Skip to main content
အီသီယုိပီးယား ေလေၾကာင္း ျဖစ္ရပ္ဆုိးေပၚေပါက္ခဲ့ၿပီးေနာက္ ကမာၻတ၀န္း ဘုိးရင္း 737 MAX ေလယာဥ္ေတြ ပ်ံသန္းမႈ ရပ္ဆုိင္း 
Ads Block

အီသီယုိပီးယား ေလေၾကာင္း ျဖစ္ရပ္ဆုိးေပၚေပါက္ခဲ့ၿပီးေနာက္ ကမာၻတ၀န္း ဘုိးရင္း 737 MAX ေလယာဥ္ေတြ ပ်ံသန္းမႈ ရပ္ဆုိင္း 

လူ ၁၅၇ ဦး ေသဆုံးခဲ့တဲ့ အီသီယုိပီးယားေလေၾကာင္းလုိင္း ေလယာဥ္တစ္စင္း ပ်က္က်ခဲ့အၿပီးမွာ လုံၿခဳံေဘးကင္းမႈဆုိင္ရာ စုိးရိမ္ပူပန္မႈေတြေၾကာင့္ ဘုိရင္းကုမၸဏီရဲ ့ 737 MAX ေလယာဥ္အမ်ဳိးအစားေတြ ပ်ံသန္းမႈ ရပ္ဆုိင္းေနၾကမႈမွာ အေမရိကန္ျပည္ေထာင္စု လည္း ပါ၀င္လာခဲ့ပါတယ္။ ယင္းအတြက္ ကမာၻ ့အႀကီးဆုံး ေလယာဥ္ ထုတ္လုပ္ေရး ကုမၸဏီႀကီးဟာ ႏွစ္မ်ားစြာအတြင္း အဆုိးဆုံး အက်ပ္အတည္းနဲ ့ ရင္ဆုိင္ေနရပါၿပီ။ 

အီသီယုိပီးယား ေလေၾကာင္း ျဖစ္ရပ္ဆုိးေပၚေပါက္ခဲ့ၿပီးေနာက္ ကမာၻတ၀န္း ဘုိးရင္း 737 MAX ေလယာဥ္ေတြ ပ်ံသန္းမႈ ရပ္ဆုိင္း


တနဂၤေႏြေန ့က အဒစၥအဘာဘာၿမိဳ ့ေတာ္အနီး ေလယာဥ္ပ်က္က်ခဲ့ရာေနရာမွ ေတြ ့ရွိခ်က္ေတြ၊ ၿဂိဳဟ္တုပုံရိပ္သစ္ေတြကုိ စိစစ္သုံးသပ္ကာ 737 MAX ေလယာဥ္ ပ်ံသန္းမႈေတြကုိ ရပ္ဆုိင္းလုိက္ၾကတဲ့ ဥေရာပ၊ တရုတ္နဲ ့အျခားႏုိင္ငံေတြလုိပဲ အလားတူဆုံးျဖတ္ လုိက္တာျဖစ္ေၾကာင္း အေမရိကန္ ဖက္ဒရယ္ ေလေၾကာင္းပ်ံသန္းေရးအာဏာပုိင္အဖြဲ ့(FAA) က ထုတ္ျပန္ခဲ့ပါတယ္။ 

အီသီယုိပီးယား ေလေၾကာင္း ျဖစ္ရပ္ဆုိးေပၚေပါက္ခဲ့ၿပီးေနာက္ ကမာၻတ၀န္း ဘုိးရင္း 737 MAX ေလယာဥ္ေတြ ပ်ံသန္းမႈ ရပ္ဆုိင္း


