Skip to main content
IS ေနာက္ဆံုးခံတပ္က အဖြဲ႔၀င္ ၃၀၀၀ ေက်ာ္ လက္နက္ခ် 
Ads Block

IS ေနာက္ဆံုးခံတပ္က အဖြဲ႔၀င္ ၃၀၀၀ ေက်ာ္ လက္နက္ခ် 

ဆီးရီးယား နိုင္ငံရဲ႕IS စစ္ေသြးၾကြအဖြဲ႔ရဲ႕ ေနာက္ဆံုးအေျခစိုက္စခန္းမွ အဖြဲ႔၀င္ ၃၀၀၀ ေက်ာ္ ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းက လက္နက္ခ် အညံ့ခံလုိက္ေၾကာင္း သိရပါတယ္။ IS အဖြဲ႔၀င္ေတြ ဟာ ဆီးရီးယား ဒီမိုကရက္တစ္ တပ္ေပါင္းစု (SDF) ဆီ လက္နက္ခ် အညံ့ခံတာျဖစ္ၿပီး အညံ့ခံခဲ့သူ အေရအတြက္ ၃၀၀၀ ေက်ာ္ ရွိတယ္လို႔ (SDF) ရဲ႕ေျပာေရးဆုိခြင့္ရွိသူ မူစတာဖာ ဘာလီ က ေျပာပါတယ္။

IS ေနာက္ဆံုးခံတပ္က အဖြဲ႔၀င္ ၃၀၀၀ ေက်ာ္ လက္နက္ခ် 

ဆီးရီးယားႏုိင္ငံ ဘာေဟာ့ၿမိဳ႕ ကို ဆီးရီးယား ဒီမိုကရက္တစ္ တပ္ေပါင္းစု (SDF) နဲ႔ အေမရိကန္တပ္ဖြဲ႔ေတြ သံုးညတုိင္ တုိက္ခုိက္ခဲ့ရာ IS အဖြဲ႔၀င္အမ်ားအျပားေသဆံုးခဲ့ၿပီးေနာက္ ေနာက္ပိုင္းမွာ လက္နက္ခ် အညံ့ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ အေမရိကန္ေက်ာေထာက္ေနာက္ခံျပဳေပးထားတဲ့ ဆီးရီးယားတပ္ေပါင္းစုအဖြဲ႔ စစ္ေရး ေခါင္းေဆာင္က IS ထိန္းခ်ဳပ္ထားတဲ့ေနရာေတြကအၾကမ္းဖက္သမားအားလံုးကို တုိက္ခိုက္သြားဖုိ႔ ေမွ်ာ္လင့္တယ္လို႔ ေျပာပါတယ္။ IS အဖြဲ႔ဟာၿပီးခဲ့တဲ့ ၂၀၁၄ ခုႏွစ္အတြင္း ဆီးရီးယား နဲ႔ အီရတ္ႏုိင္ငံေတြကို သိမ္းပိုက္ၿပီး အစၥလာမ္မစ္ ခါလီဖိတ္ႏုိင္ငံတည္ေထာင္ဖုိ႔ ႀကိဳးပမ္းခဲ့ပါတယ္။ လက္နက္ခ်ခဲ့တဲ့ IS အဖြဲ႔၀င္ေတြနဲ႔ အတူ မိသားစုေတြလည္းပါ၀င္ခဲ့ေၾကာင္း၊ IS စစ္ေသြးၾကြအဖြဲ႔ရဲ႕ေနာက္ဆံုးေျခကုတ္စခန္းကို လက္နက္ၾကီးေတြ ဒံုးက်ည္ေတြ ထိမွန္ေပါက္ကြဲေနတာေၾကာင့္ စစ္ေသြးၾကြအဖြဲ႔ေတြ အထိနာခဲ့ရတယ္လို႔ သိရပါတယ္။ သူတုိ႔အတြက္ ေရြးစရာလမ္းမရွိေတာ့ဘူး လို ့ တပ္ေပါင္းစုအဖြဲ ့ ေျပာေရးဆိုခြင့္ရွိသူ မိုစတာဖါ ဘလီ က ေျပာပါတယ္။ အေမရိကန္နဲ႔ ဆီးရီးယားဒီမုိကရက္တစ္ တပ္ေပါင္းစုဟာ ၿပီးခဲ့တဲ့ႏွစ္တည္းက ဆီးရီးယားရွိ IS အဖြဲ႔ေတြကို အရွိန္ျမွင့္ တုိက္ခုိက္ခဲ့ပါတယ္။ IS အဖြဲ႔ကို ရုရွား၊ ဆီးရီးယားအစိုးရတပ္ဖြဲ႔ေတြ၊ တူရကီတပ္ဖြဲ႔ေတြ ကလည္း ၀ိုင္း၀န္းတုိက္ခုိက္ခဲ့ရာ IS အဖြဲ႔ ေတြဟာ သိမ္းပိုက္ထားတဲ့ၿမိဳ႕ေတြ ျပန္စြန္႔လႊတ္ခဲ့ရတယ္လို႔ သိရပါတယ္။

