Skip to main content
ကင္ဂ်ဳံနန္ လုပ္ႀကံသတ္ျဖတ္မႈျဖင့္ ဖမ္းခံထားရသည့္ ဗီယက္နမ္သူကုိ လႊတ္မေပးႏုိင္ဟု မေလးရွား ျငင္းဆုိ 
Ads Block

ကင္ဂ်ဳံနန္ လုပ္ႀကံသတ္ျဖတ္မႈျဖင့္ ဖမ္းခံထားရသည့္ ဗီယက္နမ္သူကုိ လႊတ္မေပးႏုိင္ဟု မေလးရွား ျငင္းဆုိ 

ေျမာက္ကုိရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ရဲ႕၀မ္းကြဲ ညီအစ္ကုိ ကင္ဂ်ဳံနန္ကုိ လုပ္ႀကံသတ္ျဖတ္မႈ စြဲခ်က္နဲ ့ရင္ဆုိင္ေနရတဲ့ ဗီယက္နမ္အမ်ဳိးသမီးကုိ လႊတ္ေပးမွာ မဟုတ္ဘဲ ဆက္လက္ရုံးတင္စစ္ေဆးသြားမယ္လုိ ့ မေလးရွား ေရွ ့ေနေတြက မတ္လ ၁၄ ရက္ေန ့မွာ ေျပာဆုိခဲ့ကာ သူ႔ကုိ လႊတ္ေပးဖုိ ့ ဗီယက္နမ္အစုိးရရဲ႕ေတာင္းဆုိမႈကုိ ပယ္ခ်ခဲ့ပါတယ္။ 
ယင္းအမႈမွာ ဗီယက္နမ္သူ ေဒါင္သီဟြန္နဲ ့အတူ စြဲခ်က္တင္ခံထားရသူျဖစ္တဲ့ အင္ဒုိနီးရွား အမ်ဳိးသမီး ဆစ္တီ အစၥယာ့ခ်္ဟာ ၿပီးခဲ့တဲ့ တနလၤာေန ့က စြဲခ်က္ကေန လြတ္ေျမာက္သြားခဲ့ၿပီးေနာက္ ဟြန္ကုိလည္း လႊတ္ေပးဖုိ ့ ဗီယက္နမ္အစုိးက ေတာင္းဆုိ ခဲ့တာျဖစ္ပါတယ္။ 

ကင္ဂ်ဳံနန္ လုပ္ႀကံသတ္ျဖတ္မႈျဖင့္ ဖမ္းခံထားရသည့္ ဗီယက္နမ္သူကုိ လႊတ္မေပးႏုိင္ဟု မေလးရွား ျငင္းဆုိ 