အီသီယုိပီးယားမွာ ပ်က္က်ခဲ့မႈဟာ ကမာၻ ့ ေခတ္အမီဆုံး ခရီးသည္တင္ေလယာဥ္ အမ်ဳိးအစားျဖစ္တဲ့ 737 MAX ေလယာဥ္ေတြ ၅ လ နီးပါးအတြင္း ဒုတိယေျမာက္ ပ်က္က်မႈျဖစ္ခဲ့ပါတယ္။ ေလယာဥ္ပ်ံသန္းခဲ့ရာ လမ္းေၾကာင္းနဲ ့ပတ္သက္တဲ့ ေဒတာေတြကုိ အသစ္တဖန္စစ္ေဆးခဲ့မႈနဲ ့အီသီယုိပီးယား ေလယာဥ္ပ်က္ အပုိင္းအစမွ အသစ္ေတြ ့ရွိ ခ်က္ေတြအရ ေဘးဆုိးက်ခဲ့တဲ့ ျဖစ္ရပ္ႏွစ္ခုမွာ အခ်က္အခ်ဳိ ့ အသြင္ပုံသ႑ာန္တူေနတယ္လုိ ့ ညႊန္ျပေနၿပီး ပ်က္က်ရတဲ့အေၾကာင္းအရင္းကုိ ထပ္မံစုံစမ္းစစ္ေဆးမႈ ထပ္လုပ္သြားဖုိ ့ ခြင့္ျပဳခဲ့တယ္လုိ ့ FAA ရဲ ့ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။ 
အေမရိကန္ျပည္ေထာင္စုအေနနဲ ့ ဒီေလယာဥ္အမ်ဳိးအစားေတြကုိ အခ်ိန္ ဘယ္ေလာက္ ၾကာၾကာ ပ်ံသန္းမႈ ရပ္ဆုိင္းထားမယ္ဆုိတာကုိ သူ ့အေနနဲ ့ မသိရေၾကာင္း FAA ရဲ ့ လုပ္ငန္းပိုင္းဆုိင္ရာ အရာရွိတစ္ဦးျဖစ္သူ ဒန္နီရယ္ အယ္၀ဲလ္ က ေျပာဆုိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တုိဘာလအတြင္း အင္ဒုိနီးရွားႏုိင္ငံမွာ ယင္းေလယာဥ္အမ်ဳိးအစား ပ်က္က်မႈျဖစ္ခဲ့ၿပီးခ်ိန္မွစကာ ဘုိးရင္းကုမၸဏီဟာ 737 MAX အတြက္ ေဆာ့ဖ္၀ဲတစ္ခု ျပင္ဆင္ေရးဆြဲေနခဲ့ၿပီး အၿပီးသတ္ေရးဆြဲၿပီးဖုိ ့အတြက္ လ အတန္ၾကာဦးမွာျဖစ္ေၾကာင္း အယ္၀ဲလ္က သတင္းေထာက္ေတြကို ေျပာဆုိခဲ့ပါတယ္။ 
ယင္းေလယာဥ္ အမ်ဳိးအစားေတြ ပ်ံသန္းမႈ ရပ္ဆုိင္းမယ္လုိ ့ အေမရိကန္ သမၼတ ေဒၚနယ္ထရန္ ့က ေၾကညာခဲ့အၿပီး သိပ္မၾကာခင္မွာပဲ FAA ရဲ ့ ထုတ္ျပန္ခ်က္ ထြက္လာ ခဲ့တာျဖစ္ပါတယ္။ ဒါဟာ ၆ ႏွစ္တာ ကာလအတြင္း FAA က ဘုိးရင္းေလယာဥ္အမ်ဳိးအစား ပ်ံသန္းမႈကုိ ဒုတိယအႀကိမ္ ရပ္နားလုိက္မႈလည္းျဖစ္ပါတယ္။ ၂၀၁၃ ခုႏွစ္က ဘတၳရီေတြ မီးခုိးထြက္မႈ ျပႆနာေၾကာင့္ ဘုိးရင္းရဲ ့ 787 Dreamliner အမ်ဳိးအစားေလယာဥ္ကုိ FAA က ရပ္နားခဲ့ဖူးပါတယ္။ 
Ref: Reuters  

- ကိုလင္း (အကုန္သိ သတင္းဌာန)

