Skip to main content
မွားယြင္းေထာင္ခ်ခဲ့မႈအတြက္ ICC ထံမွ ေလ်ာ္ေၾကးေဒၚလာ ၇၅ သန္း ေတာင္းရန္ ကြန္ဂုိသူပုန္ေခါင္းေဆာင္ေဟာင္း တရားစြဲမည္ဟု ဆုိ
Ads Block

မွားယြင္းေထာင္ခ်ခဲ့မႈအတြက္ ICC ထံမွ ေလ်ာ္ေၾကးေဒၚလာ ၇၅ သန္း ေတာင္းရန္ ကြန္ဂုိသူပုန္ေခါင္းေဆာင္ေဟာင္း တရားစြဲမည္ဟု ဆုိ

ကြန္ဂုိသမၼတႏုိင္ငံမွ သူပုန္ေခါင္းေဆာင္ေဟာင္းနဲ႔ ဒုသမၼတျဖစ္သူ ယန္းပီယဲရ္ဘမ္ဘာဟာ ၄င္းအား စစ္ရာဇဝတ္မႈျဖင့္ေထာင္ခ်ခဲ့တဲ့ ICC ထံမွ ေလ်ာ္ေၾကးေငြ ကန္ေဒၚလာ ၇၅ သန္း ရရန္ တရားစြဲမယ္လုိ႔ သတင္းရရွိပါတယ္။ ICC ဟာ ၂၀၀၈ ခုႏွစ္တုန္းက ဘမ္ဘာကုိ ႏုိင္ငံတကာရာဇဝတ္မႈနဲ႔ စစ္ရာဇဝတ္မႈမ်ားျဖင့္ ဝရမ္းထုတ္၊ ဖမ္းဆီးခဲ့ပါတယ္။ ေထာင္ ၁၈ ႏွစ္က်ခံရန္ ၂၀၁၆ ခုႏွစ္မွာ အမိန္႔ခ်ခဲ့ရာ ၂၀၁၈ ခုႏွစ္မွာေတာ့ တရားေသျပန္လႊတ္ေပးခဲ့ပါတယ္။ ထုိ႔အတြက္ မွားယြင္းဖမ္းဆီးေထာင္ခ်မႈ၊ တရားစရိတ္မ်ား၊ ေထာင္က်ေနစဥ္ ၁၀ ႏွစ္အတြင္း ဆုံး႐ွဳံးနစ္နာခဲ့ရမႈမ်ားအတြက္ ေလ်ာ္ေၾကးေတာင္းတာ ျဖစ္ပါတယ္။ ၄င္းေလ်ာ္ေၾကးပမာဏဟာ ICC တစ္ႏွစ္စာဘတ္ဂ်က္ ေဒၚလာ ၁၆၈ သန္းရဲ႕ ထက္ဝက္နီးပါးခန္႔ ရွိေနပါတယ္။ ေလ်ာ္ေၾကးအမႈကို လက္ခံၾကားနာေပးမယ့္ ရက္စြဲကုိေတာ့ ICC တရားသူႀကီးမ်ားမွ မသတ္မွတ္ေပးေသးပါဘူး။

 

မွားယြင္းေထာင္ခ်ခဲ့မႈအတြက္ ICC ထံမွ ေလ်ာ္ေၾကးေဒၚလာ ၇၅ သန္း ေတာင္းရန္ ကြန္ဂုိသူပုန္ေခါင္းေဆာင္ေဟာင္း တရားစြဲမည္ဟု ဆုိ


ဘမ္ဘာဟာ အဖမ္းမခံရခင္တုန္းက စီပြားေရးမွာေရာ အတုိက္အခံႏုိင္ငံေရးမွာပါ ေအာင္ျမင္တဲ့သူ ျဖစ္ပါတယ္။ ၄င္းလက္ေအာက္ရွိ ျပည္သူ႕စစ္အခ်ိဳ႕ က်ဴးလြန္ခဲ့တဲ့ ရာဇဝတ္မႈေတြအတြက္ ၄င္းကုိ ၁၀ ႏွစ္ေက်ာ္ၾကာ ဖမ္းဆီး၊ ေထာင္ခ်ခဲ့ၾကရာ ၂၀၁၈ ေမလမွာေတာ့ တရားေသလႊတ္ေပးခဲ့ၾကပါတယ္။ အမႈႏုိင္ၿပီး ေလ်ာ္ေၾကးေငြရရွိပါက တစ္စိတ္တစ္ပုိင္းကုိ စစ္ေဘးသင့္ျပည္သူေတြအား ေပးေလ်ာ္သြားမယ္လုိ႔ ဆုိပါတယ္။
၄င္းဟာ ေထာင္မွလြတ္လာၿပီး ၂၀၁၈ ဒီဇင္ဘာေ႐ြးေကာက္ပြဲမွာ ဝင္ၿပိဳင္ရန္ ႀကိဳးစားခဲ့ေပမယ့္ သက္ေသ ေဖ်ာက္ဖ်က္မႈ က်ဴးလြန္ခဲ့ေၾကာင္း ICC က စီရင္ခ်က္ခ်ခဲ့ဖူးတာေၾကာင့္ ဝင္ၿပိဳင္ခြင့္ အပိတ္ခံရပါတယ္။ ကြန္ဂုိေ႐ြးေကာက္ပြဲဥပေဒဟာ ထုိျပစ္မႈမ်ိဳးကုိ ျခစားမႈတစ္ရပ္အျဖစ္ သတ္မွတ္ပါတယ္။