၂၀၁၇ ခုႏွစ္ ေဖေဖာ္၀ါရီလအတြင္းက ကြာလာလမ္ပူေလဆိပ္မွာ ကင္ကုိ ပိတ္ပင္ တားျမစ္ထားတဲ့ VX အဆိပ္ျဖင့္ လုပ္ႀကံသတ္ျဖတ္ခဲ့တယ္ဆုိကာ ဟြန္နဲ ့ အစၥယာ့ခ်္တုိ ့ကုိ စြဲခ်က္တင္ခဲ့တာျဖစ္ပါတယ္။ ကြာလာလမ္ပူၿမိဳ ့ျပင္က ရွာအလမ္တရားရုံးကုိ က်ည္ကာ အကၤ်ီ၀တ္ဆင္ထားကာ အနီေရာင္ ေခါင္းေပါင္း ပတ္ထားတဲ့ ဟြန္ ေရာက္ရွိလာခဲ့ပါတယ္။ လုပ္ႀကံသတ္ျဖတ္မႈ စြဲခ်က္နဲ ့ ယင္း တရားရုံးမွာ သူ တရားရင္ဆုိင္ေနရတာ တစ္ႏွစ္ခြဲရွိခဲ့ပါၿပီ။ သူ ့ကုိ လႊတ္ေပးမွာ မဟုတ္ဘူးဆုိတဲ့ သတင္းကုိ ၾကားခဲ့ခ်ိန္ တရားခံၿခံ၀န္းမွာ ရပ္ေနတဲ့ ဟြန္ ရႈိက္ငုိခဲ့ပါတယ္။ “ ဆစ္တီ လြတ္သြားလုိ ့ ကၽြန္မ မေက်မနပ္ မျဖစ္ပါဘူး။ ကၽြန္မ လူမသတ္ခဲ့ဘူး ဆုိတာ ဘုရားပဲ သိပါလိမ့္မယ္” လုိ ့လည္း မ်က္ရည္စီးက်ရင္း ဟြန္က သတင္းေထာက္ ေတြကုိ ေျပာဆုိခဲ့ပါတယ္။ သူ ့အတြက္ မိသားစုက ဆုေတာင္းေပးေစ ခ်င္ပါတယ္လုိ ့လည္း ဟြန္က ဆုိခဲ့ပါတယ္။ 
အမႈကုိ ဆက္လက္စစ္ေဆးဖုိ ့အတြက္ ဟြန္ဟာ စိတ္ပုိင္း၊ ရုပ္ပုိင္း ႀကံခုိင္ေကာင္းမြန္မႈ ရွိေၾကာင္း ၾကာသပေတးေန ့က ရုံးတင္စစ္ေဆးမႈမွာ တရားသူႀကီး အဇၨမီ ေအရီဖင္က ေျပာဆုိ ခဲ့ကာ အမႈစစ္ေဆးမႈကုိ ဧၿပီ ၁ ရက္ေန ့သုိ ့ ထပ္မံရက္ခ်ိန္းလုိက္ေၾကာင္း ဆုံးျဖတ္ခဲ့ပါတယ္။ 
ဟြန္ကုိ လႊတ္မေပးခဲ့တဲ့အတြက္ သူ အရမ္း စိတ္ပ်က္ရေၾကာင္း တရားရုံးကုိ လာေရာက္ခဲ့တဲ့ မေလးရွားႏုိင္ငံဆုိင္ရာ ဗီယက္နမ္သံအမတ္က AFP သတင္းဌာနကုိ ေျပာဆုိ ခဲ့ပါတယ္။ တရားမွ်တစြာ ေဆာင္ရြက္ေပးဖုိ ့နဲ ့သူ႔ကုိ ျဖစ္ႏုိင္သမွ် ျမန္ျမန္ လႊတ္ေပးဖုိ ့ မေလးရွား အစုိးရကုိ မိမိတုိ ့ေတာင္းဆုိသြားမွာျဖစ္ေၾကာင္းလည္း သံအမတ္က ေျပာဆုိခဲ့ပါတယ္။ 
Ref: CNA

- ကိုလင္း (အကုန္သိ သတင္းဌာန)

