Skip to main content
ဒုကၡသည္ စခန္းမ်ား၏ အသတ္အျဖတ္သတင္းမ်ားေၾကာင့္ အမႈအခင္းေတြ ေရွာင္ရွားၾကဖုိ ့ ARSA က ဘဂၤါလီေတြကုိ တုိက္တြန္း 
Ads Block

ဒုကၡသည္ စခန္းမ်ား၏ အသတ္အျဖတ္သတင္းမ်ားေၾကာင့္ အမႈအခင္းေတြ ေရွာင္ရွားၾကဖုိ ့ ARSA က ဘဂၤါလီေတြကုိ တုိက္တြန္း 

သတ္ျဖတ္မႈေတြ၊ အုပ္စုတြင္းသုိ ့ အဓမၼေခၚသြင္းမႈေတြျဖစ္ေပၚေနတယ္ဆုိတဲ့ သတင္းေတြေၾကာင့္ ဘဂၤလားေဒ့ရွ္ႏုိင္ငံရွိ ဒုကၡသည္စခန္းေတြမွာ ျပစ္မႈက်ဴးလြန္တာေတြ မလုပ္ၾကဖုိ ့ ဘဂၤါလီစစ္ေသြးၾကြအုပ္စု ARSA က မတ္လ ၁၃ ရက္ေန ့မွာ ၄င္းတုိ ့ရဲ ့ ေနာက္လုိက္အေပါင္းအပါေတြကုိ တုိက္တြန္းေဆာ္ၾသလုိက္ပါတယ္။ 

ဒုကၡသည္ စခန္းမ်ား၏ အသတ္အျဖတ္သတင္းမ်ားေၾကာင့္ အမႈအခင္းေတြ ေရွာင္ရွားၾကဖုိ ့ ARSA က ဘဂၤါလီေတြကုိ တုိက္တြန္း 


ၿပီးခဲ့တဲ့ သီတင္းပတ္ေတြအတြင္း သတ္ျဖတ္မႈျဖစ္စဥ္ေတြအပါအ၀င္ ARSA အုပ္စုဟာ ဒုကၡသည္စခန္းေတြမွာ အစီအစဥ္တက် အၾကမ္းဖက္တုိက္ခုိက္မႈလုပ္ရပ္ေတြ လုပ္ခဲ့ေၾကာင္း ဘဂၤလားေဒ့ရွ္အေျခစုိက္ မီဒီယာတစ္ခုက ျပစ္တင္စြပ္စြဲခ့ဲပါတယ္။ အၾကမ္းဖက္မႈေတြျဖစ္ခဲ့တယ္ဆုိတာကုိေတာ့ ယင္းအုပ္စုက ၀န္ခံအသိအမွတ္ျပဳခဲ့ေပမယ့္ ဒီျဖစ္ရပ္ေတြကုိ ေခါင္းေဆာင္ပုိင္းက ညႊန္ၾကားခဲ့တာမ်ဳိးမဟုတ္ေၾကာင္း ျငင္းခဲ့ပါတယ္။ ဒီလူေတြ လုပ္ေနတာေတြဟာ ဘဂၤလားေဒ့ရွ္အစုိးရကုိ ဆန္ ့က်င္ထိခုိက္ေစရုံသာမက သူတုိ ့လုပ္တဲ့ ျပစ္မႈေတြအတြက္ ARSA က လက္သည္တာ၀န္ခံျဖစ္ရေၾကာင္း တြစ္တာေပၚတင္ခဲ့တဲ့ ဗီဒီယုိပုိ ့စ္တစ္ခုမွာ ယင္းအုပ္စုက ေျပာဆုိထားပါတယ္။ ဒါ့အျပင္ သူတုိ ့ေတြရဲ ့အၾကမ္းဖက္ လုပ္ရပ္ေတြဟာ ဘဂၤါလီအသုိင္းတစ္ခုလုံးကုိ ကမာၻ ့အလယ္ သိကၡာက်ေစေၾကာင္းလည္း ဆုိခဲ့ပါတယ္။ 
ဘဂၤလားေဒ့ရွ္အစုိးရရဲ ့ ေက်းဇူးတရားကုိ ARSA အဖြဲ ့က သိတတ္ဖုိ ့ဆုိခဲ့ကာ အာဏာပုိင္ေတြ ၿငိဳျငင္မယ့္ ဘယ္လုိအမွားမ်ဳိးမွ မလုပ္ၾကဖုိ ့ စခန္းေတြမွာ ေနထုိင္ၾကတဲ့ ဒုကၡသည္ေတြကုိ တုိက္တြန္းပါတယ္။ 
မိမိတုိ ့ရဲ ့ တရား၀င္ အခြင့္အေရးေတြ ရရွိေရး လႈပ္ရွားမႈေတြဟာ အၾကမ္းဖက္ ျမန္မာအစုိးရနဲ ့ လူမ်ဳိးသုန္းႏွိပ္ကြပ္ စစ္တပ္ကုိ ဆက္လက္ဆန္ ့က်င္ လုပ္ေဆာင္ ေနျခင္းျဖစ္ေၾကာင္း ARSA ရဲ ့ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ကာ အေျခခံအခြင့္အေရးေတြ ရရွိတဲ့တုိင္ေအာင္ တုိက္ခုိက္မႈေတြ ဆက္လက္သြားမွာ ျဖစ္ေၾကာင္းလည္း ဆုိခဲ့ပါတယ္။ 
Ref: Reuters 

