Skip to main content
Online ခ်စ္သူအမ်ိဳးသားက ေနာက္ရည္းစားထားသည့္ ဧည့္ႀကိဳဝန္ထမ္းအမ်ိဳးသမီးကို ဓားျဖင့္ထိုးသတ္
Ads Block

Online ခ်စ္သူအမ်ိဳးသားက ေနာက္ရည္းစားထားသည့္ ဧည့္ႀကိဳဝန္ထမ္းအမ်ိဳးသမီးကို ဓားျဖင့္ထိုးသတ္

လူခ်င္းမေတြ႕ဖူးသည့္ အြန္လိုင္းခ်စ္သူအမ်ိဳးသားမွ တည္းခိုခန္းဧည့္ႀကိဳဝန္ထမ္း အမ်ိဳးသမီးကို ေနာက္ရည္းစားထားသည္ဟု ယူဆကာ ဓားျဖင့္ထိုးသတ္မႈျဖစ္စဥ္တစ္ခု ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔(မတ္လ ၁၄ ရက္)၊ နံနက္ ၁ နာရီခန႔္တြင္ တာခ်ီလိတ္ၿမိဳ႕၊ ေဆးခမ္းရပ္ကြက္ရွိ တည္းခိုခန္းတစ္ခုတြင္ အလုပ္ လုပ္ကိုင္ေနေသာ အသက္၂၂ ႏွစ္အ႐ြယ္ မစုစုလႈိင္သည္ ဓားျဖင့္အထိုးခံရေၾကာင္း သတင္းေပးခ်က္အရ တာခ်ီလိတ္ၿမိဳ႕မ ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးခဲ့ေၾကာင္း သိရသည္။

Online ခ်စ္သူအမ်ိဳးသားက ေနာက္ရည္းစားထားသည့္ ဧည့္ႀကိဳဝန္ထမ္းအမ်ိဳးသမီးကို ဓားျဖင့္ထိုးသတ္


စစ္ေဆးခ်က္အရ မစုစုလႈိင္၏ လည္ပင္း၊ ရင္အုံ၊ ေျခ၊ လက္မ်ား၌ ဓားဒဏ္ရာ စုစုေပါင္း ၈ ခ်က္ခန႔္ရရွိခဲ့သည့္အတြက္ တာခ်ီ လိတ္ ေဆး႐ုံသို႔ ခ်က္ခ်င္းတင္ပို႔ေပးခဲ့ၾကေသာ္လည္း နံနက္ ၅ နာရီခန႔္တြင္ ေသဆုံးသြားခဲ့ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မ ရဲတပ္ဖြဲ႕ထံမွ သိရသည္။
မစုစုလႈိင္ မေသဆုံးခင္ ထြက္ဆိုေျပာျပခ်က္အရ ျပစ္မႈက်ဴးလြန္သူမွာ online ၌ ခ်စ္သူျဖစ္ေနၾကသည့္ ပခုကၠဴၿမိဳ႕ေန သန္းေ၀ ဆိုသူျဖစ္ၿပီး ေနာက္ရည္းစားထားသည္ဟု ေျပာဆိုရန္ေတြ႕ကာ ဓားျဖင့္လာေရာက္ထိုးသြားျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရွိခဲ့ၾက သည္။
“အျပင္မွာ လုံးဝမျမင္ဖူးၾကဘဲနဲ႔ အြန္လိုင္းေပၚမွာ ခ်စ္သူျဖစ္ေနၾကတာတဲ့။ အဲဒါကို ေသဆုံးသူကေန တည္းခိုခန္းမွာ အတူတူ အလုပ္လုပ္ေနတဲ့ ေကာင္ေလးနဲ႔ ခ်စ္ႀကိဳက္ေနတာကို သန္းေဝဆိုတဲ့ေကာင္က သိရွိခဲ့ရာက ပခုကၠဴကေန တာခ်ီလိတ္အထိ လာ ေရာက္ၿပီး အခုလိုဓားနဲ႔ ထိုးသြားလိုက္တာပါပဲ။ အျပင္မွာမျမင္ဖူးဘဲနဲ႔ သဝန္တိုၿပီး ဓားနဲ႔ ဒီအထိ လာထိုးသတ္တာကို ေျပာတာပါ။ အခုေတာ့ ထြက္ေျပးလြတ္ေျမာက္ေနတုန္းပဲ” ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ျပစ္မႈက်ဴးလြန္ကာ ထြက္ေျပးတိမ္းေရွာင္သြားေသာ သန္းေဝ(ပခုကၠဴၿမိဳ႕ေနသူ)ကို တာခ်ီလိတ္ၿမိဳ႕မ ရဲစ ခန္းမွ ရာဇသတ္ႀကီး ပုဒ္မ - ၃၀၂ ျဖင့္ အမႈဖြင့္ကာ ဖမ္းဆီးရမိေရးအတြက္ စုံစမ္းရွာေဖြေနေၾကာင္း သတင္းရရွိသည္။ 
ဓာတ္ပုံ - တာခ်ီလိတ္ခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန

- ဒါးဇ(အကုန္သိ သတင္းဌာန)

Unicode version

Online ချစ်သူအမျိုးသားက နောက်ရည်းစားထားသည့် ဧည့်ကြိုဝန်ထမ်းအမျိုးသမီးကို ဓားဖြင့်ထိုးသတ်
လူချင်းမတွေ့ဖူးသည့် အွန်လိုင်းချစ်သူအမျိုးသားမှ တည်းခိုခန်းဧည့်ကြိုဝန်ထမ်း အမျိုးသမီးကို နောက်ရည်းစားထားသည်ဟု ယူဆကာ ဓားဖြင့်ထိုးသတ်မှုဖြစ်စဉ်တစ်ခု ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(မတ်လ ၁၄ ရက်)၊ နံနက် ၁ နာရီခန့်တွင် တာချီလိတ်မြို့၊ ဆေးခမ်းရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် အလုပ် လုပ်ကိုင်နေသော အသက်၂၂ နှစ်အရွယ် မစုစုလှိုင်သည် ဓားဖြင့်အထိုးခံရကြောင်း သတင်းပေးချက်အရ တာချီလိတ်မြို့မ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ မစုစုလှိုင်၏ လည်ပင်း၊ ရင်အုံ၊ ခြေ၊ လက်များ၌ ဓားဒဏ်ရာ စုစုပေါင်း ၈ ချက်ခန့်ရရှိခဲ့သည့်အတွက် တာချီ လိတ် ဆေးရုံသို့ ချက်ချင်းတင်ပို့ပေးခဲ့ကြသော်လည်း နံနက် ၅ နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း တာချီလိတ်မြို့မ ရဲတပ်ဖွဲ့ထံမှ သိရသည်။
မစုစုလှိုင် မသေဆုံးခင် ထွက်ဆိုပြောပြချက်အရ ပြစ်မှုကျူးလွန်သူမှာ online ၌ ချစ်သူဖြစ်နေကြသည့် ပခုက္ကူမြို့နေ သန်းေ၀ ဆိုသူဖြစ်ပြီး နောက်ရည်းစားထားသည်ဟု ပြောဆိုရန်တွေ့ကာ ဓားဖြင့်လာရောက်ထိုးသွားခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ကြ သည်။
“အပြင်မှာ လုံးဝမမြင်ဖူးကြဘဲနဲ့ အွန်လိုင်းပေါ်မှာ ချစ်သူဖြစ်နေကြတာတဲ့။ အဲဒါကို သေဆုံးသူကနေ တည်းခိုခန်းမှာ အတူတူ အလုပ်လုပ်နေတဲ့ ကောင်လေးနဲ့ ချစ်ကြိုက်နေတာကို သန်းဝေဆိုတဲ့ကောင်က သိရှိခဲ့ရာက ပခုက္ကူကနေ တာချီလိတ်အထိ လာ ရောက်ပြီး အခုလိုဓားနဲ့ ထိုးသွားလိုက်တာပါပဲ။ အပြင်မှာမမြင်ဖူးဘဲနဲ့ သဝန်တိုပြီး ဓားနဲ့ ဒီအထိ လာထိုးသတ်တာကို ပြောတာပါ။ အခုတော့ ထွက်ပြေးလွတ်မြောက်နေတုန်းပဲ” ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်ကာ ထွက်ပြေးတိမ်းရှောင်သွားသော သန်းဝေ(ပခုက္ကူမြို့နေသူ)ကို တာချီလိတ်မြို့မ ရဲစ ခန်းမှ ရာဇသတ်ကြီး ပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေနေကြောင်း သတင်းရရှိသည်။ 
ဓာတ်ပုံ - တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

- ဒါးဇ(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။