Skip to main content
ဒုတိယကမာၻစစ္တြင္း ေပ်ာက္ဆုံးစစ္သည္ေတြဟု ယူဆရတဲ့ ႐ုပ္ႂကြင္းအခ်ိဳ႕ကုိ ျမန္မာျပည္ကေန အေမရိကန္စစ္တပ္ လာေရာက္သယ္ယူ 
Ads Block

ဒုတိယကမာၻစစ္တြင္း ေပ်ာက္ဆုံးစစ္သည္ေတြဟု ယူဆရတဲ့ ႐ုပ္ႂကြင္းအခ်ိဳ႕ကုိ ျမန္မာျပည္ကေန အေမရိကန္စစ္တပ္ လာေရာက္သယ္ယူ 

အေမရိကန္စစ္တပ္ဟာ ဒုတိယကမာၻစစ္အတြင္း ျမန္မာႏုိင္ငံမွာ ေပ်ာက္ဆုံးသြားခဲ့တဲ့ အေမရိကန္စစ္သည္ဟု ယူဆရတဲ့ ႐ုပ္ႂကြင္းအခ်ိဳ႕ကုိ မတ္လ ၁၂ ရက္ေန႔ က မႏၲေလးမွာ စစ္ေလယာဥ္ျဖင့္ လာေရာက္သယ္ယူသြားခဲ့တယ္လုိ႔ သတင္းရရွိပါတယ္။

ဒုတိယကမာၻစစ္တြင္း ေပ်ာက္ဆုံးစစ္သည္ေတြဟု ယူဆရတဲ့ ႐ုပ္ႂကြင္းအခ်ိဳ႕ကုိ ျမန္မာျပည္ကေန အေမရိကန္စစ္တပ္ လာေရာက္သယ္ယူ 


အဆုိပါ သယ္ေဆာင္ျခင္းအခမ္းအနားကုိ အတုိခ်ဳပ္က်င္းပခဲ့ၿပီး ႐ုပ္ႂကြင္းေတြကုိ မႏၲေလးကေန အေမရိကန္သုိ႔ ပုိ႔ေဆာင္ၿပီးမွ ၄င္းတုိ႔ရဲ႕စစ္သည္ဟုတ္မွန္ေၾကာင္းကုိ ဓါတ္ခြဲခန္းမွာ ဆက္လက္ စစ္ေဆးမယ္လုိ႔ သိရပါတယ္။
 “သင္တုိ႔ကုိ တုိင္းျပည္က ေမ့ေလ်ာ့မထားပါဘူး”ဟု ျမန္မာႏုိင္ငံဆုိင္ရာ အေမရိကန္သံအမတ္ စေကာ့မာစီယယ္လ္က အခမ္းအနားမွာ မိန္႔ခြန္းေျပာၾကားခဲ့ပါတယ္။ က်ဆုံးစစ္သည္ေတြကုိ ဂုဏ္ျပဳၿပီး ၄င္းတုိ႔ တုိင္းျပည္အတြက္ အမႈထမ္းခဲ့ျခင္းကုိ အေလးအျမတ္ျပဳတဲ့အေနျဖင့္ ႐ုပ္ႂကြင္းေတြကုိ ယခုကဲ့သုိ႔ လုိက္လံရွာေဖြၿပီး ျပည္ေတာ္ျပန္ေစျခင္းျဖစ္ေၾကာင္းလည္း ေျပာျပခဲ့ပါတယ္။
၁၉၄၂ - ၁၉၄၅ ခုႏွစ္အတြင္း လား႐ွဳိးကုိ ဂ်ပန္တုိ႔ သိမ္းႏုိင္ခဲ့တဲ့ေနာက္မွာေတာ့ တ႐ုတ္ျပည္မႀကီးကုိ အေနာက္ဖက္မွစီးဝင္ေနတဲ့ မဟာမိတ္ေထာက္ပံ့ေရးလမ္းေၾကာင္းႀကီး ျပတ္ေတာက္သြားခဲ့ပါတယ္။
ထုိ႔ေၾကာင့္ မဟာမိတ္ေတြဟာ အိႏၵိယကေန ဟိမဝႏၲာေတာင္တန္းအေရွ႕ဖ်ားနဲ႔ ျမန္မာျပည္ ေျမာက္ဖ်ားပုိင္းကုိ ေလေၾကာင္းျဖင့္ျဖတ္ေက်ာ္ၿပီး တ႐ုတ္ျပည္ထဲသုိ႔ အေထာက္အပံ့ေတြ ပုိ႔ခဲ့ပါတယ္။ ၄င္းစစ္ဆင္ေရးအတြင္း ေထာက္ပံ့ေရးေလယာဥ္ ၆၀၀ နီးပါး ပစ္ခ်ခံခဲ့ရပါတယ္။
ယခု႐ုပ္ႂကြင္းေတြဟာ ၁၉၄၄ ေဖေဖၚဝါရီတုန္းက စစ္ကုိင္းတုိင္းအေနာက္ေျမာက္ပုိင္းမွာ ပစ္ခ်ခံခဲ့ရတဲ့ B-25G ေလယာဥ္မွ စစ္သည္ ၇ ဦးတုိ႔ျဖစ္ေၾကာင္း ယူဆထားၾကပါတယ္။ 
Ref: Reuters 

