Skip to main content
ထုိင္းေတာင္ပုိင္းတြင္ ခြဲထြက္ေရး သူပုန္ႏွစ္ဦးက မြတ္ဆလင္အမ်ဳိးသမီး ၀တ္စုံ၀တ္ကာ ရဲစခန္းကုိ ဗုံးပစ္ ထြက္ေျပး  
Ads Block

ထုိင္းေတာင္ပုိင္းတြင္ ခြဲထြက္ေရး သူပုန္ႏွစ္ဦးက မြတ္ဆလင္အမ်ဳိးသမီး ၀တ္စုံ၀တ္ကာ ရဲစခန္းကုိ ဗုံးပစ္ ထြက္ေျပး  

မြတ္ဆလင္အမ်ဳိးသမီး ၀တ္ရုံေတြ၀တ္ထားတဲ့ ခြဲထြက္ေရးသူပုန္ႏွစ္ဦးဟာ ထုိင္းႏုိင္ငံ နာရာသီ၀ပ္ျပည္နယ္ ယီငုိခရုိင္က ေက်းလက္ရဲစခန္းတစ္ခုရဲ ့ လုိင္းခန္းကုိ ဗုဒၶဟူးေန ့ မနက္ပုိင္းက ပုိက္ဗုံးတစ္လုံးနဲ ့ပစ္သြားခဲ့ေၾကာင္း သိရပါတယ္။ 
ဆူဘုိတာဆက္ေက်းရြာမွာ မနက္ ၁၀ နာရီခြဲေလာက္က ျဖစ္ပြားခဲ့တာျဖစ္ၿပီး တုိက္ခုိက္မႈေၾကာင့္ ထိခုိက္ဒဏ္ရာရသူေတာ့ မရွိခဲ့ပါဘူး။ ရဲ၊ စစ္သားနဲ ့ဗုံးကၽြမ္းက်င္သူေတြ အခင္းျဖစ္ေနရာကုိ အျမန္သြားေရာက္ စစ္ေဆးခဲ့ၾကၿပီး အေလးခ်ိန္ တစ္ကီလုိဂရမ္ ေလာက္ရွိတဲ့ ပုိက္ဗုံး အပုိင္းအစေတြ ေတြ ့ခဲ့ၾကပါတယ္။ ဗုံးဒဏ္ေၾကာင့္ လုိင္းခန္း၀င္ေပါက္ တစ္၀ုိက္ အပ်က္အစီးျဖစ္ခဲ့သလုိ တံတုိင္းမွာလည္း ဗုံးစထိမွန္ကာ အေပါက္ေတြျဖစ္ခဲ့ပါတယ္။ စခန္းအနီးက ေစ်းရွိ ယာယီစစ္ေဆးေရးဂိတ္တစ္ခုကုိ သြားဖုိ ့၄င္းနဲ ့ရဲအရာရွိတစ္ဦးတုိ ့ ထြက္လာစဥ္ အခင္းျဖစ္ရပ္ျဖစ္ပြားခဲ့တာလုိ ့ ယီငုိရဲစခန္းမွ ရဲၾကပ္ႀကီး ခရစ္ဆာဒါခြန္ ကန္ခ်တ္က ေျပာဆုိပါတယ္။ မြတ္ဆလင္ အမ်ဳိးသမီး၀တ္ရုံေတြ ၀တ္ထားသူႏွစ္ဦးဟာ ေမာ္ေတာ္ဆုိင္ကယ္တစ္စီးနဲ ့ ေရာက္ရွိလာၿပီး ေနာက္ကထုိင္လုိက္သူက လုိင္းခန္းကုိ ဗုံးနဲ ့ပစ္သြားခဲ့တာျဖစ္ေၾကာင္း ၄င္းက ေျပာဆုိပါတယ္။ 

ထုိင္းေတာင္ပုိင္းတြင္ ခြဲထြက္ေရး သူပုန္ႏွစ္ဦးက မြတ္ဆလင္အမ်ဳိးသမီး ၀တ္စုံ၀တ္ကာ ရဲစခန္းကုိ ဗုံးပစ္ ထြက္ေျပး  


ဗုံးဟာ ကြန္ကရစ္အခင္းတစ္ခုေပၚကုိ က်ခဲ့ကာ မီးခုိးေတြ ထြက္လာခဲ့တာကုိ သူေတြ ့ခဲ့ရတယ္လုိ ့ ဆုိပါတယ္။ သူတုိ ့နဲ ့ သုံးမီတာေလာက္သာေ၀းတဲ့ ယင္းေနရာကုိ အေျပး သြားခဲ့ခ်ိန္ ၁၀ စကၠန္ ့ေလာက္အတြင္းမွာပဲ ဗုံးက ေပါက္ကြဲသြားခဲ့ေၾကာင္း သိရပါတယ္။ ဆုိင္ကယ္နဲ ့ထြက္ေျပးသြားတဲ့ တုိက္ခုိက္သူႏွစ္ဦးကုိ ေသနတ္နဲ ့ ေလးခ်က္ေလာက္ ပစ္ခဲ့ေပမယ့္ လြတ္သြားခဲ့တယ္လုိ ့ ဆုိပါတယ္။ ယခုတုိက္ခုိက္မႈနဲ ့ ပတ္သက္ၿပီး ဆက္သြယ္ေရးစက္နဲ ့ အျခားတပ္ဖြဲ ့ေတြထံ အသိေပးအေၾကာင္းၾကားခဲ့ကာ ဆုိင္ကယ္ကုိ ရပ္တန္ ့ဖမ္းဆီးဖုိ ့ ေျပာခဲ့ေၾကာင္းလည္း ၄င္းက ဆုိခဲ့ပါတယ္။ 
အခင္းျဖစ္ေနရာက လုံၿခဳံေရးကင္မရာေတြရဲ ့ မွတ္တမ္းတင္ထားမႈအရ ဆုိင္ကယ္ လုိင္စင္နံပါတ္ျပားနဲ ့ အျခား သဲလြန္စေတြကုိ ေျခရာေကာက္ကာ တုိက္ခုိက္သူေတြ ဘယ္သူ ဆုိတာနဲ ့ ဘယ္မွာေနထုိင္တယ္ဆုိတာ စစ္ေဆးေနေၾကာင္း ယီငုိရဲတပ္ဖြဲ႕ က ဒူလ္ယာမန္ေယနာက ေျပာဆုိခဲ့ပါတယ္။ 
Ref: ဘန္ေကာက္ပုိ ့စ္ 

