Skip to main content
အုိင္အက္စ္ ရာခ်ီလက္နက္ခ်ခဲ့ကာ ေနာက္ဆုံးလက္က်န္နယ္ေျမ လက္လႊတ္ရလုျဖစ္လာ 
Ads Block

အုိင္အက္စ္ ရာခ်ီလက္နက္ခ်ခဲ့ကာ ေနာက္ဆုံးလက္က်န္နယ္ေျမ လက္လႊတ္ရလုျဖစ္လာ 

အုိင္အက္စ္တုိက္ခုိက္ေရးသမားေတြနဲ ့ ၄င္းတုိ ့ရဲ ့မိသားစု၀င္ ရာနဲ ့ခ်ီကာ အေမရိကန္ ေက်ာေထာက္ေနာက္ခံျပဳ SDF တပ္ေတြထံ လက္နက္ခ်ခဲ့ၾကၿပီး အဂၤါေန ့မွာ စစ္ေသြးၾကြအဖြဲ ့ရဲ ့ေနာက္ဆုံးလက္က်န္နယ္ေျမ လက္လႊတ္ရလုနီးျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။ 

အုိင္အက္စ္ ရာခ်ီလက္နက္ခ်ခဲ့ကာ ေနာက္ဆုံးလက္က်န္နယ္ေျမ လက္လႊတ္ရလုျဖစ္လာ 


တနဂၤေႏြေန ့ကစကာ အေမရိကန္ ဦးေဆာင္တဲ့ မဟာမိတ္တပ္ေတြရဲ ့ ေလေၾကာင္း ပစ္ကူနဲ ့အတူ ဘက္ဟုိးေဒသကုိ ျပန္လည္သိမ္းပုိက္ႏုိင္ဖုိ ့ အၿပီးသတ္ထုိးစစ္ဆင္ေနၾကတဲ့ ဆီးရီးယား ဒီမုိကရက္တစ္တပ္ဖြဲ ့ထံ လူရာေပါင္းမ်ားစြာ လက္နက္ခ် အညံ့ခံလာခဲ့တာကုိ ျမင္ေတြ ့ရေၾကာင္း ရုိက္တာသတင္းေထာက္တစ္ဦးက ေျပာဆုိခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၄ ႏွစ္ေလာက္က ဆီးရီးယားနဲ ့အီရတ္ႏုိင္ငံတုိ ့ရွိ နယ္ေျမ သုံးပုံတစ္ပုံေလာက္အထိကုိ သိမ္းပုိက္ႏုိင္ခဲ့ၾကတဲ့ ဂ်ီဟတ္စစ္ေသြးၾကြေတြကုိ တုိက္ထုတ္ေနခဲ့ရာမွာ ယခုတုိက္ပြဲျဖစ္ေနတဲ့ ေနရာဟာ ဂ်ီဟတ္တုိ ့လက္တြင္းေနာက္ဆုံးက်န္ရွိေနခဲ့တဲ့ အစုအေ၀းေလးျဖစ္ပါတယ္။ 
မတ္လ ၁၂ ရက္ အေႏွာင္းပုိင္းအထိ ျပင္းထန္တဲ့ ထုိးစစ္ဆင္တုိက္ခုိက္မႈေတြရွိခဲ့ကာ လက္နက္ခဲယမ္း ေပါက္ကြဲမႈႀကီးေတြက ထြက္လာတဲ့ အလင္းေရာင္ေတြ ဘက္ဟုိးေဒသ ညေကာင္းကင္ယံမွာ ထိန္ထိန္ညီးေနခဲ့တာကို ကာ့ဒ္ရုိနာဟီ ရုပ္သံဌာနက တုိက္ရုိက္ ထုတ္လႊင့္ျပသခဲ့ပါတယ္။ အေဆာက္အအုံေတြ မီးေလာင္ကၽြမ္းမႈက ထြက္လာတဲ့ မီးခုိးလုံး ေတြကုိ ျမင္ရသလုိ၊ မီးေတာက္ မီးလွ်ံေတြေၾကာင့္ ညေကာင္းကင္ယံ လိေမၼာ္ေရာင္ သမ္းေနခဲ့ကာ ပစ္ခတ္သံေတြ ေပါက္ကြဲသံေတြကုိလည္း ၾကားေနရပါတယ္။ 
လက္နက္ခ် အညံ့ခံလာတဲ့ အုိင္အက္စ္အဖြဲ ့၀င္ ၃၀၀၀ အထိ ရွိလာခဲ့ၿပီျဖစ္ေၾကာင္း SDF အရာရွိ မူစတာဖာ ဘာလီက တြစ္တာေပၚမွာ ေျပာဆုိခဲ့ပါတယ္။ လက္နက္ခ်လုိသူတုိင္း လက္နက္ခ်အညံ့ခံခဲ့ၿပီလုိ ့ မိမိတုိ ့တပ္ေတြက အတည္ျပဳႏုိင္တဲ့ အခ်ိန္အထိ တုိက္ခုိက္မႈေတြ ျပန္လုပ္ေနမွာျဖစ္ေၾကာင္း ၄င္းက ေျပာဆုိခဲ့ကာ ဂ်ီဟတ္ေတြရဲ ့ က်ဆုံးခ်ိန္ အရမ္းနီးေနၿပီလုိ ့ ဆက္လက္ေျပာဆုိခဲ့ပါတယ္။ 
အဂၤါေန ့အေစာပုိင္းမွာ မဟာမိတ္တပ္က အီးေမးလ္ကတဆင့္ အသိေပးေျပာဆုိခဲ့ရာမွာ ဘက္ဟုိးမွာ ႏုိင္ငံျခားသား အုိင္အက္စ္တုိက္ခုိက္ေရးသမား ရာဂဏန္းေလာက္ရွိေနေသးကာ ၄င္းတုိ ့ေတြဟာ တုိက္ပြဲအဆုံးအထိ တုိက္ဖုိ ့ဆုံးျဖတ္ထားခဲ့ေၾကာင္း ဆုိခဲ့ပါတယ္။

