး ကုန္က်စရိတ္မ်ား လိုအပ္ခ်က္ရွိသျဖင့္ ေတာင္သူမ်ားအေနျဖင့္ ေရာင္းခ် ႏိုင္ျခင္း မရွိေၾကာင္း၊ ကုမၸဏီမ်ားအေနျဖင့္သာ ေတာင္သူမ်ားထံမွ ေကာ္ဖီသီး အစုိအတုိင္းဝယ္ယူကာ သန္႔စင္အေျခာက္ခံကာ တန္ဖိုးျမင့္ထုတ္ ကုန္ျပဳလုပ္၍ ျပည္ပသို႔တင္ပု႔ိေရာင္းခ်ေနေၾကာင္း ၄င္းက ဆိုသည္။ 
“အေျခာက္ခံတာက စက္ေတြလိုတယ္။ စက္ပစၥည္းမျပည့္စံုေတာ့ မလုပ္ႏုိင္ဘူး။ လူငွားဖု႔ိလည္း ေငြေရး ေၾကးေရးလိုတယ္။ ကၽြမ္းက်င္တဲ့ လူေတြ ငွားရမယ္။ လုပ္တဲ့လူက မကၽြမ္းက်င္ရင္ ပ်က္ဆီးသြားရင္ မေျခာက္ဘဲဆံုးရံႈးသြားရမယ္။ ဒီလို စရိတ္ မတတ္ႏုိင္တဲ့အတြက္ ေစ်းေကာင္းရေပမယ့္လည္း အစိုအတုိင္းပဲ ေရာင္းရတယ္” ဟု ဦးညႊန္႔လိႈင္က ဆက္လက္ေျပာၾကား သည္။ 
အေမရိကန္ႏိုင္ငံ၊ ဂ်ပန္ႏုိင္ငံ၊ မေလးရွားႏိုင္ငံ၊ ဗီယက္နမ္ႏိုင္ငံ၊ ထိုင္းႏိုင္ငံ စသည့္ႏိုင္ငံမ်ားမွ ေကာ္ဖီ ကၽြမ္းက်င္ပညာရွင္မ်ား အ ေနျဖင့္ ရွမ္းျပည္နယ္၊ ရြာငံၿမိဳ႕ရွိ အလယ္ကိုင္းရြာ၊ အင္ေတာရြာ၊ နပန္းႀကီး ရြာ၊ ပြင့္နဖားရြာ၊ ျမေစတီရြာမ်ားမွ ေကာ္ဖီၿခံမ်ားသို႔ ႏွစ္စဥ္လာေရာက္၍ ေလ့လာကာ ေကာ္ဖီစိုက္ပ်ိဳး ေရးပညာမ်ား မွ်ေဝသင္ၾကားေပးေလ့ရွိေၾကာင္း၊ အရည္အေသြးႀကိဳက္ ႏွစ္ သက္ေသာ ေကာ္ဖီသီးမ်ား ရွိပါက ေစ်းေကာင္းေပး၍ ဝယ္ယူေလ့ရွိေၾကာင္း ၄င္းက ဆိုသည္။ 
လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ ေကာ္ဖီစိုက္ပ်ဳိးသည့္ ဧက (၃၅၀၀၀) ေက်ာ္ရွိၿပီျဖစ္ၿပီး ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေျမာက္ပိုင္းႏွင့္ မႏၱ ေလး တိုင္တို႔တြင္ အဓိကစိုက္ပ်ိဳးကာ ထုတ္လုပ္မႈ ပမာဏမွာ တန္ခ်ိန္ (မတ္ထ ရစ္) ၁၂၀၀၀ ခန္႔ရွိေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံမွ ထြက္ရွိေသာ ေကာ္ဖီမ်ား၏ (၈၅) ရာခိုင္ႏႈန္းမွာ Arabica ျဖစ္ၿပီး၊ (၁၄) ရာခိုင္ႏႈန္းမွာ Robusta ႏွင့္ (၁) ရာခိုင္ႏႈန္း မွာ အျခားမိ်ဳးမ်ားျဖစ္သည္။

- သင္းသင္းလိႈင္ (အကုန္သိသတင္းဌာန)


