Skip to main content
မ်ိဳးသုဥ္းအေမြးရွည္ဆင္အား အသက္သြင္း ေဖၚထုတ္ရာတြင္ ဆဲလ္ကုိ သိပၸံပညာရွင္မ်ား ယာယီႏႈိးႏုိင္ခဲ့ 
Ads Block

မ်ိဳးသုဥ္းအေမြးရွည္ဆင္အား အသက္သြင္း ေဖၚထုတ္ရာတြင္ ဆဲလ္ကုိ သိပၸံပညာရွင္မ်ား ယာယီႏႈိးႏုိင္ခဲ့ 

မ်ိဳးသုဥ္းေပ်ာက္ကြယ္ခဲ့တဲ့ အေမြးရွည္ဆင္မ်ိဳးကြဲေတြကုိ ျပန္အသက္သြင္း၊ ေမြးျမဴဖုိ႔ဟာ စိတ္ကူးယဥ္ပုံျပင္သာသာ မဟုတ္ေတာ့ပါဘူး။ ႐ုရွားႏုိင္ငံ ဆုိက္ေဘးရီးယားေဒသမွာ လြန္ခဲ့တဲ့ႏွစ္ ၂၈,၀၀၀ ခန္႔ကတည္းက ေသဆုံးေအးခဲေနတဲ့ ေမြးရွည္ဆင္တစ္ေကာင္ရဲ႕ ဆဲလ္ေတြကုိ ကင္ဒုိင္တကၠသုိလ္မွ သိပၸံပညာရွင္အဖြဲ႕က ေခတၱမွ် အသက္သြင္းႏုိင္ခဲ့ပါတယ္။

မ်ိဳးသုဥ္းအေမြးရွည္ဆင္အား အသက္သြင္း ေဖၚထုတ္ရာတြင္ ဆဲလ္ကုိ သိပၸံပညာရွင္မ်ား ယာယီႏႈိးႏုိင္ခဲ့ 


ဆုိက္ေဘးရီးယားေရခဲျပင္ေဒသအခ်ိဳ႕ဟာ အျမဲေအးခဲေနတဲ့အတြက္ ၄င္းမွာေသဆုံးနစ္ျမဳပ္ေနခဲ့တဲ့ အပင္နဲ႔တိရစာၦန္ေတြအျပင္ ေရွးေဟာင္းေျခသလုံးအိမ္တုိင္အခ်ိဳ႕ရဲ႕ ႐ုပ္ႂကြင္းေတြဟာ ႏွစ္ေပါင္း ေသာင္းနဲ႔ခ်ီၿပီး မပုပ္မသုိးပဲ ရွိေနပါတယ္။
၂၀၁၀ ခုႏွစ္တုန္းက ယင္းေဒသကေန “ယုကာ”လုိ႔အမည္ေပးထားတဲ့ ၁၁ ေပအရွည္ရွိ ဆင္ေပါက္စေလးတစ္ေကာင္ရဲ႕ ႐ုပ္ႂကြင္းကုိ ပုံမပ်က္ ေတြ႕ရွိတူးေဖၚခဲ့ၾကပါတယ္။ ထုိ႔ေနာက္ ႐ုရွားနဲ႔ဂ်ပန္ ပညာရွင္အဖြဲ႕က ယုကာရဲ႕ ႂကြက္သားနဲ႔ျခင္ဆီမွ ဆဲလ္အခ်ိဳ႕ကုိ ထုတ္ယူၿပီး ႂကြက္ရဲ႕ မ,မ်ိဳးဥဆဲလ္ေတြနဲ႔ ေရာေပးခဲ့ၾကပါတယ္။

မ်ိဳးသုဥ္းအေမြးရွည္ဆင္အား အသက္သြင္း ေဖၚထုတ္ရာတြင္ ဆဲလ္ကုိ သိပၸံပညာရွင္မ်ား ယာယီႏႈိးႏုိင္ခဲ့ 

