Skip to main content
တစ္႐ြာလုံးကို မီးေလာင္တိုက္သြင္းပစ္မည္ဟု ေအာ္ဟစ္ေျပာဆိုကာ ေနအိမ္ၿခံစည္း႐ိုးအား မီးရႈိ႕သူကို အမႈဖြင့္
Ads Block

တစ္႐ြာလုံးကို မီးေလာင္တိုက္သြင္းပစ္မည္ဟု ေအာ္ဟစ္ေျပာဆိုကာ ေနအိမ္ၿခံစည္း႐ိုးအား မီးရႈိ႕သူကို အမႈဖြင့္

တစ္႐ြာလုံးကို မီးေလာင္တိုက္သြင္းပစ္မည္ဟု ေအာ္ဟစ္ေျပာဆိုကာ ေနအိမ္ၿခံစည္း႐ိုးအား မီးရႈိ႕သူကို ေရနံေခ်ာင္းၿမိဳ႕၊ ေညာင္လွနယ္ေျမရဲစခန္းတြင္ မတ္လ ၁၃ ရက္ေန႔က အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။
ေရနံေခ်ာင္းၿမိဳ႕ ဘဲဆိပ္ေက်း႐ြာအုပ္စု၊ သဖန္းေခ်ာင္းေက်း႐ြာတြင္ မတ္လ ၁၃ ရက္က ေဇာ္မိုးဝင္း(၃၇)ႏွစ္သည္ ၎၏ေနအိမ္၌ အရက္ေသာက္စားမူးယစ္ကာ ဇနီးျဖစ္သူႏွင့္ စကားမ်ားၿပီး တစ္႐ြာလုံးကို မီးေလာင္တိုက္သြင္းပစ္မည္ဟုေအာ္ဟစ္ေျပာဆိုကာ ကိုင္းပင္မ်ားျဖင့္ ကာရံထားေသာ ၿခံစည္း႐ိုးအား ေနအိမ္ေျမာက္မွ စတင္၍ မီးရႈိ႕ခဲ့သျဖင့္ ၿခံစည္း႐ိုး ေပ ၆၀ ခန႔္မွာ မီးေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အိမ္နီးခ်င္းျဖစ္သူ ဦးၾကည္ခင္(၄၂)ႏွစ္၏ ေနအိမ္ၿခံစည္း႐ိုးအစပ္ထိ မီးေလာင္ကြၽမ္းခဲ့ရာ ႐ြာသူ/သား ၃၀ ဦးခန႔္က ဝိုင္းဝန္း၍ ျငႇိမ္း သတ္ခဲ့ရေၾကာင္း ရဲစခန္းသတင္းထုတ္ျပန္ခ်က္အရ သိရသည္။
အဆိူပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဦးၾကည္ခင္မွ တရားလိုျပဳလုပ္၍ ေညာင္လွနယ္ေျမရဲစခန္းသို႔ တိုင္တန္းခဲ့ရာ ေညာင္လွနယ္ေျမရဲ စခန္းမွ (ပ)/၄၆ - ၂၀၁၉ ရာဇသတ္ႀကီး ပုဒ္မ ၄၃၆ ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

- ေက်ာ္သက္ႏိုင္ - မင္းလွ(အကုန္သိ သတင္းဌာန)


Unicode version

တစ်ရွာလုံးကို မီးလောင်တိုက်သွင်းပစ်မည်ဟု အော်ဟစ်ပြောဆိုကာ နေအိမ်ခြံစည်းရိုးအား မီးရှို့သူကို အမှုဖွင့်

တစ်ရွာလုံးကို မီးလောင်တိုက်သွင်းပစ်မည်ဟု အော်ဟစ်ပြောဆိုကာ နေအိမ်ခြံစည်းရိုးအား မီးရှို့သူကို ရေနံချောင်းမြို့၊ ညောင်လှနယ်မြေရဲစခန်းတွင် မတ်လ ၁၃ ရက်နေ့က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ရေနံချောင်းမြို့ ဘဲဆိပ်ကျေးရွာအုပ်စု၊ သဖန်းချောင်းကျေးရွာတွင် မတ်လ ၁၃ ရက်က ဇော်မိုးဝင်း(၃၇)နှစ်သည် ၎င်း၏နေအိမ်၌ အရက်သောက်စားမူးယစ်ကာ ဇနီးဖြစ်သူနှင့် စကားများပြီး တစ်ရွာလုံးကို မီးလောင်တိုက်သွင်းပစ်မည်ဟုအော်ဟစ်ပြောဆိုကာ ကိုင်းပင်များဖြင့် ကာရံထားသော ခြံစည်းရိုးအား နေအိမ်မြောက်မှ စတင်၍ မီးရှို့ခဲ့သဖြင့် ခြံစည်းရိုး ပေ ၆၀ ခန့်မှာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိမ်နီးချင်းဖြစ်သူ ဦးကြည်ခင်(၄၂)နှစ်၏ နေအိမ်ခြံစည်းရိုးအစပ်ထိ မီးလောင်ကျွမ်းခဲ့ရာ ရွာသူ/သား ၃၀ ဦးခန့်က ဝိုင်းဝန်း၍ ငြှိမ်း သတ်ခဲ့ရကြောင်း ရဲစခန်းသတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိူပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးကြည်ခင်မှ တရားလိုပြုလုပ်၍ ညောင်လှနယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ရာ ညောင်လှနယ်မြေရဲ စခန်းမှ (ပ)/၄၆ - ၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

- ကျော်သက်နိုင် - မင်းလှ(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။