Unicode version

ကော်ဖီသီးကို သန့်စင်အခြောက်ခံကာ ရောင်းချပါက ဈေးပိုရသော်လည်း လိုအပ်ချက်များဒကြောင့် အစိုအတိုင်းသာ ရောင်းချနေရ
ကော်ဖီသီးအစိုထက် အခြောက်ခံ၍ သန့်စင်ကာ ရောင်းချခြင်းသည် တစ်ပိဿာလျှင် ၇၅ ရာခိုင်နှုန်း ကျော်ပိုရသော်လည်း တောင်သူများအနေဖြင့် ကော်ဖီသီးအစိုအတိုင်းသာ ရောင်းချနိုင်ကြောင်းဟု ရှမ်းပြည်နယ်၊ ရွာငံမြို့၊ အလယ်ကိုင်းရွာရှိ ကော်ဖီ စိုက်မြေ ၂ ဧကခန့်ပိုင်ဆိုင်သူ ဦးညွှန့်လှိုင်က အကုန် သိသတင်းဌာနသို့ ပြောကြားသည်။ 
ကော်ဖီသီးများကို အပင်မှခူးဆွတ်ပြီး မသန့်စင်ဘဲ နို့ဆီဗူး ဆယ်လုံးကိုက် အစိုတစ်ပြည်လျှင် ကျပ် ၈၀၀ ခန့်နှင့် သန့်စင်ပြီး အစိုတစ်ပြည်လျှင် ကျပ် ၁၂၀၀ ခန့်သာရရှိသော်လည်း သန့်စင်အခြောက်ခံပြီး ပြည်ပတင်ပို့ရောင်းချပါက တစ်ပိဿာလျှင် ကျပ် ၂၂၀၀၀ ခန့် ရရှိကြောင်း ၎င်းက ဆိုသည်။ 
“ကော်ဖီသီးအစို ၄ ပြည်ကို အခြောက်ခံရင် တစ်ပြည်ပြန်ရတယ်။ အစိုလေးပြည်က (ကျပ်)  ၅၀၀၀ လောက်ပဲရတယ်။ အ ခြောက်ခံပြီး ရောင်းရင် တစ်ပိဿာကို မြန်မာငွေနဲ့ တွက်ရင် (ကျပ်) ၂၂၀၀၀ လောက်ရတယ်။ ပြည်ပက ဝယ်တဲ့လူတွေ လာ ကြတယ်။ ဒါပေမယ့် တောင်သူတွေက အစိုအတိုင်းပဲ ရောင်းနိုင်တယ်။ ကုမ္ပဏီတွေကမှ အခြောက်ခံပြီး တင်ပို့နေကြတယ်” ဟု ဦးညွှန့်လှိုင်က ဆိုသည်။ 
ယင်းသို့ ကောဖီသီးအစိုကို အခြောက်ခံကာ ပြည်ပတင်ပို့ရောင်းချပါက ဈေးနှုန်းများစွာပိုရရှိသော်လည်း  စက်ပစ္စည်းဝယ်ယူရန်၊  ကျွမ်းကျင်လုပ်သားများငှားရမ်းရန် စသည့်အရင်းအနှီး ကုန်ကျစရိတ်များ လိုအပ်ချက်ရှိသဖြင့် တောင်သူများအနေဖြင့် ရောင်းချ နိုင်ခြင်း မရှိကြောင်း၊ ကုမ္ပဏီများအနေဖြင့်သာ တောင်သူများထံမှ ကော်ဖီသီး အစိုအတိုင်းဝယ်ယူကာ သန့်စင်အခြောက်ခံကာ တန်ဖိုးမြင့်ထုတ် ကုန်ပြုလုပ်၍ ပြည်ပသို့တင်ပု့ိရောင်းချနေကြောင်း ၎င်းက ဆိုသည်။ 
“အခြောက်ခံတာက စက်တွေလိုတယ်။ စက်ပစ္စည်းမပြည့်စုံတော့ မလုပ်နိုင်ဘူး။ လူငှားဖု့ိလည်း ငွေရေး ကြေးရေးလိုတယ်။ ကျွမ်းကျင်တဲ့ လူတွေ ငှားရမယ်။ လုပ်တဲ့လူက မကျွမ်းကျင်ရင် ပျက်ဆီးသွားရင် မခြောက်ဘဲဆုံးရှုံးသွားရမယ်။ ဒီလို စရိတ် မတတ်နိုင်တဲ့အတွက် ဈေးကောင်းရပေမယ့်လည်း အစိုအတိုင်းပဲ ရောင်းရတယ်” ဟု ဦးညွှန့်လှိုင်က ဆက်လက်ပြောကြား သည်။ 
အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ စသည့်နိုင်ငံများမှ ကော်ဖီ ကျွမ်းကျင်ပညာရှင်များ အ နေဖြင့် ရှမ်းပြည်နယ်၊ ရွာငံမြို့ရှိ အလယ်ကိုင်းရွာ၊ အင်တောရွာ၊ နပန်းကြီး ရွာ၊ ပွင့်နဖားရွာ၊ မြစေတီရွာများမှ ကော်ဖီခြံများသို့ နှစ်စဉ်လာရောက်၍ လေ့လာကာ ကော်ဖီစိုက်ပျိုး ရေးပညာများ မျှဝေသင်ကြားပေးလေ့ရှိကြောင်း၊ အရည်အသွေးကြိုက် နှစ် သက်သော ကော်ဖီသီးများ ရှိပါက ဈေးကောင်းပေး၍ ဝယ်ယူလေ့ရှိကြောင်း ၎င်းက ဆိုသည်။ 
လက်ရှိတွင် မြန်မာနိုင်ငံ၌ ကော်ဖီစိုက်ပျိုးသည့် ဧက (၃၅၀၀၀) ကျော်ရှိပြီဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် မန္တ လေး တိုင်တို့တွင် အဓိကစိုက်ပျိုးကာ ထုတ်လုပ်မှု ပမာဏမှာ တန်ချိန် (မတ်ထ ရစ်) ၁၂၀၀၀ ခန့်ရှိကြောင်း သိရသည်။ 
မြန်မာနိုင်ငံမှ ထွက်ရှိသော ကော်ဖီများ၏ (၈၅) ရာခိုင်နှုန်းမှာ Arabica ဖြစ်ပြီး၊ (၁၄) ရာခိုင်နှုန်းမှာ Robusta နှင့် (၁) ရာခိုင်နှုန်း မှာ အခြားမျိုးများဖြစ်သည်။

- သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။