Skip to main content
ခင္ပြန္းျဖစ္သူ အၾကမ္းဖက္သံသယနဲ ့ ဖမ္းဆီးခံရၿပီးေနာက္ ဇနီးသည္က ကေလးနဲ ့အတူ ဗုံးခြဲ အဆုံးစီရင္ 
Ads Block

ခင္ပြန္းျဖစ္သူ အၾကမ္းဖက္သံသယနဲ ့ ဖမ္းဆီးခံရၿပီးေနာက္ ဇနီးသည္က ကေလးနဲ ့အတူ ဗုံးခြဲ အဆုံးစီရင္ 

အၾကမ္းဖက္သမားလုိ႔ သံသယရွိမႈနဲ ့ ဖမ္းဆီးခံခဲ့ရတဲ့ ဟူစိန္ အက္ကာ အဘူဟမ္ဇာရဲ ့ ဇနီးသည္နဲ ့သားျဖစ္သူဟာ ဗုဒၶဟူးေန ့(မတ္ ၁၃) အေစာပုိင္းက ေျမာက္ဆူမာၾတားရွိ ၄င္းတုိ ့ေနအိမ္မွာ ကုိယ့္ကုိယ္ကုိယ္ ဗုံးခြဲသတ္ေသခဲ့ၾကေၾကာင္း အင္ဒုိနီးရွားရဲတပ္ဖြဲ ့က ေျပာဆုိခဲ့ပါတယ္။ ဟူစိန္ကုိ ဖမ္းမိခဲ့အၿပီး ေနာက္ရက္မွာ ၄င္းတုိ ့ေနအိမ္ကုိ ရဲက ၀ုိင္းပိတ္ကာ အိမ္ထဲမွာရွိေနခဲ့တဲ့ ဇနီးသည္ကုိ လက္နက္ခ်အညံ့ခံဖုိ ့ နာရီမ်ားစြာၾကာ ေစ့စပ္ေျပာဆုိေနစဥ္ အခုလုိ အဆုံးစီရင္သြားခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ 
ဇနီးသည္ျဖစ္သူဟာ မနက္ ၁ နာရီခြဲေလာက္မွာ ကေလးနဲ ့သူကုိယ္တုိင္  ေဖာက္ခြဲသတ္ေသသြားတယ္ဆုိတဲ့ သတင္း မိမိတုိ ့ၾကားသိရေၾကာင္း အမ်ဳိးသားရဲတပ္ဖြဲ ့ ေျပာေရးဆုိခြင့္ရွိသူ ဗုိလ္မွဴးခ်ဳပ္ ဒဲဒီပရာစက္ယုိက ဂ်ကာပုိ ့စ္ သတင္းဌာနကုိ ေျပာခဲ့ပါတယ္။ 

ခင္ပြန္းျဖစ္သူ အၾကမ္းဖက္သံသယနဲ ့ ဖမ္းဆီးခံရၿပီးေနာက္ ဇနီးသည္က ကေလးနဲ ့အတူ ဗုံးခြဲ အဆုံးစီရင္ 


အခင္းျဖစ္ေနအိမ္ထဲမွာ ေပါက္ကြဲမႈေတြ ထပ္ျဖစ္လာႏုိင္ျခင္း ရွိမရွိ ေသခ်ာေအာင္ စစ္ေဆးေနတာေၾကာင့္ ရဲတပ္ဖြဲ ့ သက္ေသအေထာက္အထားယူဖုိ ့ ေႏွာင့္ေႏွးမႈ ရွိခဲ့ေၾကာင္းလည္း ၄င္းက ေျပာပါတယ္။ “ အထဲမွာ ေပါက္ကြဲပစၥည္းေတြ ရွိေနဦးမယ္လုိ ့ သံသယရွိပါတယ္။ ဒါေတြက တပ္ဖြဲ ့၀င္ေတြအတြက္ အႏၱရာယ္မ်ားပါတယ္” လုိ ့ ဒဲဒီက ေျပာဆုိခဲ့ပါတယ္။ 
ဟူစိန္ကုိ ျပည္တြင္း အုိင္အက္စ္ေထာက္ခံ အၾကမ္းဖက္အုပ္စုတစ္ခုျဖစ္တဲ့ ဂ်ာမားအန္ရွာရြတ္ဒါလာ့ခ်္ JAD အဖြဲ ့ရဲ ့ အဖြဲ ့၀င္တစ္ဦးအျဖစ္ သံသယရွိခဲ့ပါတယ္။ ရုိ အမည္ရ အျခား အၾကမ္းဖက္သမားတစ္ဦးထြက္ဆုိခဲ့တဲ့ ကြင္းဆက္အရ အၾကမ္းဖက္မႈ ႏွိမ္နင္းေရး ရဲတပ္ဖြဲ ့က အဘူ ဟမ္ဇာ ကုိ ၿပီးခဲ့တဲ့ သီတင္းပတ္က လမ္ပန္ၿမိဳ ့မွာ ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ ၄င္းတုိ ့အျပင္ ေနာက္ထပ္ အၾကမ္းဖက္သမားတစ္ဦးကိုလည္း ရဲက ဖမ္းဆီးႏုိင္ခဲ့ပါတယ္။ 
ဇနီးျဖစ္သူကုိ ေအးေအးေဆးေဆး အညံ့ခံလုိက္ဖုိ ့အတြက္ ရဲတပ္ဖြဲ ့ဟာ ဗလီတစ္ခုရွိ ေလာ္စပီကာကေန ဟူစိန္ကုိ စည္းရုံးေျဖာင္းဖ်ေစခဲ့ပါေသးတယ္ “  မိန္းမေရ၊ မင္း ေအးေဆးျဖစ္သြားမွာပါ။ ငါ ဒီမွာ အားလုံးအဆင္ေျပပါတယ္၊ အညံ့ခံလုိက္ပါကြာ။ သားေလးကုိ ခ်စ္တယ္” လုိ ့ ဟူစိန္က ေဒသသုံး ဘာသာစကားနဲ ့ေျပာဆုိစည္းရုံးခဲ့ေပမယ့္ အရာမထင္ ခဲ့ပါဘူး။ 
ဆီဘုိဂါၿမိဳ ့ရွိ ဟူစိန္ရဲ ့ အိမ္ကုိ ၀င္စီးခ်ိန္မွာ ဗုံးတစ္လုံးေပါက္ကြဲခဲ့တာေၾကာင့္ ရဲတပ္ဖြဲ ့၀င္တစ္ဦး ဒဏ္ရာရခဲ့ေၾကာင္းလည္း သိရပါတယ္။ 
Ref: The Nation 

