Skip to main content
JeM အၾကမ္းဖက္အဖြဲ႕ေခါင္းေဆာင္အား ကုလလုံၿခဳံေရးေကာင္စီမွ အမည္ပ်က္စာရင္းသြင္းမည့္ကိစၥ တ႐ုတ္က ဝင္ေႏွာင့္ေန 
Ads Block

JeM အၾကမ္းဖက္အဖြဲ႕ေခါင္းေဆာင္အား ကုလလုံၿခဳံေရးေကာင္စီမွ အမည္ပ်က္စာရင္းသြင္းမည့္ကိစၥ တ႐ုတ္က ဝင္ေႏွာင့္ေန 

ကက္ရွ္မီးယားဗုံးကြဲမႈရဲ႕လက္သည္ အၾကမ္းဖက္အဖြဲ႕မွ ေခါင္းေဆာင္ကုိ အမည္ပ်က္စာရင္းသြင္း၊ ပိတ္ဆုိ႔အေရးယူရန္ ကုလလုံျခံဳေရးေကာင္စီမွာ အဆုိတင္သြင္းထားျခင္းကုိ မတ္လ ၁၄ ရက္ေန႔မွာ တ႐ုတ္က ဝင္တားဆီး၊ ဆုိင္းငံ့ခဲ့ေၾကာင္း သိရပါတယ္။

JeM အၾကမ္းဖက္အဖြဲ႕ေခါင္းေဆာင္အား ကုလလုံၿခဳံေရးေကာင္စီမွ အမည္ပ်က္စာရင္းသြင္းမည့္ကိစၥ တ႐ုတ္က ဝင္ေႏွာင့္ေန 


အိႏၵိယႏုိင္ငံမွာ ေဖေဖၚဝါရီ ၁၄ တုန္းက ျဖစ္ပြားခဲ့တဲ့ ၄င္းဗုံးကြဲမႈေၾကာင့္ စစ္တစ္ပုိင္းရဲ အေယာက္ ၄၀ ေသဆုံးခဲ့ရၿပီး ပါကစၥတန္နဲ႔အိႏၵိယၾကား တုိက္ေလယာဥ္ေတြကုိ အျပန္အလွန္ပစ္ခ်ၾကတဲ့အထိ ဆက္ဆံေရး တင္းမာသြားခဲ့ပါတယ္။ 
ထုိေပါက္ကြဲမႈအတြက္ ပါကစၥတန္အေျခစုိက္ အၾကမ္းဖက္အဖြဲ႕ JeM က တာဝန္ခံ ေၾကညာခဲ့ပါတယ္။ ထုိ႔ေၾကာင့္ JeM ရဲ႕ေခါင္းေဆာင္ မာဆြတ္အဇာကုိ လက္နက္မေရာင္းရန္၊ သြားလာခြင့္ပိတ္ရန္၊ ပုိင္ဆုိင္မႈမ်ားျဖတ္ေတာက္ရန္ အေမရိကန္၊ ၿဗိတိန္နဲ႔ ျပင္သစ္တုိ႔က လုံျခံဳေရးေကာင္စီရဲ႕ IS နဲ႔ အယ္လ္ေကးဒါး ပိတ္ဆုိ႔အေရးယူမႈေကာ္မတီထံ အေရးဆုိခဲ့ၾကပါတယ္။
ထုိသုိ႔အေရးဆုိထားသည္ကုိ ေကာ္မတီအဖြဲ႕ဝင္ျဖစ္တဲ့ တ႐ုတ္က ဝင္ဆုိင္းငံ့ေပးထားေၾကာင္း ႐ုိက္တာသတင္းမွာ ေဖၚျပပါတယ္။ ဆိုင္းငံ့ရျခင္း အေၾကာင္းအရင္းကုိေတာ့ မေပးခဲ့ေပမယ့္ ပိတ္ဆုိ႔ အေရးယူမယ့္ အစီအစဥ္ကေတာ့ ေသာင္မတင္ေရမက် ျဖစ္ေနရပါတယ္။
၂၀၁၇ ခုႏွစ္တုန္းကလည္း JeM ေခါင္းေဆာင္ အဇာအား ပိတ္ဆုိ႔အေရးယူမည္ကုိ တ႐ုတ္က ယခုကဲ့သုိ႔ ဝင္တားခဲ့ဖူးပါတယ္။ ထုိစဥ္တုန္းကေတာ့ လူပုဂိၢဳလ္တစ္ဦး သုိ႔မဟုတ္ အဖြဲ႕တစ္ဖြဲ႕အား အၾကမ္းဖက္သမားအျဖစ္ သမုတ္ရာမွာ စည္းမ်ဥ္းတိတိက်က်ရွိတဲ့အတြက္ ပိတ္ဆုိ႔အေရးယူမည့္ ကိစၥကုိ ဓမၼဓိ႒ာန္က်က် လုပ္ေဆာင္ေစလုိေၾကာင္း ေျပာခဲ့ပါတယ္။
ပါကစၥတန္အေျခစုိက္ JeM အဖြဲ႕ဟာ အယ္လ္ေကးဒါးနဲ႔ ဆက္ႏြယ္ေနၿပီး အိႏၵိယကုိ အဓိက ပစ္မွတ္ထား တုိက္ခုိက္ေနတာေၾကာင့္ ၂၀၀၁ ခုႏွစ္မွာ ကုလက မတရားသင္းေၾကညာခဲ့ပါတယ္။ ၂၀၀၁ ဒီဇင္ဘာတုန္းက JeM ဟာ Lashkar-e-Taiba အဖြဲ႕နဲ႔ပူးေပါင္းၿပီး အိႏၵိယလႊတ္ေတာ္ကုိ တုိက္ခုိက္ခဲ့တာေၾကာင့္ ႏွစ္ႏုိင္ငံစစ္ျဖစ္လုနီးပါး အေျခအေနေတြ တင္းမာသြားခဲ့ပါတယ္။ 
Ref: Reuters

