Skip to main content
Ads Block

ပြည်တွင်းပြည်ပ ပြိုင်ကားဖိုက်တာတွေ ၀ိုင်းဆွဲကြမယ့် ပြိုင်ပွဲ(ရုပ်သံ)

-------- အကုန်သိသတင်းဌာန ---------

မြန်မာအပါအ၀င် ပြည်တွင်းပြည်ပ နာမည်ကျော် ပြိုင်ကားဖိုက်တာတွေ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပြိုင်ပွဲကြီးတစ်ခုကို မန္တလေးနဲ့ ပြင်ဦးလွင်ကြားက တောရွာတစ်ရွာမှာ ကျင်းပဖို့ ရှိပါတယ်။ ဒီပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ဒုတိယအကြိမ်မြောက် ကျင်းပတာဖြစ်ပြီး နိုင်ငံတကာ ပြိုင်ကားပြိုင်ပွဲကြီးတွေလိုမျိုး ထူးခြားတဲ့ ယှဉ်ပြိုင်မှုတွေပါဝင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို Wolver အင်ဂျင်ဝိုင်က အဓိက စပွန်ဆာပေးထားတာလို့ သိရပါတယ်။ နာမည်ကျော် အဖော်အချွတ် သရုပ်ဆောင် သင်ဇာဝင့်ကျော်လည်း ပါဝင်တက်ရောက်မယ်လို့ သိရပါတယ်။

 

ရိုက်ကူးမေးမြန်းတည်းဖြတ် - သိမ့်အေးချမ်း ၊ ထက်ပိုင်စိုး

 

#ပြိုင်ကားဖိုက်တာ #Driftဆွဲပြိုင်ပွဲ #မန္တလေး #ပြင်ဦးလွင်

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။