ႂကြက္ မ,မ်ိဳးဥဟာ ဒီအန္ေအေတြကုိ ကုစားျပဳျပင္ေပးႏုိင္ေၾကာင္း အတည္ျပဳခ်က္ ရွိထားပါတယ္။ ဆင္ရဲ႕ဆဲလ္မွာ ဒီအန္ေအေတြ ပါေနၿပီး ေအးခဲေနခဲ့တာေၾကာင့္ အလုံးစုံမပ်က္စီးပဲ ရွိေနတဲ့အတြက္ ၄င္းတုိ႔ကုိ ျပဳျပင္ေပးရန္ ႂကြက္ မ,မ်ိဳးဥနဲ႔ ေရာေပးခဲ့တာပါ။ ၄င္းမွာ ဆင္ဆဲလ္ ၄၃ ခုအနက္ ၅ ခုဟာ အသက္ဝင္လာခဲ့ေပမယ့္ ဆဲလ္ကြဲတဲ့ အဆင့္ထိေတာ့ မေရာက္လုိက္ေၾကာင္း မတ္လ ၁၃ ရက္ေနမွာ ထုတ္ျပန္ခဲ့တဲ့ သုေတသနစာတမ္းမွာ ေဖၚျပထားပါတယ္။
၄င္းပညာရွင္အဖြဲ႕မွာ ပါဝင္ခဲ့တဲ့ ကထိကတစ္ဦးကေတာ့ ယုကာရဲ႕ဆဲလ္ေတြဟာ အေတာ္ေလး ပ်က္စီးေနတာေၾကာင့္ ေခတၱသာ အသက္ဝင္ႏုိင္ခဲ့ေၾကာင္း ၄င္းတုိ႔အေနျဖင့္ မပ်က္စီးေသးတဲ့ ဆဲလ္ေတြကုိသာ ရရွိပါက ႏႈိးယူ၊ ျပဳျပင္ေပးလုိ႔ ရႏုိင္ေခ်ရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။
ဆဲလ္ေတြကုိ ထုိသုိ႔ အျပည့္အဝ အသက္ျပန္သြင္းယူႏုိင္ပါက ပုံတူပြားနည္း သုိ႔မဟုတ္ မ်ိဳး႐ုိးဗီဇျပဳျပင္ကာ အာရွဆင္နဲ႔ေရာေပးၿပီး ဆင္ကျပားေလးေတြ ရလာေစတဲ့နည္းတုိ႔ျဖင့္ မ်ိဳးသုဥ္းေပ်ာက္ကြယ္သြားတဲ့ ေမြးရွည္ဆင္ေတြကုိ ျပန္ေဖၚထုတ္ အသက္သြင္းႏုိင္ဖုိ႔ တစ္ဆင့္ပုိနီးသြားေတာ့မွာ ျဖစ္ပါတယ္။ 
Ref: thejapannews, dailymail 

- ZHO (အကုန္သိ သတင္းဌာန)