- ကိုလင္း (အကုန္သိ သတင္းဌာန)

         
Unicode version

ထိုင်းတောင်ပိုင်းတွင် ခွဲထွက်ရေး သူပုန်နှစ်ဦးက မွတ်ဆလင်အမျိုးသမီး ဝတ်စုံဝတ်ကာ ရဲစခန်းကို ဗုံးပစ် ထွက်ပြေး  
မွတ်ဆလင်အမျိုးသမီး ဝတ်ရုံတွေဝတ်ထားတဲ့ ခွဲထွက်ရေးသူပုန်နှစ်ဦးဟာ ထိုင်းနိုင်ငံ နာရာသီဝပ်ပြည်နယ် ယီငိုခရိုင်က ကျေးလက်ရဲစခန်းတစ်ခုရဲ့ လိုင်းခန်းကို ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ပိုက်ဗုံးတစ်လုံးနဲ့ပစ်သွားခဲ့ကြောင်း သိရပါတယ်။ 
ဆူဘိုတာဆက်ကျေးရွာမှာ မနက် ၁၀ နာရီခွဲလောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ ရဲ၊ စစ်သားနဲ့ဗုံးကျွမ်းကျင်သူတွေ အခင်းဖြစ်နေရာကို အမြန်သွားရောက် စစ်ဆေးခဲ့ကြပြီး အလေးချိန် တစ်ကီလိုဂရမ် လောက်ရှိတဲ့ ပိုက်ဗုံး အပိုင်းအစတွေ တွေ့ခဲ့ကြပါတယ်။ ဗုံးဒဏ်ကြောင့် လိုင်းခန်းဝင်ပေါက် တစ်ဝိုက် အပျက်အစီးဖြစ်ခဲ့သလို တံတိုင်းမှာလည်း ဗုံးစထိမှန်ကာ အပေါက်တွေဖြစ်ခဲ့ပါတယ်။ စခန်းအနီးက ဈေးရှိ ယာယီစစ်ဆေးရေးဂိတ်တစ်ခုကို သွားဖို့၎င်းနဲ့ရဲအရာရှိတစ်ဦးတို့ ထွက်လာစဉ် အခင်းဖြစ်ရပ်ဖြစ်ပွားခဲ့တာလို့ ယီငိုရဲစခန်းမှ ရဲကြပ်ကြီး ခရစ်ဆာဒါခွန် ကန်ချတ်က ပြောဆိုပါတယ်။ မွတ်ဆလင် အမျိုးသမီးဝတ်ရုံတွေ ဝတ်ထားသူနှစ်ဦးဟာ မော်တော်ဆိုင်ကယ်တစ်စီးနဲ့ ရောက်ရှိလာပြီး နောက်ကထိုင်လိုက်သူက လိုင်းခန်းကို ဗုံးနဲ့ပစ်သွားခဲ့တာဖြစ်ကြောင်း ၎င်းက ပြောဆိုပါတယ်။ 
ဗုံးဟာ ကွန်ကရစ်အခင်းတစ်ခုပေါ်ကို ကျခဲ့ကာ မီးခိုးတွေ ထွက်လာခဲ့တာကို သူတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ သူတို့နဲ့ သုံးမီတာလောက်သာဝေးတဲ့ ယင်းနေရာကို အပြေး သွားခဲ့ချိန် ၁၀ စက္ကန့်လောက်အတွင်းမှာပဲ ဗုံးက ပေါက်ကွဲသွားခဲ့ကြောင်း သိရပါတယ်။ ဆိုင်ကယ်နဲ့ထွက်ပြေးသွားတဲ့ တိုက်ခိုက်သူနှစ်ဦးကို သေနတ်နဲ့ လေးချက်လောက် ပစ်ခဲ့ပေမယ့် လွတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ယခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးစက်နဲ့ အခြားတပ်ဖွဲ့တွေထံ အသိပေးအကြောင်းကြားခဲ့ကာ ဆိုင်ကယ်ကို ရပ်တန့်ဖမ်းဆီးဖို့ ပြောခဲ့ကြောင်းလည်း ၎င်းက ဆိုခဲ့ပါတယ်။ 
အခင်းဖြစ်နေရာက လုံခြုံရေးကင်မရာတွေရဲ့ မှတ်တမ်းတင်ထားမှုအရ ဆိုင်ကယ် လိုင်စင်နံပါတ်ပြားနဲ့ အခြား သဲလွန်စတွေကို ခြေရာကောက်ကာ တိုက်ခိုက်သူတွေ ဘယ်သူ ဆိုတာနဲ့ ဘယ်မှာနေထိုင်တယ်ဆိုတာ စစ်ဆေးနေကြောင်း ယီငိုရဲတပ်ဖွဲ့ က ဒူလ်ယာမန်ယေနာက ပြောဆိုခဲ့ပါတယ်။ 
Ref: ဘန်ကောက်ပို့စ် 

         
- ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။