- ကိုလင္း (အကုန္သိ သတင္းဌာန)

Unicode version

ဒုက္ခသည် စခန်းများ၏ အသတ်အဖြတ်သတင်းများကြောင့် အမှုအခင်းတွေ ရှောင်ရှားကြဖို့ ARSA က ဘင်္ဂါလီတွေကို တိုက်တွန်း 
သတ်ဖြတ်မှုတွေ၊ အုပ်စုတွင်းသို့ အဓမ္မခေါ်သွင်းမှုတွေဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ ပြစ်မှုကျူးလွန်တာတွေ မလုပ်ကြဖို့ ဘင်္ဂါလီစစ်သွေးကြွအုပ်စု ARSA က မတ်လ ၁၃ ရက်နေ့မှာ ၎င်းတို့ရဲ့ နောက်လိုက်အပေါင်းအပါတွေကို တိုက်တွန်းဆော်သြလိုက်ပါတယ်။ 
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း သတ်ဖြတ်မှုဖြစ်စဉ်တွေအပါအဝင် ARSA အုပ်စုဟာ ဒုက္ခသည်စခန်းတွေမှာ အစီအစဉ်တကျ အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်တွေ လုပ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် မီဒီယာတစ်ခုက ပြစ်တင်စွပ်စွဲခဲ့ပါတယ်။ အကြမ်းဖက်မှုတွေဖြစ်ခဲ့တယ်ဆိုတာကိုတော့ ယင်းအုပ်စုက ဝန်ခံအသိအမှတ်ပြုခဲ့ပေမယ့် ဒီဖြစ်ရပ်တွေကို ခေါင်းဆောင်ပိုင်းက ညွှန်ကြားခဲ့တာမျိုးမဟုတ်ကြောင်း ငြင်းခဲ့ပါတယ်။ ဒီလူတွေ လုပ်နေတာတွေဟာ ဘင်္ဂလားဒေ့ရှ်အစိုးရကို ဆန့်ကျင်ထိခိုက်စေရုံသာမက သူတို့လုပ်တဲ့ ပြစ်မှုတွေအတွက် ARSA က လက်သည်တာဝန်ခံဖြစ်ရကြောင်း တွစ်တာပေါ်တင်ခဲ့တဲ့ ဗီဒီယိုပို့စ်တစ်ခုမှာ ယင်းအုပ်စုက ပြောဆိုထားပါတယ်။ ဒါ့အပြင် သူတို့တွေရဲ့အကြမ်းဖက် လုပ်ရပ်တွေဟာ ဘင်္ဂါလီအသိုင်းတစ်ခုလုံးကို ကမ္ဘာ့အလယ် သိက္ခာကျစေကြောင်းလည်း ဆိုခဲ့ပါတယ်။ 
ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ကျေးဇူးတရားကို ARSA အဖွဲ့က သိတတ်ဖို့ဆိုခဲ့ကာ အာဏာပိုင်တွေ ငြိုငြင်မယ့် ဘယ်လိုအမှားမျိုးမှ မလုပ်ကြဖို့ စခန်းတွေမှာ နေထိုင်ကြတဲ့ ဒုက္ခသည်တွေကို တိုက်တွန်းပါတယ်။ 
မိမိတို့ရဲ့ တရားဝင် အခွင့်အရေးတွေ ရရှိရေး လှုပ်ရှားမှုတွေဟာ အကြမ်းဖက် မြန်မာအစိုးရနဲ့ လူမျိုးသုန်းနှိပ်ကွပ် စစ်တပ်ကို ဆက်လက်ဆန့်ကျင် လုပ်ဆောင် နေခြင်းဖြစ်ကြောင်း ARSA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ကာ အခြေခံအခွင့်အရေးတွေ ရရှိတဲ့တိုင်အောင် တိုက်ခိုက်မှုတွေ ဆက်လက်သွားမှာ ဖြစ်ကြောင်းလည်း ဆိုခဲ့ပါတယ်။ 
Ref: Reuters 

- ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။