Skip to main content
ႏုိင္ဂ်ီးရီးယားတြင္ ၃ ထပ္တုိက္တစ္လုံး ၿပိဳက်ခဲ့ၿပီး ကေလးငယ္မ်ားအပါအ၀င္ ေသဆုံးသူ ၁၀ ဦးထက္မနည္း ရွိလာ 
Ads Block

ႏုိင္ဂ်ီးရီးယားတြင္ ၃ ထပ္တုိက္တစ္လုံး ၿပိဳက်ခဲ့ၿပီး ကေလးငယ္မ်ားအပါအ၀င္ ေသဆုံးသူ ၁၀ ဦးထက္မနည္း ရွိလာ 

ႏုိင္ဂ်ီးရီးယားရဲ႕ စီးပြားေရးၿမိဳ႕ေတာ္ လာဂုိ႔စ္မွာ မတ္လ ၁၃ ရက္ေန႔မနက္က တုိက္တစ္လုံးၿပိဳက်ခဲ့ရာ လူ ၁၀ ဦးထက္မနည္း ေသဆုံးခဲ့ၿပီး ပိတ္မိေနသူအခ်ဳိ႕ က်န္ေနေသးေၾကာင္း သိရပါတယ္။
ယင္းတုိက္မွာ မူႀကိဳနဲ႔မူလတန္းေက်ာင္းလည္း ရွိေနခဲ့ၿပီး ကေလး ၁၀၀ ေက်ာ္ခန္႔ တက္ေရာက္ ေနခဲ့ေၾကာင္း သိရပါတယ္။ တုိက္ပ်က္အပုံေအာက္မွ ကေလးငယ္ ၆ ဦး အပါအဝင္ လူ ၅၀ ေက်ာ္ကုိ ကယ္တင္ႏုိင္ခဲ့ေပမယ့္ အခ်ိဳ႕က ေဆး႐ုံကုတင္ေပၚမွာ ေသဆုံးကုန္ၾကၿပီလုိ႔ သိရပါတယ္။ ေဆး႐ုံမွာေသဆုံးသူ အေရအတြက္ကုိေတာ့ မထုတ္ျပန္ထားပါဘူး။

ႏုိင္ဂ်ီးရီးယားတြင္ ၃ ထပ္တုိက္တစ္လုံး ၿပိဳက်ခဲ့ၿပီး ကေလးငယ္မ်ားအပါအ၀င္ ေသဆုံးသူ ၁၀ ဦးထက္မနည္း ရွိလာ 


တုုိက္ၿပိဳရာသုိ႔ လာဂုိ႔စ္ျပည္နယ္ဝန္ႀကီးခ်ဳပ္ကုိယ္တုိင္ လာေရာက္ၾကည့္႐ွဳခဲ့ရာ ေက်ာင္းသားနဲ႔ အိမ္ေနလူေတြ ဒါဇင္နဲ႔ခ်ီ ပိတ္မိေနေသးေၾကာင္း၊ ၄င္းတုိ႔ကုိ ကယ္ဆယ္ရန္ ဆက္လက္ႀကိဳးစား ေနၾကေၾကာင္း ေျပာၾကားခဲ့ပါတယ္။
ယင္းအေဆာက္အအုံဟာ ၃ ထပ္တုိက္ျဖစ္ၿပီး ေျမညီထပ္မွာ ေစ်းဆုိင္ခန္းေတြ၊ ပထမထပ္မွာ စာသင္ေက်ာင္းတစ္ေက်ာင္းနဲ႔ ဒုတိယထပ္မွာ လူေနအိမ္ေတြ ရွိခဲ့ပါတယ္။ ဒါေပမဲ့ ယင္းတုိက္ဟာ လူေနရန္သီးသန္႔ျဖစ္ၿပီး စာသင္ခန္းနဲ႔ေစ်းဆုိင္ေတြအတြက္ ခြင့္ျပဳခ်က္မေပးထားဘူးလုိ႔ ဆုိၾကပါတယ္။
၄င္းနဲ႔အနီးတစ္ဝုိက္က တုိက္အခ်ိဳ႕ဟာလည္း ၾကံ႕ခုိင္မႈအားနည္းတာေၾကာင့္ ၿဖိဳခ်သင့္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။ ယခုေက်ာင္းမွကေလးအခ်ိဳ႕ရဲ႕ မိဘေတြကေတာ့ လာဂုိစ့္ၿမိဳ႕လယ္ေခါင္ စီးပြားေရးအခ်က္အျခာေနရာက တုိက္အေတာ္မ်ားမ်ားဟာ ယိုယြင္းေနမွန္း ျမင္႐ုံနဲ႔တင္သိေလာက္ေအာင္ အေျခအေနဆုိးတာေၾကာင့္ ေက်ာင္းလာမဖြင့္သင့္ေၾကာင္း ေျပာခဲ့ပါတယ္။
ႏုိင္ဂ်ီရီးယားမွာ တုိက္ၿပိဳက်မႈေတြ ျဖစ္ေလ့ရွိပါတယ္။ ၂၀၁၆ ခုႏွစ္ တနဂၤေႏြေန႔တုန္းက အက္ကြာအီဘုံျပည္နယ္မွာ ဘုရားေက်ာင္းအမုိး ၿပိဳက်တဲ့အတြက္ လူ ၁၀၀ ထက္မနည္း ေသဆုံးခဲ့ရပါတယ္။ ၂၀၁၄ ခုႏွစ္က လာဂို႔စ္မွာလည္း ဘုရားေက်ာင္းပုိင္ တည္းခုိခန္း ၂ ထပ္တုိက္ တစ္လုံး ၿပိဳက်ခဲ့ရာ လူ ၇၀ ေက်ာ္ ေသဆုံးခဲ့ပါတယ္။ 
Ref: CNN 