Unicode version

ကင်ဂျုံနန် လုပ်ကြံသတ်ဖြတ်မှုဖြင့် ဖမ်းခံထားရသည့် ဗီယက်နမ်သူကို လွှတ်မပေးနိုင်ဟု မလေးရှား ငြင်းဆို 
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ဝမ်းကွဲ ညီအစ်ကို ကင်ဂျုံနန်ကို လုပ်ကြံသတ်ဖြတ်မှု စွဲချက်နဲ့ရင်ဆိုင်နေရတဲ့ ဗီယက်နမ်အမျိုးသမီးကို လွှတ်ပေးမှာ မဟုတ်ဘဲ ဆက်လက်ရုံးတင်စစ်ဆေးသွားမယ်လို့ မလေးရှား ရှေ့နေတွေက မတ်လ ၁၄ ရက်နေ့မှာ ပြောဆိုခဲ့ကာ သူ့ကို လွှတ်ပေးဖို့ ဗီယက်နမ်အစိုးရရဲ့တောင်းဆိုမှုကို ပယ်ချခဲ့ပါတယ်။ 
ယင်းအမှုမှာ ဗီယက်နမ်သူ ဒေါင်သီဟွန်နဲ့အတူ စွဲချက်တင်ခံထားရသူဖြစ်တဲ့ အင်ဒိုနီးရှား အမျိုးသမီး ဆစ်တီ အစ္စယာ့ချ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က စွဲချက်ကနေ လွတ်မြောက်သွားခဲ့ပြီးနောက် ဟွန်ကိုလည်း လွှတ်ပေးဖို့ ဗီယက်နမ်အစိုးက တောင်းဆို ခဲ့တာဖြစ်ပါတယ်။ 
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ကွာလာလမ်ပူလေဆိပ်မှာ ကင်ကို ပိတ်ပင် တားမြစ်ထားတဲ့ VX အဆိပ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့တယ်ဆိုကာ ဟွန်နဲ့ အစ္စယာ့ချ်တို့ကို စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ ကွာလာလမ်ပူမြို့ပြင်က ရှာအလမ်တရားရုံးကို ကျည်ကာ အင်္ကျီဝတ်ဆင်ထားကာ အနီရောင် ခေါင်းပေါင်း ပတ်ထားတဲ့ ဟွန် ရောက်ရှိလာခဲ့ပါတယ်။ လုပ်ကြံသတ်ဖြတ်မှု စွဲချက်နဲ့ ယင်း တရားရုံးမှာ သူ တရားရင်ဆိုင်နေရတာ တစ်နှစ်ခွဲရှိခဲ့ပါပြီ။ သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူးဆိုတဲ့ သတင်းကို ကြားခဲ့ချိန် တရားခံခြံဝန်းမှာ ရပ်နေတဲ့ ဟွန် ရှိုက်ငိုခဲ့ပါတယ်။ “ ဆစ်တီ လွတ်သွားလို့ ကျွန်မ မကျေမနပ် မဖြစ်ပါဘူး။ ကျွန်မ လူမသတ်ခဲ့ဘူး ဆိုတာ ဘုရားပဲ သိပါလိမ့်မယ်” လို့လည်း မျက်ရည်စီးကျရင်း ဟွန်က သတင်းထောက် တွေကို ပြောဆိုခဲ့ပါတယ်။ သူ့အတွက် မိသားစုက ဆုတောင်းပေးစေ ချင်ပါတယ်လို့လည်း ဟွန်က ဆိုခဲ့ပါတယ်။ 
အမှုကို ဆက်လက်စစ်ဆေးဖို့အတွက် ဟွန်ဟာ စိတ်ပိုင်း၊ ရုပ်ပိုင်း ကြံခိုင်ကောင်းမွန်မှု ရှိကြောင်း ကြာသပတေးနေ့က ရုံးတင်စစ်ဆေးမှုမှာ တရားသူကြီး အဇ္ဇမီ အေရီဖင်က ပြောဆို ခဲ့ကာ အမှုစစ်ဆေးမှုကို ဧပြီ ၁ ရက်နေ့သို့ ထပ်မံရက်ချိန်းလိုက်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ 
ဟွန်ကို လွှတ်မပေးခဲ့တဲ့အတွက် သူ အရမ်း စိတ်ပျက်ရကြောင်း တရားရုံးကို လာရောက်ခဲ့တဲ့ မလေးရှားနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်က AFP သတင်းဌာနကို ပြောဆို ခဲ့ပါတယ်။ တရားမျှတစွာ ဆောင်ရွက်ပေးဖို့နဲ့သူ့ကို ဖြစ်နိုင်သမျှ မြန်မြန် လွှတ်ပေးဖို့ မလေးရှား အစိုးရကို မိမိတို့တောင်းဆိုသွားမှာဖြစ်ကြောင်းလည်း သံအမတ်က ပြောဆိုခဲ့ပါတယ်။ 
Ref: CNA

- ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။