- ေကာင္းထက္ (အကုန္သိ သတင္းဌာန)

Unicode version

IS နောက်ဆုံးခံတပ်က အဖွဲ့ဝင် ၃၀၀၀ ကျော် လက်နက်ချ 
ဆီးရီးယား နိုင်ငံရဲ့IS စစ်သွေးကြွအဖွဲ့ရဲ့ နောက်ဆုံးအခြေစိုက်စခန်းမှ အဖွဲ့ဝင် ၃၀၀၀ ကျော် ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက လက်နက်ချ အညံ့ခံလိုက်ကြောင်း သိရပါတယ်။ IS အဖွဲ့ဝင်တွေ ဟာ ဆီးရီးယား ဒီမိုကရက်တစ် တပ်ပေါင်းစု (SDF) ဆီ လက်နက်ချ အညံ့ခံတာဖြစ်ပြီး အညံ့ခံခဲ့သူ အရေအတွက် ၃၀၀၀ ကျော် ရှိတယ်လို့ (SDF) ရဲ့ပြောရေးဆိုခွင့်ရှိသူ မူစတာဖာ ဘာလီ က ပြောပါတယ်။ ဆီးရီးယားနိုင်ငံ ဘာဟော့မြို့ ကို ဆီးရီးယား ဒီမိုကရက်တစ် တပ်ပေါင်းစု (SDF) နဲ့ အမေရိကန်တပ်ဖွဲ့တွေ သုံးညတိုင် တိုက်ခိုက်ခဲ့ရာ IS အဖွဲ့ဝင်အများအပြားသေဆုံးခဲ့ပြီးနောက် နောက်ပိုင်းမှာ လက်နက်ချ အညံ့ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်ကျောထောက်နောက်ခံပြုပေးထားတဲ့ ဆီးရီးယားတပ်ပေါင်းစုအဖွဲ့ စစ်ရေး ခေါင်းဆောင်က IS ထိန်းချုပ်ထားတဲ့နေရာတွေကအကြမ်းဖက်သမားအားလုံးကို တိုက်ခိုက်သွားဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ IS အဖွဲ့ဟာပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း ဆီးရီးယား နဲ့ အီရတ်နိုင်ငံတွေကို သိမ်းပိုက်ပြီး အစ္စလာမ်မစ် ခါလီဖိတ်နိုင်ငံတည်ထောင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ လက်နက်ချခဲ့တဲ့ IS အဖွဲ့ဝင်တွေနဲ့ အတူ မိသားစုတွေလည်းပါဝင်ခဲ့ကြောင်း၊ IS စစ်သွေးကြွအဖွဲ့ရဲ့နောက်ဆုံးခြေကုတ်စခန်းကို လက်နက်ကြီးတွေ ဒုံးကျည်တွေ ထိမှန်ပေါက်ကွဲနေတာကြောင့် စစ်သွေးကြွအဖွဲ့တွေ အထိနာခဲ့ရတယ်လို့ သိရပါတယ်။ သူတို့အတွက် ရွေးစရာလမ်းမရှိတော့ဘူး လို့ တပ်ပေါင်းစုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မိုစတာဖါ ဘလီ က ပြောပါတယ်။ အမေရိကန်နဲ့ ဆီးရီးယားဒီမိုကရက်တစ် တပ်ပေါင်းစုဟာ ပြီးခဲ့တဲ့နှစ်တည်းက ဆီးရီးယားရှိ IS အဖွဲ့တွေကို အရှိန်မြှင့် တိုက်ခိုက်ခဲ့ပါတယ်။ IS အဖွဲ့ကို ရုရှား၊ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေ၊ တူရကီတပ်ဖွဲ့တွေ ကလည်း ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ IS အဖွဲ့ တွေဟာ သိမ်းပိုက်ထားတဲ့မြို့တွေ ပြန်စွန့်လွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

- ကောင်းထက် (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။