Skip to main content
Facebook, Instagram ႏွင့္ WhatsApp တို႔ လုပ္ေဆာင္နိဳင္မွဳ တစ္ခ်ိန္တည္း ထိုးက် နာရီေပါင္းမ်ားစြာၾကာေအာင္ အေျဖရွာမေတြ႔ခဲ့ဟု ဆို 
Ads Block

Facebook, Instagram ႏွင့္ WhatsApp တို႔ လုပ္ေဆာင္နိဳင္မွဳ တစ္ခ်ိန္တည္း ထိုးက် နာရီေပါင္းမ်ားစြာၾကာေအာင္ အေျဖရွာမေတြ႔ခဲ့ဟု ဆို 

လြန္ခဲ့သည့္ ဗုဒၶဟူးေန႔ အေမရိကန္ အေရွ႕ပိုင္းစံေတာ္ခ်ိန္ နံနက္ ၁၁ နာရီခန္႔တြင္ Facebook, Instagram ႏွင့္ WhatsApp အက္ပလီေကးရွင္းတို႔၏ လုပ္ေဆာင္နိဳင္မွဳ ထိုးက်သြားၿပီး ျပတ္ေတာင္း ျပတ္ေတာင္း ျဖစ္လ်က္ရွိသည္ကို အေျဖ ရွာမရဘဲ ျဖစ္ခဲ့ရသည္ဟု The New York Times က ယေန႔ေရးသားသည္။

Facebook, Instagram ႏွင့္ WhatsApp တို႔ လုပ္ေဆာင္နိဳင္မွဳ တစ္ခ်ိန္တည္း ထိုးက် နာရီေပါင္းမ်ားစြာၾကာေအာင္ အေျဖရွာမေတြ႔ခဲ့ဟု ဆို 


အေမရိကန္၊ ဂ်ပန္၊ ၾသစေတးလ်ႏွင့္ မကၠဆီကိုအပါအ၀င္ ကမၻာအရပ္ရပ္ အဆိုပါ အက္ပလီေကးရွင္း အသံုးျပဳသူမ်ားအတြက္ ထုိေန႔တစ္ေန႔လံုး နာရီေပါင္းမ်ားစြာၾကာေအာင္ အေႏွာင့္အယွက္ျဖစ္ခဲ့ရေၾကာင္း အင္တာနက္အသံုးျပဳမွဳ အေျခအေန ပိုင္းျခားစိတ္ျဖာသူ DownDetector ၀န္ေဆာင္မွဳဌာနက ေျပာဆိုသည္။
Instagram အသံုးျပဳသူမ်ားတြင္ ပရိုဖိုင္းမ်ား လႊင့္တင္မရျခင္း၊ Facebook အသံုးျပဳသူအခ်ိဳ႔တြင္ news feeds မတက္ဘဲ အျခား မိမိမိတ္ေဆြမ်ား Updates လုပ္ျခင္းကို မျမင္ရျဖစ္ေနခ်ိန္တြင္ အျခားသူမ်ား၌ ထိုသို႔ မျဖစ္ေၾကာင္း သိရွိရသည္။ WhatsApp အသံုးျပဳသူမ်ားအတြက္မူ Message ေပးပို႔ျခင္း/ လက္ခံျခင္း ျပဳလုပ္မရဘဲ ရွိခဲ့သည္။
ထိုျပႆနာကို ၄င္းေန႔ ည ၉ နာရီတိုင္ေအာင္ Facebook ၀န္ထမ္းမ်ားက အေျဖရွာမရဘဲ ရွိခဲ့သည္။ ယခုထိ ေတြ႔ရွိခ်က္မွာ လူမွဳကြန္ရက္ ပလက္ေဖာင္း၏ bug report ေၾကာင့္ျဖစ္ၿပီး ဆိုင္ဘာတိုက္ခိုက္ ခံရျခင္း မဟုတ္ဟုဆိုသည္။ Instagram ကမူ ေနွာင့္ယွက္ခံရျခင္းျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

- Htay Oung (အကုန္သိ သတင္းဌာန)

Unicode version

Facebook, Instagram နှင့် WhatsApp တို့ လုပ်ဆောင်နိုင်မှု တစ်ချိန်တည်း ထိုးကျ နာရီပေါင်းများစွာကြာအောင် အဖြေရှာမတွေ့ခဲ့ဟု ဆို 
လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ အမေရိကန် အရှေ့ပိုင်းစံတော်ချိန် နံနက် ၁၁ နာရီခန့်တွင် Facebook, Instagram နှင့် WhatsApp အက်ပလီကေးရှင်းတို့၏ လုပ်ဆောင်နိုင်မှု ထိုးကျသွားပြီး ပြတ်တောင်း ပြတ်တောင်း ဖြစ်လျက်ရှိသည်ကို အဖြေ ရှာမရဘဲ ဖြစ်ခဲ့ရသည်ဟု The New York Times က ယနေ့ရေးသားသည်။
အမေရိကန်၊ ဂျပန်၊ သြစတေးလျနှင့် မက္ကဆီကိုအပါအဝင် ကမ္ဘာအရပ်ရပ် အဆိုပါ အက်ပလီကေးရှင်း အသုံးပြုသူများအတွက် ထိုနေ့တစ်နေ့လုံး နာရီပေါင်းများစွာကြာအောင် အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်း အင်တာနက်အသုံးပြုမှု အခြေအနေ ပိုင်းခြားစိတ်ဖြာသူ DownDetector ဝန်ဆောင်မှုဌာနက ပြောဆိုသည်။
Instagram အသုံးပြုသူများတွင် ပရိုဖိုင်းများ လွှင့်တင်မရခြင်း၊ Facebook အသုံးပြုသူအချို့တွင် news feeds မတက်ဘဲ အခြား မိမိမိတ်ဆွေများ Updates လုပ်ခြင်းကို မမြင်ရဖြစ်နေချိန်တွင် အခြားသူများ၌ ထိုသို့ မဖြစ်ကြောင်း သိရှိရသည်။ WhatsApp အသုံးပြုသူများအတွက်မူ Message ပေးပို့ခြင်း/ လက်ခံခြင်း ပြုလုပ်မရဘဲ ရှိခဲ့သည်။
ထိုပြဿနာကို ၎င်းနေ့ ည ၉ နာရီတိုင်အောင် Facebook ဝန်ထမ်းများက အဖြေရှာမရဘဲ ရှိခဲ့သည်။ ယခုထိ တွေ့ရှိချက်မှာ လူမှုကွန်ရက် ပလက်ဖောင်း၏ bug report ကြောင့်ဖြစ်ပြီး ဆိုင်ဘာတိုက်ခိုက် ခံရခြင်း မဟုတ်ဟုဆိုသည်။ Instagram ကမူ နှောင့်ယှက်ခံရခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

- Htay Oung (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။