- ZHO (အကုန္သိ သတင္းဌာန)


Unicode version

နိုင်ဂျီးရီးယားတွင် ၃ ထပ်တိုက်တစ်လုံး ပြိုကျခဲ့ပြီး ကလေးငယ်များအပါအဝင် သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိလာ 
နိုင်ဂျီးရီးယားရဲ့ စီးပွားရေးမြို့တော် လာဂို့စ်မှာ မတ်လ ၁၃ ရက်နေ့မနက်က တိုက်တစ်လုံးပြိုကျခဲ့ရာ လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ပိတ်မိနေသူအချို့ ကျန်နေသေးကြောင်း သိရပါတယ်။
ယင်းတိုက်မှာ မူကြိုနဲ့မူလတန်းကျောင်းလည်း ရှိနေခဲ့ပြီး ကလေး ၁၀၀ ကျော်ခန့် တက်ရောက် နေခဲ့ကြောင်း သိရပါတယ်။ တိုက်ပျက်အပုံအောက်မှ ကလေးငယ် ၆ ဦး အပါအဝင် လူ ၅၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပေမယ့် အချို့က ဆေးရုံကုတင်ပေါ်မှာ သေဆုံးကုန်ကြပြီလို့ သိရပါတယ်။ ဆေးရုံမှာသေဆုံးသူ အရေအတွက်ကိုတော့ မထုတ်ပြန်ထားပါဘူး။
တိုက်ပြိုရာသို့ လာဂို့စ်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ရာ ကျောင်းသားနဲ့ အိမ်နေလူတွေ ဒါဇင်နဲ့ချီ ပိတ်မိနေသေးကြောင်း၊ ၎င်းတို့ကို ကယ်ဆယ်ရန် ဆက်လက်ကြိုးစား နေကြကြောင်း ပြောကြားခဲ့ပါတယ်။
ယင်းအဆောက်အအုံဟာ ၃ ထပ်တိုက်ဖြစ်ပြီး မြေညီထပ်မှာ ဈေးဆိုင်ခန်းတွေ၊ ပထမထပ်မှာ စာသင်ကျောင်းတစ်ကျောင်းနဲ့ ဒုတိယထပ်မှာ လူနေအိမ်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ယင်းတိုက်ဟာ လူနေရန်သီးသန့်ဖြစ်ပြီး စာသင်ခန်းနဲ့ဈေးဆိုင်တွေအတွက် ခွင့်ပြုချက်မပေးထားဘူးလို့ ဆိုကြပါတယ်။
၎င်းနဲ့အနီးတစ်ဝိုက်က တိုက်အချို့ဟာလည်း ကြံ့ခိုင်မှုအားနည်းတာကြောင့် ဖြိုချသင့်နေပြီဖြစ်ကြောင်း သိရပါတယ်။ ယခုကျောင်းမှကလေးအချို့ရဲ့ မိဘတွေကတော့ လာဂိုစ့်မြို့လယ်ခေါင် စီးပွားရေးအချက်အခြာနေရာက တိုက်အတော်များများဟာ ယိုယွင်းနေမှန်း မြင်ရုံနဲ့တင်သိလောက်အောင် အခြေအနေဆိုးတာကြောင့် ကျောင်းလာမဖွင့်သင့်ကြောင်း ပြောခဲ့ပါတယ်။
နိုင်ဂျီရီးယားမှာ တိုက်ပြိုကျမှုတွေ ဖြစ်လေ့ရှိပါတယ်။ ၂၀၁၆ ခုနှစ် တနင်္ဂနွေနေ့တုန်းက အက်ကွာအီဘုံပြည်နယ်မှာ ဘုရားကျောင်းအမိုး ပြိုကျတဲ့အတွက် လူ ၁၀၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ်က လာဂို့စ်မှာလည်း ဘုရားကျောင်းပိုင် တည်းခိုခန်း ၂ ထပ်တိုက် တစ်လုံး ပြိုကျခဲ့ရာ လူ ၇၀ ကျော် သေဆုံးခဲ့ပါတယ်။ 
Ref: CNN 

- ZHO (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။