Unicode version

အီသီယိုပီးယား လေကြောင်း ဖြစ်ရပ်ဆိုးပေါ်ပေါက်ခဲ့ပြီးနောက် ကမ္ဘာတဝန်း ဘိုးရင်း 737 MAX လေယာဉ်တွေ ပျံသန်းမှု ရပ်ဆိုင်း 
လူ ၁၅၇ ဦး သေဆုံးခဲ့တဲ့ အီသီယိုပီးယားလေကြောင်းလိုင်း လေယာဉ်တစ်စင်း ပျက်ကျခဲ့အပြီးမှာ လုံခြုံဘေးကင်းမှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် ဘိုရင်းကုမ္ပဏီရဲ့ 737 MAX လေယာဉ်အမျိုးအစားတွေ ပျံသန်းမှု ရပ်ဆိုင်းနေကြမှုမှာ အမေရိကန်ပြည်ထောင်စု လည်း ပါဝင်လာခဲ့ပါတယ်။ ယင်းအတွက် ကမ္ဘာ့အကြီးဆုံး လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီကြီးဟာ နှစ်များစွာအတွင်း အဆိုးဆုံး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါပြီ။ 
တနင်္ဂနွေနေ့က အဒစ္စအဘာဘာမြို့တော်အနီး လေယာဉ်ပျက်ကျခဲ့ရာနေရာမှ တွေ့ရှိချက်တွေ၊ ဂြိုဟ်တုပုံရိပ်သစ်တွေကို စိစစ်သုံးသပ်ကာ 737 MAX လေယာဉ် ပျံသန်းမှုတွေကို ရပ်ဆိုင်းလိုက်ကြတဲ့ ဥရောပ၊ တရုတ်နဲ့အခြားနိုင်ငံတွေလိုပဲ အလားတူဆုံးဖြတ် လိုက်တာဖြစ်ကြောင်း အမေရိကန် ဖက်ဒရယ် လေကြောင်းပျံသန်းရေးအာဏာပိုင်အဖွဲ့(FAA) က ထုတ်ပြန်ခဲ့ပါတယ်။ 
အီသီယိုပီးယားမှာ ပျက်ကျခဲ့မှုဟာ ကမ္ဘာ့ ခေတ်အမီဆုံး ခရီးသည်တင်လေယာဉ် အမျိုးအစားဖြစ်တဲ့ 737 MAX လေယာဉ်တွေ ၅ လ နီးပါးအတွင်း ဒုတိယမြောက် ပျက်ကျမှုဖြစ်ခဲ့ပါတယ်။ လေယာဉ်ပျံသန်းခဲ့ရာ လမ်းကြောင်းနဲ့ပတ်သက်တဲ့ ဒေတာတွေကို အသစ်တဖန်စစ်ဆေးခဲ့မှုနဲ့အီသီယိုပီးယား လေယာဉ်ပျက် အပိုင်းအစမှ အသစ်တွေ့ရှိ ချက်တွေအရ ဘေးဆိုးကျခဲ့တဲ့ ဖြစ်ရပ်နှစ်ခုမှာ အချက်အချို့ အသွင်ပုံသဏ္ဍာန်တူနေတယ်လို့ ညွှန်ပြနေပြီး ပျက်ကျရတဲ့အကြောင်းအရင်းကို ထပ်မံစုံစမ်းစစ်ဆေးမှု ထပ်လုပ်သွားဖို့ ခွင့်ပြုခဲ့တယ်လို့ FAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ 
အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီလေယာဉ်အမျိုးအစားတွေကို အချိန် ဘယ်လောက် ကြာကြာ ပျံသန်းမှု ရပ်ဆိုင်းထားမယ်ဆိုတာကို သူ့အနေနဲ့ မသိရကြောင်း FAA ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အရာရှိတစ်ဦးဖြစ်သူ ဒန်နီရယ် အယ်ဝဲလ် က ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ယင်းလေယာဉ်အမျိုးအစား ပျက်ကျမှုဖြစ်ခဲ့ပြီးချိန်မှစကာ ဘိုးရင်းကုမ္ပဏီဟာ 737 MAX အတွက် ဆော့ဖ်ဝဲတစ်ခု ပြင်ဆင်ရေးဆွဲနေခဲ့ပြီး အပြီးသတ်ရေးဆွဲပြီးဖို့အတွက် လ အတန်ကြာဦးမှာဖြစ်ကြောင်း အယ်ဝဲလ်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ 
ယင်းလေယာဉ် အမျိုးအစားတွေ ပျံသန်းမှု ရပ်ဆိုင်းမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ကြေညာခဲ့အပြီး သိပ်မကြာခင်မှာပဲ FAA ရဲ့ ထုတ်ပြန်ချက် ထွက်လာ ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ၆ နှစ်တာ ကာလအတွင်း FAA က ဘိုးရင်းလေယာဉ်အမျိုးအစား ပျံသန်းမှုကို ဒုတိယအကြိမ် ရပ်နားလိုက်မှုလည်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က ဘတ္ထရီတွေ မီးခိုးထွက်မှု ပြဿနာကြောင့် ဘိုးရင်းရဲ့ 787 Dreamliner အမျိုးအစားလေယာဉ်ကို FAA က ရပ်နားခဲ့ဖူးပါတယ်။ 
Ref: Reuters  

- ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။