- ကိုလင္း (အကုန္သိ သတင္းဌာန)

Unicode version

ခင်ပွန်းဖြစ်သူ အကြမ်းဖက်သံသယနဲ့ ဖမ်းဆီးခံရပြီးနောက် ဇနီးသည်က ကလေးနဲ့အတူ ဗုံးခွဲ အဆုံးစီရင် 
အကြမ်းဖက်သမားလို့ သံသယရှိမှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဟူစိန် အက်ကာ အဘူဟမ်ဇာရဲ့ ဇနီးသည်နဲ့သားဖြစ်သူဟာ ဗုဒ္ဓဟူးနေ့(မတ် ၁၃) အစောပိုင်းက မြောက်ဆူမာတြားရှိ ၎င်းတို့နေအိမ်မှာ ကိုယ့်ကိုယ်ကိုယ် ဗုံးခွဲသတ်သေခဲ့ကြကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။ ဟူစိန်ကို ဖမ်းမိခဲ့အပြီး နောက်ရက်မှာ ၎င်းတို့နေအိမ်ကို ရဲက ဝိုင်းပိတ်ကာ အိမ်ထဲမှာရှိနေခဲ့တဲ့ ဇနီးသည်ကို လက်နက်ချအညံ့ခံဖို့ နာရီများစွာကြာ စေ့စပ်ပြောဆိုနေစဉ် အခုလို အဆုံးစီရင်သွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ 
ဇနီးသည်ဖြစ်သူဟာ မနက် ၁ နာရီခွဲလောက်မှာ ကလေးနဲ့သူကိုယ်တိုင်  ဖောက်ခွဲသတ်သေသွားတယ်ဆိုတဲ့ သတင်း မိမိတို့ကြားသိရကြောင်း အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဒဲဒီပရာစက်ယိုက ဂျကာပို့စ် သတင်းဌာနကို ပြောခဲ့ပါတယ်။ 
အခင်းဖြစ်နေအိမ်ထဲမှာ ပေါက်ကွဲမှုတွေ ထပ်ဖြစ်လာနိုင်ခြင်း ရှိမရှိ သေချာအောင် စစ်ဆေးနေတာကြောင့် ရဲတပ်ဖွဲ့ သက်သေအထောက်အထားယူဖို့ နှောင့်နှေးမှု ရှိခဲ့ကြောင်းလည်း ၎င်းက ပြောပါတယ်။ “ အထဲမှာ ပေါက်ကွဲပစ္စည်းတွေ ရှိနေဦးမယ်လို့ သံသယရှိပါတယ်။ ဒါတွေက တပ်ဖွဲ့ဝင်တွေအတွက် အန္တရာယ်များပါတယ်” လို့ ဒဲဒီက ပြောဆိုခဲ့ပါတယ်။ 
ဟူစိန်ကို ပြည်တွင်း အိုင်အက်စ်ထောက်ခံ အကြမ်းဖက်အုပ်စုတစ်ခုဖြစ်တဲ့ ဂျာမားအန်ရှာရွတ်ဒါလာ့ချ် JAD အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် သံသယရှိခဲ့ပါတယ်။ ရို အမည်ရ အခြား အကြမ်းဖက်သမားတစ်ဦးထွက်ဆိုခဲ့တဲ့ ကွင်းဆက်အရ အကြမ်းဖက်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့က အဘူ ဟမ်ဇာ ကို ပြီးခဲ့တဲ့ သီတင်းပတ်က လမ်ပန်မြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ၎င်းတို့အပြင် နောက်ထပ် အကြမ်းဖက်သမားတစ်ဦးကိုလည်း ရဲက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ 
ဇနီးဖြစ်သူကို အေးအေးဆေးဆေး အညံ့ခံလိုက်ဖို့အတွက် ရဲတပ်ဖွဲ့ဟာ ဗလီတစ်ခုရှိ လော်စပီကာကနေ ဟူစိန်ကို စည်းရုံးဖြောင်းဖျစေခဲ့ပါသေးတယ် “  မိန်းမရေ၊ မင်း အေးဆေးဖြစ်သွားမှာပါ။ ငါ ဒီမှာ အားလုံးအဆင်ပြေပါတယ်၊ အညံ့ခံလိုက်ပါကွာ။ သားလေးကို ချစ်တယ်” လို့ ဟူစိန်က ဒေသသုံး ဘာသာစကားနဲ့ပြောဆိုစည်းရုံးခဲ့ပေမယ့် အရာမထင် ခဲ့ပါဘူး။ 
ဆီဘိုဂါမြို့ရှိ ဟူစိန်ရဲ့ အိမ်ကို ဝင်စီးချိန်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါတယ်။ 
Ref: The Nation 

- ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။