Unicode version

မျိုးသုဉ်းအမွေးရှည်ဆင်အား အသက်သွင်း ဖေါ်ထုတ်ရာတွင် ဆဲလ်ကို သိပ္ပံပညာရှင်များ ယာယီနှိုးနိုင်ခဲ့ 
မျိုးသုဉ်းပျောက်ကွယ်ခဲ့တဲ့ အမွေးရှည်ဆင်မျိုးကွဲတွေကို ပြန်အသက်သွင်း၊ မွေးမြူဖို့ဟာ စိတ်ကူးယဉ်ပုံပြင်သာသာ မဟုတ်တော့ပါဘူး။ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသမှာ လွန်ခဲ့တဲ့နှစ် ၂၈,၀၀၀ ခန့်ကတည်းက သေဆုံးအေးခဲနေတဲ့ မွေးရှည်ဆင်တစ်ကောင်ရဲ့ ဆဲလ်တွေကို ကင်ဒိုင်တက္ကသိုလ်မှ သိပ္ပံပညာရှင်အဖွဲ့က ခေတ္တမျှ အသက်သွင်းနိုင်ခဲ့ပါတယ်။
ဆိုက်ဘေးရီးယားရေခဲပြင်ဒေသအချို့ဟာ အမြဲအေးခဲနေတဲ့အတွက် ၎င်းမှာသေဆုံးနစ်မြုပ်နေခဲ့တဲ့ အပင်နဲ့တိရစ္ဆာန်တွေအပြင် ရှေးဟောင်းခြေသလုံးအိမ်တိုင်အချို့ရဲ့ ရုပ်ကြွင်းတွေဟာ နှစ်ပေါင်း သောင်းနဲ့ချီပြီး မပုပ်မသိုးပဲ ရှိနေပါတယ်။
၂၀၁၀ ခုနှစ်တုန်းက ယင်းဒေသကနေ “ယုကာ”လို့အမည်ပေးထားတဲ့ ၁၁ ပေအရှည်ရှိ ဆင်ပေါက်စလေးတစ်ကောင်ရဲ့ ရုပ်ကြွင်းကို ပုံမပျက် တွေ့ရှိတူးဖေါ်ခဲ့ကြပါတယ်။ ထို့နောက် ရုရှားနဲ့ဂျပန် ပညာရှင်အဖွဲ့က ယုကာရဲ့ ကြွက်သားနဲ့ခြင်ဆီမှ ဆဲလ်အချို့ကို ထုတ်ယူပြီး ကြွက်ရဲ့ မ,မျိုးဥဆဲလ်တွေနဲ့ ရောပေးခဲ့ကြပါတယ်။ ကြွက် မ,မျိုးဥဟာ ဒီအန်အေတွေကို ကုစားပြုပြင်ပေးနိုင်ကြောင်း အတည်ပြုချက် ရှိထားပါတယ်။ ဆင်ရဲ့ဆဲလ်မှာ ဒီအန်အေတွေ ပါနေပြီး အေးခဲနေခဲ့တာကြောင့် အလုံးစုံမပျက်စီးပဲ ရှိနေတဲ့အတွက် ၎င်းတို့ကို ပြုပြင်ပေးရန် ကြွက် မ,မျိုးဥနဲ့ ရောပေးခဲ့တာပါ။ ၎င်းမှာ ဆင်ဆဲလ် ၄၃ ခုအနက် ၅ ခုဟာ အသက်ဝင်လာခဲ့ပေမယ့် ဆဲလ်ကွဲတဲ့ အဆင့်ထိတော့ မရောက်လိုက်ကြောင်း မတ်လ ၁၃ ရက်နေမှာ ထုတ်ပြန်ခဲ့တဲ့ သုတေသနစာတမ်းမှာ ဖေါ်ပြထားပါတယ်။
၎င်းပညာရှင်အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ကထိကတစ်ဦးကတော့ ယုကာရဲ့ဆဲလ်တွေဟာ အတော်လေး ပျက်စီးနေတာကြောင့် ခေတ္တသာ အသက်ဝင်နိုင်ခဲ့ကြောင်း ၎င်းတို့အနေဖြင့် မပျက်စီးသေးတဲ့ ဆဲလ်တွေကိုသာ ရရှိပါက နှိုးယူ၊ ပြုပြင်ပေးလို့ ရနိုင်ချေရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဆဲလ်တွေကို ထိုသို့ အပြည့်အဝ အသက်ပြန်သွင်းယူနိုင်ပါက ပုံတူပွားနည်း သို့မဟုတ် မျိုးရိုးဗီဇပြုပြင်ကာ အာရှဆင်နဲ့ရောပေးပြီး ဆင်ကပြားလေးတွေ ရလာစေတဲ့နည်းတို့ဖြင့် မျိုးသုဉ်းပျောက်ကွယ်သွားတဲ့ မွေးရှည်ဆင်တွေကို ပြန်ဖေါ်ထုတ် အသက်သွင်းနိုင်ဖို့ တစ်ဆင့်ပိုနီးသွားတော့မှာ ဖြစ်ပါတယ်။ 
Ref: thejapannews, dailymail 

- ZHO (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။