Skip to main content
“ဖြဲ႔စည္းပုံအေျခခံဥပေဒႀကီးမျပင္ရင္ ဒီတုိင္းျပည္ႀကီးပ်က္စီးသြားမွာလား” ဟု ေဒါက္တာနႏၵလွျမင့္ ေမးခြန္းထုတ္
Ads Block

“ဖြဲ႔စည္းပုံအေျခခံဥပေဒႀကီးမျပင္ရင္ ဒီတုိင္းျပည္ႀကီးပ်က္စီးသြားမွာလား” ဟု ေဒါက္တာနႏၵလွျမင့္ ေမးခြန္းထုတ္

လက္ရွိျမန္မာႏုိင္ငံတြင္ စား၀တ္ေနေရး၊ စီးပြားေရး စသျဖင့္ အေရးတႀကီးကိစၥမ်ား လိုအပ္ေနသည့္အတြက္ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒ မျပင္ပါက ႏိုင္ငံပ်က္စီးသြားႏုိင္သလားဟု ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္က ေမးခြန္းထုတ္လုိက္သည္။ 
မတ္လ ၁၂ ရက္ကအကုန္သိသတင္းဌာနႏွင့္ သီးသန္႔ေတြ႔ဆုံေမးျမန္းရာတြင္ ယခုကဲ့သို႔ ေမးခြန္းထုတ္လုိက္ျခင္း ျဖစ္သည္။ 

“ဖြဲ႔စည္းပုံအေျခခံဥပေဒႀကီးမျပင္ရင္ ဒီတုိင္းျပည္ႀကီးပ်က္စီးသြားမွာလား” ဟု ေဒါက္တာနႏၵလွျမင့္ ေမးခြန္းထုတ္


“ ဒီႏုိင္ငံမွာလတ္တေလာဘာအေရးႀကီးေနလဲ။ ဘာေတြကဒီႏုိင္ငံအတြက္အေရးတႀကီးေဆာင္ရြက္ဖုိ႔လုိေနလဲ။ ဘယ္ကိစၥေတြကဒုတိယဦးစားေပးအဆင့္မွာေဆာင္ရြက္ဖုိ႔လုိေနလဲ။ ဥပမာေျပာရရင္ ဖြဲ႔စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးမလုိဘူး မဟုတ္ဘူး။လုိတယ္။ဒါေပမဲ့အေရးတႀကီးလုိေနလား။ ဒီဖြဲ႔စည္းပုံအေျခခံဥပေဒနဲ႔ပဲ ေရွ႕မွာ သမၼတႀကီးဦးသိန္းစိန္က ၅ ႏွစ္ဖြံ႔ၿဖိဳးတုိးတက္ေအာင္လုပ္ခဲ့တာပဲ မဟုတ္ဘူးလား။ ဒီကေန႔ ဒီဖြဲ႔စည္းပုံ အေျခခံဥပေဒႀကီးမျပင္ရင္ ဒီတုိင္းျပည္ႀကီးပ်က္စီးသြားမွာလား။ခင္ဗ်ားတုိ႔ ကြ်န္ေတာ္တုိ႔ ထမင္းေတြ ငတ္သြားမွာလား။ ခ်က္ခ်င္းႀကီး ျပည္တြင္းစစ္ေတြျဖစ္လာမွာလား။မဟုတ္ဘူး။ အဓိကက ဒီကေန႔ ကြ်န္ေတာ္တုိ႔ တုိင္းျပည္မွာရွိေနတဲ့ ခင္ဗ်ားတုိ႔ ကြ်န္ေတာ္တုိ႔စား၀တ္ေနေရး စီးပြားေရးအေရးတႀကီးလုိတယ္’’ဟု ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္က ေျပာသည္။ 
၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးအဆိုကို ၿပီးခဲ့ေသာ ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလ ၂၉ ရက္က NLD ပါတီမွ မဲဆႏၵနယ္အမွတ္ ၄ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေအာင္ၾကည္ညြန္႔မွ အေရးႀကီးအဆုိအျဖစ္ တင္သြင္းခဲ့သည္။
၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒကို ၂၀၀၈ ခုႏွစ္၊ ေမလ ၁၀ ရက္ႏွင့္ ၂၅ ရက္တုိ႔တြင္ ျပည္လုံးကြ်တ္ ဆႏၵခံယူပြဲမ်ား က်င္းပခဲ့ကာ ၉၂.၄၈ရာခုိင္နႈန္းက ေထာက္ခံဆႏၵမဲေပးခဲ့သျဖင့္ အတည္ျပဳခဲ့ျခင္းျဖစ္ကာ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒတြင္ အခန္းေပါင္း ၁၅ ခန္း၊ ပုဒ္မေပါင္း ၄၀၀ ေက်ာ္ပါ၀င္ျပ႒ာန္းထားေၾကာင္း သိရသည္။ 
ဖြဲ႔စည္းပုံျပင္ဆင္ေရးအားမျပင္ဟုတစ္ခါမွမေျပာခဲ့ဘဲ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ရမည္ကုိသိသျဖင့္ ျပင္ဆင္ရန္လည္း ဆႏၵသေဘာထားရွိေၾကာင္းတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကလည္း သတင္းမီဒီယာအင္တာဗ်ဴးတစ္ခုတြင္ ေျပာၾကားထားသည္။