- ZHO (အကုန္သိ သတင္းဌာန)


Unicode version

JeM အကြမ်းဖက်အဖွဲ့ခေါင်းဆောင်အား ကုလလုံခြုံရေးကောင်စီမှ အမည်ပျက်စာရင်းသွင်းမည့်ကိစ္စ တရုတ်က ဝင်နှောင့်နေ 
ကက်ရှ်မီးယားဗုံးကွဲမှုရဲ့လက်သည် အကြမ်းဖက်အဖွဲ့မှ ခေါင်းဆောင်ကို အမည်ပျက်စာရင်းသွင်း၊ ပိတ်ဆို့အရေးယူရန် ကုလလုံခြုံရေးကောင်စီမှာ အဆိုတင်သွင်းထားခြင်းကို မတ်လ ၁၄ ရက်နေ့မှာ တရုတ်က ဝင်တားဆီး၊ ဆိုင်းငံ့ခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁၄ တုန်းက ဖြစ်ပွားခဲ့တဲ့ ၎င်းဗုံးကွဲမှုကြောင့် စစ်တစ်ပိုင်းရဲ အယောက် ၄၀ သေဆုံးခဲ့ရပြီး ပါကစ္စတန်နဲ့အိန္ဒိယကြား တိုက်လေယာဉ်တွေကို အပြန်အလှန်ပစ်ချကြတဲ့အထိ ဆက်ဆံရေး တင်းမာသွားခဲ့ပါတယ် 
ထိုပေါက်ကွဲမှုအတွက် ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့ JeM က တာဝန်ခံ ကြေညာခဲ့ပါတယ်။ ထို့ကြောင့် JeM ရဲ့ခေါင်းဆောင် မာဆွတ်အဇာကို လက်နက်မရောင်းရန်၊ သွားလာခွင့်ပိတ်ရန်၊ ပိုင်ဆိုင်မှုများဖြတ်တောက်ရန် အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က လုံခြုံရေးကောင်စီရဲ့ IS နဲ့ အယ်လ်ကေးဒါး ပိတ်ဆို့အရေးယူမှုကော်မတီထံ အရေးဆိုခဲ့ကြပါတယ်။
ထိုသို့အရေးဆိုထားသည်ကို ကော်မတီအဖွဲ့ဝင်ဖြစ်တဲ့ တရုတ်က ဝင်ဆိုင်းငံ့ပေးထားကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြပါတယ်။ ဆိုင်းငံ့ရခြင်း အကြောင်းအရင်းကိုတော့ မပေးခဲ့ပေမယ့် ပိတ်ဆို့ အရေးယူမယ့် အစီအစဉ်ကတော့ သောင်မတင်ရေမကျ ဖြစ်နေရပါတယ်။
၂၀၁၇ ခုနှစ်တုန်းကလည်း JeM ခေါင်းဆောင် အဇာအား ပိတ်ဆို့အရေးယူမည်ကို တရုတ်က ယခုကဲ့သို့ ဝင်တားခဲ့ဖူးပါတယ်။ ထိုစဉ်တုန်းကတော့ လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့တစ်ဖွဲ့အား အကြမ်းဖက်သမားအဖြစ် သမုတ်ရာမှာ စည်းမျဉ်းတိတိကျကျရှိတဲ့အတွက် ပိတ်ဆို့အရေးယူမည့် ကိစ္စကို ဓမ္မဓိဋ္ဌာန်ကျကျ လုပ်ဆောင်စေလိုကြောင်း ပြောခဲ့ပါတယ်။
ပါကစ္စတန်အခြေစိုက် JeM အဖွဲ့ဟာ အယ်လ်ကေးဒါးနဲ့ ဆက်နွယ်နေပြီး အိန္ဒိယကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ၂၀၀၁ ခုနှစ်မှာ ကုလက မတရားသင်းကြေညာခဲ့ပါတယ်။ ၂၀၀၁ ဒီဇင်ဘာတုန်းက JeM ဟာ Lashkar-e-Taiba အဖွဲ့နဲ့ပူးပေါင်းပြီး အိန္ဒိယလွှတ်တော်ကို တိုက်ခိုက်ခဲ့တာကြောင့် နှစ်နိုင်ငံစစ်ဖြစ်လုနီးပါး အခြေအနေတွေ တင်းမာသွားခဲ့ပါတယ်။ 
Ref: Reuters

- ZHO (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။