Skip to main content
လိင္ပိုင္းဆုိင္ရာက်ဴးလြန္မႈအတြက္ ဘုန္းေတာ္ႀကီး ေဂ်ာ့ပယ္ကို ေထာင္ဒဏ္ ၆ ႏွစ္ျပစ္ဒဏ္ခ် 
Ads Block

လိင္ပိုင္းဆုိင္ရာက်ဴးလြန္မႈအတြက္ ဘုန္းေတာ္ႀကီး ေဂ်ာ့ပယ္ကို ေထာင္ဒဏ္ ၆ ႏွစ္ျပစ္ဒဏ္ခ် 

ၾသစေၾတးလ်ႏုိင္ငံမွာ လူငယ္ ႏွစ္ဦးကို လိင္ပိုင္းဆုိင္ရာ က်ဴးလြန္မႈေတြလုပ္ခဲ့တာေၾကာင့္ ကက္သလစ္ဘုန္းေတာ္ႀကီး ေဂ်ာ့ပယ္ကို ေထာင္ဒဏ္ ၆ ႏွစ္ျပစ္ဒဏ္ ခ်မွတ္လုိက္တယ္လို႔ ၾသစေၾတးလ် တရားရံုးကသတင္းထုတ္ျပန္ခဲ့ပါတယ္။ ေဂ်ာ့ပယ္ဟာ အသက္ ၁၃ ႏွစ္အရြယ္ လူငယ္ႏွစ္ဦးကို ၁၉၉၆ ခုႏွစ္ ကမဲလ္ဘုန္းၿမိဳ႕ရွိ ခရစ္ယာန္ဘုရားေက်ာင္းမွာ လိင္ပိုင္းဆုိင္ရာက်ဴးလြန္ခဲ့တယ္လို႔ ဘီဘီစီသတင္းကဆုိပါတယ္။

လိင္ပိုင္းဆုိင္ရာက်ဴးလြန္မႈအတြက္ ဘုန္းေတာ္ႀကီး ေဂ်ာ့ပယ္ကို ေထာင္ဒဏ္ ၆ ႏွစ္ျပစ္ဒဏ္ခ် 

သူအေနနဲ႔ အမွားအယြင္းတစ္စံုတရာမလုပ္ခဲ့တာေၾကာင့္ ျပစ္ဒဏ္ကို အယူခံ၀င္သြားမယ္လို႔ အသက္ ၇၇ ႏွစ္ အရြယ္ရွိ ေဂ်ာ့ပယ္က ေျပာပါတယ္။ ေဂ်ာ့ပယ္ရဲ႕လုပ္ရပ္က စိတ္ပ်က္ဖြယ္ေကာင္းတယ္လို႔ တရားသူႀကီး ပီတာ ကစ္ကေျပာပါတယ္။ ေဂ်ာ့ပယ္ဟာ အသက္ ၁၆ ႏွစ္ေအာက္ လူငယ္ေတြကို လိင္ပိုင္းဆုိင္ရာက်ဴးလြန္တယ္ဆုိတဲ့ စြပ္စြဲခ်က္ေတြ ရင္ဆုိင္ေနရသူလည္းျဖစ္ပါတယ္။ ေဂ်ာ့ပယ္ ဟာ အသက္ ၁၆ ႏွစ္ေအာက္ကေလးေတြ အေပၚလိင္ပိုင္းဆုိင္ရာ က်ဴးလြန္မႈေတြနဲ႔ပတ္သက္လို႔ အျခား စြဲခ်က္ ၄ ခုက်န္ရွိေသးတယ္လို႔ တရားသူႀကီး ပီတာကစ္ကေျပာပါတယ္။ ကက္သလစ္ဘုန္းေတာ္ၾကီး ေဂ်ာ့ပယ္ဟာ ပုပ္ရဟန္းမင္းႀကီးနဲ႔နီးစပ္သူတစ္ဦးျဖစ္ၿပီး ၾသစေၾတးလ် ႏုိင္ငံအတြင္း အသက္ ၁၆ ႏွစ္ေအာက္ လူငယ္ေတြကို လိင္ပိုင္းဆုိင္ရာ က်ဴးလြန္တဲ့သူေတြထဲမွာ နာမည္အၾကီးဆံုးလူလည္းျဖစ္ပါတယ္။ ေဂ်ာ့ပယ္ဟာ မဲဘုန္းၿမိဳ႕ရဲ႕ ခရစ္ယာန္ဂိုဏ္းခ်ဳပ္ၾကီးျဖစ္လာတဲ့ ၁၉၉၆ ခုႏွစ္မွာ St Patrick's ဘုရားေက်ာင္းအတြင္းလူငယ္ေတြကို လိင္ပိုင္းဆုိင္ရာက်ဴးလြန္ ခဲ့တာျဖစ္ေၾကာင္း ေရွ႕ေနေတြက ေျပာပါတယ္။ ေဂ်ာ့ပယ္ ဟာ လူငယ္ေတြနဲ႔၀ိုင္ အတူေသာက္ၿပီးေနာက္ လူငယ္ေတြကို လိင္ပိုင္းဆုိင္ရာမဖြယ္မရာလုပ္ခဲ့တာျဖစ္ေၾကာင္း၊ ဒါ့အျပင္ ၁၉၉၇ ခုႏွစ္က လူငယ္တစ္ဦးကို လိင္ပိုင္းဆုိင္ရာ က်ဴးလြန္မႈလုပ္ခဲ့ေၾကာင္း ၾသစေၾတးလ်အစိုးရေရွ႕ေနေတြကေျပာပါတယ္။ ေဂ်ာ့ပယ္ ဟာလူငယ္ေတြအေပၚ လိင္ပိုင္းဆုိင္ရာ က်ဴးလြန္ခဲ့ေပမယ့္အခ်ိဳ႕လူငယ္ေတြက အမႈျပန္ရုပ္သိမ္းတာေတြရွိခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။