- ZHO (အကုန္သိ သတင္းဌာန)


Unicode version

ဒုတိယကမ္ဘာစစ်တွင်း ပျောက်ဆုံးစစ်သည်တွေဟု ယူဆရတဲ့ ရုပ်ကြွင်းအချို့ကို မြန်မာပြည်ကနေ အမေရိကန်စစ်တပ် လာရောက်သယ်ယူ 
အမေရိကန်စစ်တပ်ဟာ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ ပျောက်ဆုံးသွားခဲ့တဲ့ အမေရိကန်စစ်သည်ဟု ယူဆရတဲ့ ရုပ်ကြွင်းအချို့ကို မတ်လ ၁၂ ရက်နေ့ က မန္တလေးမှာ စစ်လေယာဉ်ဖြင့် လာရောက်သယ်ယူသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
အဆိုပါ သယ်ဆောင်ခြင်းအခမ်းအနားကို အတိုချုပ်ကျင်းပခဲ့ပြီး ရုပ်ကြွင်းတွေကို မန္တလေးကနေ အမေရိကန်သို့ ပို့ဆောင်ပြီးမှ ၎င်းတို့ရဲ့စစ်သည်ဟုတ်မှန်ကြောင်းကို ဓါတ်ခွဲခန်းမှာ ဆက်လက် စစ်ဆေးမယ်လို့ သိရပါတယ်။
 “သင်တို့ကို တိုင်းပြည်က မေ့လျော့မထားပါဘူး”ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စကော့မာစီယယ်လ်က အခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ကျဆုံးစစ်သည်တွေကို ဂုဏ်ပြုပြီး ၎င်းတို့ တိုင်းပြည်အတွက် အမှုထမ်းခဲ့ခြင်းကို အလေးအမြတ်ပြုတဲ့အနေဖြင့် ရုပ်ကြွင်းတွေကို ယခုကဲ့သို့ လိုက်လံရှာဖွေပြီး ပြည်တော်ပြန်စေခြင်းဖြစ်ကြောင်းလည်း ပြောပြခဲ့ပါတယ်။
၁၉၄၂ - ၁၉၄၅ ခုနှစ်အတွင်း လားရှိုးကို ဂျပန်တို့ သိမ်းနိုင်ခဲ့တဲ့နောက်မှာတော့ တရုတ်ပြည်မကြီးကို အနောက်ဖက်မှစီးဝင်နေတဲ့ မဟာမိတ်ထောက်ပံ့ရေးလမ်းကြောင်းကြီး ပြတ်တောက်သွားခဲ့ပါတယ်။
ထို့ကြောင့် မဟာမိတ်တွေဟာ အိန္ဒိယကနေ ဟိမဝန္တာတောင်တန်းအရှေ့ဖျားနဲ့ မြန်မာပြည် မြောက်ဖျားပိုင်းကို လေကြောင်းဖြင့်ဖြတ်ကျော်ပြီး တရုတ်ပြည်ထဲသို့ အထောက်အပံ့တွေ ပို့ခဲ့ပါတယ်။ ၎င်းစစ်ဆင်ရေးအတွင်း ထောက်ပံ့ရေးလေယာဉ် ၆၀၀ နီးပါး ပစ်ချခံခဲ့ရပါတယ်။
ယခုရုပ်ကြွင်းတွေဟာ ၁၉၄၄ ဖေဖေါ်ဝါရီတုန်းက စစ်ကိုင်းတိုင်းအနောက်မြောက်ပိုင်းမှာ ပစ်ချခံခဲ့ရတဲ့ B-25G လေယာဉ်မှ စစ်သည် ၇ ဦးတို့ဖြစ်ကြောင်း ယူဆထားကြပါတယ်။ 
Ref: Reuters 

- ZHO (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။