Skip to main content
ေျမာင္းျမအက်ဥ္းေထာင္တြင္ ေထာင္ဝင္စာ လာေတြ႔သူထံမွ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
Ads Block

ေျမာင္းျမအက်ဥ္းေထာင္တြင္ ေထာင္ဝင္စာ လာေတြ႔သူထံမွ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ

ဧရာ၀တီတိုင္းေဒသႀကီး ေျမာင္းျမအက်ဥ္းေထာင္တြင္ ေထာင္ဝင္စာ လာေတြ႔သူတစ္ဦးထံမွ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရ မိခဲ့ေၾကာင္း သိရသည္။
ေျမာင္းျမ အက်ဥ္းေထာင္တြင္ ျပစ္ဒဏ္က်ေနသည့္ အက်ဥ္းသား ေနလိႈင္းအား ေထာင္ဝင္စာေတြ႔ရန္လာေရာက္သည့္ ဟိန္းမင္း လတ္(ခ)မင္းမင္း ယူေဆာင္လာေသာ ေထာင္ဝင္စာ ပစၥည္းမ်ားျဖစ္ေသာ လၻက္ထုပ္(၂)ထုပ္အ တြင္းမွ မသကၤာဖြယ္ အထုပ္မ်ား ေတြ႔႐ွိေၾကာင္း အက်ဥ္းဦးစီးဌာန လ/ထ ႀကီးၾကပ္ေရးမွဴး(၁) ေအာင္ျပည့္မွ ေျမာင္းျမ ရဲစခန္းသို႔ သတင္းပို႔ခဲ့ေၾကာင္း သိရသည္။

ေျမာင္းျမအက်ဥ္းေထာင္တြင္ ေထာင္ဝင္စာ လာေတြ႔သူထံမွ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ


ယင္းသို႔ သတင္းပို႔ခဲ့ရာ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေအာင္ေဆြျမင့္ႏွင့္ နယ္ထိန္းအဖြဲ႔မ်ား ခ႐ိုင္မႈ/ ႏွိမ္အဖြဲ႔မ်ား၊ အသိသက္ေသ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးရာ ယုဇန လၻက္ထုပ္ႏွစ္ထုပ္အတြင္း မွ WY ပန္းေရာင္စိတ္ႂကြ ႐ူးသြပ္ ေဆးျပား (၃၉၀) ျပား၊ ICE အျဖဴေရာင္အခဲ (၁.၂၅) ဂရမ္တို႔ကို ႐ွာေဖြေတြ႔႐ွိခဲ့ ေၾကာင္း သိရသည္။
ယင္းသို႔ ရွာေဖြေတြ႔ရိွခဲ့သျဖင့္ သက္ေသမ်ားေ႐ွ႕တြင္ ႐ွာေဖြပုံစံျဖင့္သိမ္းဆည္းကာ ပစၥည္းပို႔သူ ဟိန္းမင္းလတ္(ခ) မင္းမင္း (၂၅) ႏွစ္ (ဘ)ဦးလွဦး ၊ ခ်ယ္ရီလမ္း(၂၂)ရပ္ကြက္၊ ေတာင္ဒဂုံၿမိဳ႕နယ္ ၊ ရန္ကုန္တိုင္းေဒသႀကီးေန သူႏွင့္ အက်ဥ္းသား လူသတ္ မုဒိမ္း မႈျဖင့္ ေထာင္ (၁၅) ႏွစ္ က်ခံေနသူ ေနလိႈင္း(၃၁)ႏွစ္ (ဘ)ဦးလွေမာင္၊ ကမ္း နီးေက်းရြာ၊ ေရႊက်င္ၿမိဳ႕နယ္၊ ပဲခူးတိုင္းေဒသႀကီးေန သူတို႔အား အေရးယူေပးႏိုင္ရန္ ရဲအုပ္ေအာင္ေဆြျမင့့္မွ တိုင္တန္းလာသျဖင့္ အမႈကို ေျမာင္းျမရဲစခန္းမွ မယ(ပ)၃/၂၀၁၉ မူး/ စိတ္ပုဒ္မ ၁၉(က)/၂၁ အရ အမႈစစ္ ဒုရဲအုပ္ေဝ လင္းမွ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

- ေက်ာ္စိုးမိုး၊ ဘိုဘို (အကုန္သိ သတင္းဌာန)

Unicode version

မြောင်းမြအကျဉ်းထောင်တွင် ထောင်ဝင်စာ လာတွေ့သူထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြအကျဉ်းထောင်တွင် ထောင်ဝင်စာ လာတွေ့သူတစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရ မိခဲ့ကြောင်း သိရသည်။
မြောင်းမြ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျနေသည့် အကျဉ်းသား နေလှိုင်းအား ထောင်ဝင်စာတွေ့ရန်လာရောက်သည့် ဟိန်းမင်း လတ်(ခ)မင်းမင်း ယူဆောင်လာသော ထောင်ဝင်စာ ပစ္စည်းများဖြစ်သော လ္ဘက်ထုပ်(၂)ထုပ်အ တွင်းမှ မသင်္ကာဖွယ် အထုပ်များ တွေ့ရှိကြောင်း အကျဉ်းဦးစီးဌာန လ/ထ ကြီးကြပ်ရေးမှူး(၁) အောင်ပြည့်မှ မြောင်းမြ ရဲစခန်းသို့ သတင်းပို့ခဲ့ကြောင်း သိရသည်။
ယင်းသို့ သတင်းပို့ခဲ့ရာ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်ဆွေမြင့်နှင့် နယ်ထိန်းအဖွဲ့များ ခရိုင်မှု/ နှိမ်အဖွဲ့များ၊ အသိသက်သေ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်စစ်ဆေးရာ ယုဇန လ္ဘက်ထုပ်နှစ်ထုပ်အတွင်း မှ WY ပန်းရောင်စိတ်ကြွ ရူးသွပ် ဆေးပြား (၃၉၀) ပြား၊ ICE အဖြူရောင်အခဲ (၁.၂၅) ဂရမ်တို့ကို ရှာဖွေတွေ့ရှိခဲ့ ကြောင်း သိရသည်။
ယင်းသို့ ရှာဖွေတွေ့ရှိခဲ့သဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့်သိမ်းဆည်းကာ ပစ္စည်းပို့သူ ဟိန်းမင်းလတ်(ခ) မင်းမင်း (၂၅) နှစ် (ဘ)ဦးလှဦး ၊ ချယ်ရီလမ်း(၂၂)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီးနေ သူနှင့် အကျဉ်းသား လူသတ် မုဒိမ်း မှုဖြင့် ထောင် (၁၅) နှစ် ကျခံနေသူ နေလှိုင်း(၃၁)နှစ် (ဘ)ဦးလှမောင်၊ ကမ်း နီးကျေးရွာ၊ ရွှေကျင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနေ သူတို့အား အရေးယူပေးနိုင်ရန် ရဲအုပ်အောင်ဆွေမြင့်မှ တိုင်တန်းလာသဖြင့် အမှုကို မြောင်းမြရဲစခန်းမှ မယ(ပ)၃/၂၀၁၉ မူး/ စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုစစ် ဒုရဲအုပ်ဝေ လင်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

- ကျော်စိုးမိုး၊ ဘိုဘို (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။