- ေကာင္းထက္ (အကုန္သိ သတင္းဌာန)

Unicode version

လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအတွက် ဘုန်းတော်ကြီး ဂျော့ပယ်ကို ထောင်ဒဏ် ၆ နှစ်ပြစ်ဒဏ်ချ 
သြစတြေးလျနိုင်ငံမှာ လူငယ် နှစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေလုပ်ခဲ့တာကြောင့် ကက်သလစ်ဘုန်းတော်ကြီး ဂျော့ပယ်ကို ထောင်ဒဏ် ၆ နှစ်ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ သြစတြေးလျ တရားရုံးကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဂျော့ပယ်ဟာ အသက် ၁၃ နှစ်အရွယ် လူငယ်နှစ်ဦးကို ၁၉၉၆ ခုနှစ် ကမဲလ်ဘုန်းမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တယ်လို့ ဘီဘီစီသတင်းကဆိုပါတယ်။ သူအနေနဲ့ အမှားအယွင်းတစ်စုံတရာမလုပ်ခဲ့တာကြောင့် ပြစ်ဒဏ်ကို အယူခံဝင်သွားမယ်လို့ အသက် ၇၇ နှစ် အရွယ်ရှိ ဂျော့ပယ်က ပြောပါတယ်။ ဂျော့ပယ်ရဲ့လုပ်ရပ်က စိတ်ပျက်ဖွယ်ကောင်းတယ်လို့ တရားသူကြီး ပီတာ ကစ်ကပြောပါတယ်။ ဂျော့ပယ်ဟာ အသက် ၁၆ နှစ်အောက် လူငယ်တွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရင်ဆိုင်နေရသူလည်းဖြစ်ပါတယ်။ ဂျော့ပယ် ဟာ အသက် ၁၆ နှစ်အောက်ကလေးတွေ အပေါ်လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ အခြား စွဲချက် ၄ ခုကျန်ရှိသေးတယ်လို့ တရားသူကြီး ပီတာကစ်ကပြောပါတယ်။ ကက်သလစ်ဘုန်းတော်ကြီး ဂျော့ပယ်ဟာ ပုပ်ရဟန်းမင်းကြီးနဲ့နီးစပ်သူတစ်ဦးဖြစ်ပြီး သြစတြေးလျ နိုင်ငံအတွင်း အသက် ၁၆ နှစ်အောက် လူငယ်တွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့သူတွေထဲမှာ နာမည်အကြီးဆုံးလူလည်းဖြစ်ပါတယ်။ ဂျော့ပယ်ဟာ မဲဘုန်းမြို့ရဲ့ ခရစ်ယာန်ဂိုဏ်းချုပ်ကြီးဖြစ်လာတဲ့ ၁၉၉၆ ခုနှစ်မှာ St Patrick's ဘုရားကျောင်းအတွင်းလူငယ်တွေကို လိင်ပိုင်းဆိုင်ရာကျူးလွန် ခဲ့တာဖြစ်ကြောင်း ရှေ့နေတွေက ပြောပါတယ်။ ဂျော့ပယ် ဟာ လူငယ်တွေနဲ့ဝိုင် အတူသောက်ပြီးနောက် လူငယ်တွေကို လိင်ပိုင်းဆိုင်ရာမဖွယ်မရာလုပ်ခဲ့တာဖြစ်ကြောင်း၊ ဒါ့အပြင် ၁၉၉၇ ခုနှစ်က လူငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုလုပ်ခဲ့ကြောင်း သြစတြေးလျအစိုးရရှေ့နေတွေကပြောပါတယ်။ ဂျော့ပယ် ဟာလူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ပေမယ့်အချို့လူငယ်တွေက အမှုပြန်ရုပ်သိမ်းတာတွေရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

- ကောင်းထက် (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။