- မင္းသီဟန္(အကုန္သိ သတင္းဌာန)

Unicode version

“ဖွဲ့စည်းပုံအခြေခံဥပဒေကြီးမပြင်ရင် ဒီတိုင်းပြည်ကြီးပျက်စီးသွားမှာလား” ဟု ဒေါက်တာနန္ဒလှမြင့် မေးခွန်းထုတ်
လက်ရှိမြန်မာနိုင်ငံတွင် စားဝတ်နေရေး၊ စီးပွားရေး စသဖြင့် အရေးတကြီးကိစ္စများ လိုအပ်နေသည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ပါက နိုင်ငံပျက်စီးသွားနိုင်သလားဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က မေးခွန်းထုတ်လိုက်သည်။ 
မတ်လ ၁၂ ရက်ကအကုန်သိသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ယခုကဲ့သို့ မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။ 
“ ဒီနိုင်ငံမှာလတ်တလောဘာအရေးကြီးနေလဲ။ ဘာတွေကဒီနိုင်ငံအတွက်အရေးတကြီးဆောင်ရွက်ဖို့လိုနေလဲ။ ဘယ်ကိစ္စတွေကဒုတိယဦးစားပေးအဆင့်မှာဆောင်ရွက်ဖို့လိုနေလဲ။ ဥပမာပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမလိုဘူး မဟုတ်ဘူး။လိုတယ်။ဒါပေမဲ့အရေးတကြီးလိုနေလား။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပဲ ရှေ့မှာ သမ္မတကြီးဦးသိန်းစိန်က ၅ နှစ်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ခဲ့တာပဲ မဟုတ်ဘူးလား။ ဒီကနေ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကြီးမပြင်ရင် ဒီတိုင်းပြည်ကြီးပျက်စီးသွားမှာလား။ခင်ဗျားတို့ ကျွန်တော်တို့ ထမင်းတွေ ငတ်သွားမှာလား။ ချက်ချင်းကြီး ပြည်တွင်းစစ်တွေဖြစ်လာမှာလား။မဟုတ်ဘူး။ အဓိကက ဒီကနေ့ ကျွန်တော်တို့ တိုင်းပြည်မှာရှိနေတဲ့ ခင်ဗျားတို့ ကျွန်တော်တို့စားဝတ်နေရေး စီးပွားရေးအရေးတကြီးလိုတယ်’’ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။ 
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအဆိုကို ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်က NLD ပါတီမှ မဲဆန္ဒနယ်အမှတ် ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်မှ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ်၊ မေလ ၁၀ ရက်နှင့် ၂၅ ရက်တို့တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများ ကျင်းပခဲ့ကာ ၉၂.၄၈ရာခိုင်နှုန်းက ထောက်ခံဆန္ဒမဲပေးခဲ့သဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်းပေါင်း ၁၅ ခန်း၊ ပုဒ်မပေါင်း ၄၀၀ ကျော်ပါဝင်ပြဋ္ဌာန်းထားကြောင်း သိရသည်။ 
ဖွဲ့စည်းပုံပြင်ဆင်ရေးအားမပြင်ဟုတစ်ခါမှမပြောခဲ့ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရမည်ကိုသိသဖြင့် ပြင်ဆင်ရန်လည်း ဆန္ဒသဘောထားရှိကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း သတင်းမီဒီယာအင်တာဗျူးတစ်ခုတွင် ပြောကြားထားသည်။

- မင်းသီဟန်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။