Ref: (BBC – 13.3.19)

- ZHO (အကုန္သိ သတင္းဌာန)

Unicode version

မှားယွင်းထောင်ချခဲ့မှုအတွက် ICC ထံမှ လျော်ကြေးဒေါ်လာ ၇၅ သန်း တောင်းရန် ကွန်ဂိုသူပုန်ခေါင်းဆောင်ဟောင်း တရားစွဲမည်ဟု ဆို
ကွန်ဂိုသမ္မတနိုင်ငံမှ သူပုန်ခေါင်းဆောင်ဟောင်းနဲ့ ဒုသမ္မတဖြစ်သူ ယန်းပီယဲရ်ဘမ်ဘာဟာ ၎င်းအား စစ်ရာဇဝတ်မှုဖြင့်ထောင်ချခဲ့တဲ့ ICC ထံမှ လျော်ကြေးငွေ ကန်ဒေါ်လာ ၇၅ သန်း ရရန် တရားစွဲမယ်လို့ သတင်းရရှိပါတယ်။ ICC ဟာ ၂၀၀၈ ခုနှစ်တုန်းက ဘမ်ဘာကို နိုင်ငံတကာရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုများဖြင့် ဝရမ်းထုတ်၊ ဖမ်းဆီးခဲ့ပါတယ်။ ထောင် ၁၈ နှစ်ကျခံရန် ၂၀၁၆ ခုနှစ်မှာ အမိန့်ချခဲ့ရာ ၂၀၁၈ ခုနှစ်မှာတော့ တရားသေပြန်လွှတ်ပေးခဲ့ပါတယ်။ ထို့အတွက် မှားယွင်းဖမ်းဆီးထောင်ချမှု၊ တရားစရိတ်များ၊ ထောင်ကျနေစဉ် ၁၀ နှစ်အတွင်း ဆုံးရှုံးနစ်နာခဲ့ရမှုများအတွက် လျော်ကြေးတောင်းတာ ဖြစ်ပါတယ်။ ၎င်းလျော်ကြေးပမာဏဟာ ICC တစ်နှစ်စာဘတ်ဂျက် ဒေါ်လာ ၁၆၈ သန်းရဲ့ ထက်ဝက်နီးပါးခန့် ရှိနေပါတယ်။ လျော်ကြေးအမှုကို လက်ခံကြားနာပေးမယ့် ရက်စွဲကိုတော့ ICC တရားသူကြီးများမှ မသတ်မှတ်ပေးသေးပါဘူး။
ဘမ်ဘာဟာ အဖမ်းမခံရခင်တုန်းက စီပွားရေးမှာရော အတိုက်အခံနိုင်ငံရေးမှာပါ အောင်မြင်တဲ့သူ ဖြစ်ပါတယ်။ ၎င်းလက်အောက်ရှိ ပြည်သူ့စစ်အချို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ၎င်းကို ၁၀ နှစ်ကျော်ကြာ ဖမ်းဆီး၊ ထောင်ချခဲ့ကြရာ ၂၀၁၈ မေလမှာတော့ တရားသေလွှတ်ပေးခဲ့ကြပါတယ်။ အမှုနိုင်ပြီး လျော်ကြေးငွေရရှိပါက တစ်စိတ်တစ်ပိုင်းကို စစ်ဘေးသင့်ပြည်သူတွေအား ပေးလျော်သွားမယ်လို့ ဆိုပါတယ်။
၎င်းဟာ ထောင်မှလွတ်လာပြီး ၂၀၁၈ ဒီဇင်ဘာရွေးကောက်ပွဲမှာ ဝင်ပြိုင်ရန် ကြိုးစားခဲ့ပေမယ့် သက်သေ ဖျောက်ဖျက်မှု ကျူးလွန်ခဲ့ကြောင်း ICC က စီရင်ချက်ချခဲ့ဖူးတာကြောင့် ဝင်ပြိုင်ခွင့် အပိတ်ခံရပါတယ်။ ကွန်ဂိုရွေးကောက်ပွဲဥပဒေဟာ ထိုပြစ်မှုမျိုးကို ခြစားမှုတစ်ရပ်အဖြစ် သတ်မှတ်ပါတယ်။

Ref: (BBC – 13.3.19)

- ZHO (အကုန်သိ သတင်းဌာန)
 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။