Skip to main content
အမ်ိဳးသားပို႔ကုန္မဟာဗ်ဴဟာဆြဲရန္ သစ္သီး ၈ မ်ိဳးကိုလ်ာထားေသာ္လည္း စီး/ကူး၀န္ႀကီးဌာနႏွင့္ ညွိႏိႈင္းရဦးမည္
Ads Block

အမ်ိဳးသားပို႔ကုန္မဟာဗ်ဴဟာဆြဲရန္ သစ္သီး ၈ မ်ိဳးကိုလ်ာထားေသာ္လည္း စီး/ကူး၀န္ႀကီးဌာနႏွင့္ ညွိႏိႈင္းရဦးမည္

အမ်ိဳးသားပို႔ကုန္မဟာဗ်ဴဟာေရးဆြဲရန္ သစ္သီးဝလံ ၈ မ်ိဳးကိုလ်ာထားေသာ္လည္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရးဝန္ႀကီးဌာနႏွင့္ညွိႏိႈင္းၿပီးမွ ဆံုးျဖတ္မည္ျဖစ္ေၾကာင္း သိရသည္။ 
ျမန္မာႏိုင္ငံသစ္သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္းရြက္စုိက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းအေနျဖင့္ ဖရဲသီး၊ သခြားေမႊးသီး၊ ေထာပတ္သီး၊ ေကာ္ဖီေစ့၊ သရက္သီး၊ ဌက္ေပ်ာသီး၊ ကြ်ဲေကာသီးႏွင့္ဝဥ စုစုေပါင္း သီးႏွံ ၈ မ်ိဳးအတြက္ အမ်ိဳးသားပို႔ကုန္မဟာဗ်ဴဟာေရးဆဲြရန္ သတ္မွတ္ထားေၾကာင္း သိရသည္။ 

အမ်ိဳးသားပို႔ကုန္မဟာဗ်ဴဟာဆြဲရန္ သစ္သီး ၈ မ်ိဳးကိုလ်ာထားေသာ္လည္း စီး/ကူး၀န္ႀကီးဌာနႏွင့္ ညွိႏိႈင္းရဦးမည္


“အမ်ိဳးသားပို႔ကုန္မဟာဗ်ဴဟာေရးဆြဲဖိုပအသင္းအေနနဲ႔ သစ္သီးဝလံ ၈ မ်ိဳးကိုေရြးထားတယ္။ ဒါေပမယ့္ ေနာက္ ဆံုးစကာတင္စစ္ေဆးတာစီးပြား /ကူးသန္းနဲ႔ ညွိႏႈိင္းေဆာင္ရြက္ရမယ္။ အဓိကက်တာကိုေရြးထားၿပီးေပမယ့္ ဘယ္ႏွစ္မ်ိဳးကိုပို႔ကုန္ဗ်ဴဟာထဲမွာထည့္မယ္၊ မထည့္ဘူးဆိုတာမသိေသးဘူး။ စီးပြား/ကူးသန္းဘက္ကလည္း လက္ခံဖို႔ လိုေသးတယ္ေလ” ဟု အဆိုပါ သီးႏွံ ၈ မ်ိဳးအတြက္ အမ်ိဳးသားပို႔ကုန္မဟာဗ်ဴဟာေရးဆြဲရန္ GIZ မွ ကူညီပ့ံပိုးမႈျဖင့္ ပညာေရးဝန္ႀကီးဌာနရွိ ျပည္ေထာင္စုဝန္ႀကီးမွ ဥကၠ႒အျဖစ္ တာဝန္ယူေဆာင္ရြက္ေနသည့္ အမ်ဳိးသားအဆင့္ စံခ်ိန္စံညႊန္းေကာ္မတီမွ ေရးဆြဲေနျခင္းျဖစ္ေၾကာင္းျမန္မာႏိုင္ငံသစ္သီးဝလံ၊ ပန္းမန္ႏွင့္ဟင္းသီးဟင္းရြက္ စုိက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွသိရသည္။ 
ယင္းသို႔ေရးဆြဲရာတြင္ သီးႏွံအရည္အေသြး၊ စံခ်ိန္စံညႊန္းသတ္မွတ္ခ်က္မ်ား၊ သီးႏွံမ်ား ျဖစ္ထြန္းေအာင္ စိုက္ပ်ိဳးထုတ္လုပ္နည္း၊ ေရသြင္းအားေကာင္းမြန္ေစရန္ ေဆာင္ရြက္နည္း၊ အစားအေသာက္မ်ားေဘးအႏၱရာယ္ ကင္းရွင္းၿပီးလံုျခံဳစိတ္ခ်မႈ ရွိေစရန္စသည့္အခ်က္မ်ားကိုအေလးထားထည့္သြင္းေရးဆြဲမည္ျဖစ္ေၾကာင္း သိရသည္။

- သင္းသင္းလိႈင္(အကုန္သိ သတင္းဌာန)


Unicode version

အမျိုးသားပို့ကုန်မဟာဗျူဟာဆွဲရန် သစ်သီး ၈ မျိုးကိုလျာထားသော်လည်း စီး/ကူးဝန်ကြီးဌာနနှင့် ညှိနှိုင်းရဦးမည်
အမျိုးသားပို့ကုန်မဟာဗျူဟာရေးဆွဲရန် သစ်သီးဝလံ ၈ မျိုးကိုလျာထားသော်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီးမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။ 
မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအနေဖြင့် ဖရဲသီး၊ သခွားမွှေးသီး၊ ထောပတ်သီး၊ ကော်ဖီစေ့၊ သရက်သီး၊ ဌက်ပျောသီး၊ ကျွဲကောသီးနှင့်ဝဥ စုစုပေါင်း သီးနှံ ၈ မျိုးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာရေးဆွဲရန် သတ်မှတ်ထားကြောင်း သိရသည်။ 
“အမျိုးသားပို့ကုန်မဟာဗျူဟာရေးဆွဲဖိုပအသင်းအနေနဲ့ သစ်သီးဝလံ ၈ မျိုးကိုရွေးထားတယ်။ ဒါပေမယ့် နောက် ဆုံးစကာတင်စစ်ဆေးတာစီးပွား /ကူးသန်းနဲ့ ညှိနှိုင်းဆောင်ရွက်ရမယ်။ အဓိကကျတာကိုရွေးထားပြီးပေမယ့် ဘယ်နှစ်မျိုးကိုပို့ကုန်ဗျူဟာထဲမှာထည့်မယ်၊ မထည့်ဘူးဆိုတာမသိသေးဘူး။ စီးပွား/ကူးသန်းဘက်ကလည်း လက်ခံဖို့ လိုသေးတယ်လေ” ဟု အဆိုပါ သီးနှံ ၈ မျိုးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာရေးဆွဲရန် GIZ မှ ကူညီပံ့ပိုးမှုဖြင့် ပညာရေးဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် အမျိုးသားအဆင့် စံချိန်စံညွှန်းကော်မတီမှ ရေးဆွဲနေခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရသည်။ 
ယင်းသို့ရေးဆွဲရာတွင် သီးနှံအရည်အသွေး၊ စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သီးနှံများ ဖြစ်ထွန်းအောင် စိုက်ပျိုးထုတ်လုပ်နည်း၊ ရေသွင်းအားကောင်းမွန်စေရန် ဆောင်ရွက်နည်း၊ အစားအသောက်များဘေးအန္တရာယ် ကင်းရှင်းပြီးလုံခြုံစိတ်ချမှု ရှိစေရန်စသည့်အချက်များကိုအလေးထားထည့်သွင်းရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

- သင်းသင်းလှိုင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။