Skip to main content
မႈခင္း
Ads Block

မိခင္မရွိခ်ိန္တြင္ ၁၂ ႏွစ္အရြယ္မယားပါသမီးကို ပေထြးက အဓမၼျပဳက်င့္ရန္ႀကံစည္

မိခင္ျဖစ္သူ အ၀တ္ေလွ်ာ္သြားေနခ်ိန္၌ ေနအိမ္တြင္ က်န္ရစ္ေသာ (၁၂)ႏွစ္သမီးကို ပေထြးက အဓမၼျပဳက်င့္ရန္ၾကံစည္သည့္ ျဖစ္စဥ္တစ္ခု ရန္ကုန္တိုင္းေဒသၾကီး လိႈင္သာယာၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္္မွာ လိႈင္သာယာၿမိဳ႕နယ္၊ အမွတ္(၁)ရပ္ကြက္တြင္ ေနထိုင္ေသာ တရားလို(ကေလးမိခင္)သည္ လွည္းတန္းသို႕မတ္လ ၁၂ ရက္ နံနက္ ၆ နာရီခြဲက အ၀တ္ေလွ်ာ္ရန္အတြက္ ထြက္သြားခဲ့ၿပီး ေန႔ခင္းအခ်ိန္တြင္ တရားလို၏မိခင္(မိန္းကေလးငယ္၏ အဖြားေတာ္စပ္သူ)ေရာက္ရွိလာကာ " နင့္သမီးကိုသြားၾကည့္ဦး။ နင့္လင္အဓမၼျပဳက်င့္ေနလားမသိဘူး " ဟု ေျပာဆိုသည့္အတြက္ ေနအိမ္သို႔ အေျပးျပန္လာခဲ့ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။ ေနအိမ္တြင္ ၂ လသားအရြယ္သားေလးႏွင့္ ပထမအိမ္ေထာင္ႏွင့္ရရွိေသာ လက္ရွိ ၁၂ ႏွစ္သမီးတို႔သည္ ခင္ပြန္းျဖစ္ေသာ စိုးႏုိင္(၃၅)ႏွစ္ႏွင့္အတူ က်န္ရစ္ခဲ့ၿပီး သမီးျဖစ္သူ၏ေျပာျပခ်က္အရ မိခင္မရွိခ်ိန္တြင္ ပေထြး(စိုးႏုိင္)က မိန္းမကိုယ္မ်ားကို ပြတ္သပ္ၿပီးေနာက္ အဓမၼျပဳက်င့္ရန္ၾကံစည္ခဲ့ေၾကာင္း၊ " ဒီကိစၥ နင့္အေမသိရင္ ဓားနဲ႔ခုတ္ပစ္မယ္ " ဟူ၍လည္း ၿခိမ္းေျခာက္ေျပာဆိုခဲ့ေၾကာင္း သမီးျဖစ္သူက တိုင္ၾကားခဲ့သည္ဟု စစ္ေဆးသိရွိရသည္။

ယင္းအတြက္ေၾကာင့္ အသက္ ၁၂ အရြယ္ရွိသမီးကို အဓမၼျပဳက်င့္ရန္ၾကံစည္ေသာ စိုးႏုိင္(၃၅)ႏွစ္ကို အေရးယူေပးရန္ မိခင္မွ တရားလိုျပဳလုပ္တိုင္ၾကားသျဖင့္ လိႈင္သာယာၿမိဳ႕မရဲစခန္းက (ပ)၁၃၇၅/၂၀၁၉၊ ရာဇသတ္ျကီးပုဒ္မ - ၃၇၆/၅၁၁ ျဖင့္ တရားခံကိုဖမ္းဆီး၍အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။

Unicode Version 

မိခင်ဖြစ်သူ အဝတ်လျှော်သွားနေချိန်၌ နေအိမ်တွင် ကျန်ရစ်သော (၁၂)နှစ်သမီးကို ပထွေးက အဓမ္မပြုကျင့်ရန်ကြံစည်သည့် ဖြစ်စဉ်တစ်ခု ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သော တရားလို(ကလေးမိခင်)သည် လှည်းတန်းသို့မတ်လ ၁၂ ရက် နံနက် ၆ နာရီခွဲက အဝတ်လျှော်ရန်အတွက် ထွက်သွားခဲ့ပြီး နေ့ခင်းအချိန်တွင် တရားလို၏မိခင်(မိန်းကလေးငယ်၏ အဖွားတော်စပ်သူ)ရောက်ရှိလာကာ " နင့်သမီးကိုသွားကြည့်ဦး။ နင့်လင်အဓမ္မပြုကျင့်နေလားမသိဘူး " ဟု ပြောဆိုသည့်အတွက် နေအိမ်သို့ အပြေးပြန်လာခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ နေအိမ်တွင် ၂ လသားအရွယ်သားလေးနှင့် ပထမအိမ်ထောင်နှင့်ရရှိသော လက်ရှိ ၁၂ နှစ်သမီးတို့သည် ခင်ပွန်းဖြစ်သော စိုးနိုင်(၃၅)နှစ်နှင့်အတူ ကျန်ရစ်ခဲ့ပြီး သမီးဖြစ်သူ၏ပြောပြချက်အရ မိခင်မရှိချိန်တွင် ပထွေး(စိုးနိုင်)က မိန်းမကိုယ်များကို ပွတ်သပ်ပြီးနောက် အဓမ္မပြုကျင့်ရန်ကြံစည်ခဲ့ကြောင်း " ဒီကိစ္စ နင့်အမေသိရင် ဓားနဲ့ခုတ်ပစ်မယ် " ဟူ၍လည်း ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သမီးဖြစ်သူက တိုင်ကြားခဲ့သည်ဟု စစ်ဆေးသိရှိရသည်။
ယင်းအတွက်ကြောင့် အသက် ၁၂ အရွယ်ရှိသမီးကို အဓမ္မပြုကျင့်ရန်ကြံစည်သော စိုးနိုင်(၃၅)နှစ်ကို အရေးယူပေးရန် မိခင်မှ တရားလိုပြုလုပ်တိုင်ကြားသဖြင့် လှိုင်သာယာမြို့မရဲစခန်းက (ပ)၁၃၇၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ - ၃၇၆/၅၁၁ ဖြင့် တရားခံကိုဖမ်းဆီး၍အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။ 

   -  ဒါးဇ (Source -  NyiNyi(လႈိင္သာယာ))

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။