Ref: Reuters 

- ကိုလင္း (အကုန္သိ သတင္းဌာန)


Unicode version

အိုင်အက်စ် ရာချီလက်နက်ချခဲ့ကာ နောက်ဆုံးလက်ကျန်နယ်မြေ လက်လွှတ်ရလုဖြစ်လာ 
အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေနဲ့ ၎င်းတို့ရဲ့မိသားစုဝင် ရာနဲ့ချီကာ အမေရိကန် ကျောထောက်နောက်ခံပြု SDF တပ်တွေထံ လက်နက်ချခဲ့ကြပြီး အင်္ဂါနေ့မှာ စစ်သွေးကြွအဖွဲ့ရဲ့နောက်ဆုံးလက်ကျန်နယ်မြေ လက်လွှတ်ရလုနီးဖြစ်လာခဲ့ကြောင်း သိရပါတယ်။ 
တနင်္ဂနွေနေ့ကစကာ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တပ်တွေရဲ့ လေကြောင်း ပစ်ကူနဲ့အတူ ဘက်ဟိုးဒေသကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ အပြီးသတ်ထိုးစစ်ဆင်နေကြတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ထံ လူရာပေါင်းများစွာ လက်နက်ချ အညံ့ခံလာခဲ့တာကို မြင်တွေ့ရကြောင်း ရိုက်တာသတင်းထောက်တစ်ဦးက ပြောဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဆီးရီးယားနဲ့အီရတ်နိုင်ငံတို့ရှိ နယ်မြေ သုံးပုံတစ်ပုံလောက်အထိကို သိမ်းပိုက်နိုင်ခဲ့ကြတဲ့ ဂျီဟတ်စစ်သွေးကြွတွေကို တိုက်ထုတ်နေခဲ့ရာမှာ ယခုတိုက်ပွဲဖြစ်နေတဲ့ နေရာဟာ ဂျီဟတ်တို့လက်တွင်းနောက်ဆုံးကျန်ရှိနေခဲ့တဲ့ အစုအဝေးလေးဖြစ်ပါတယ်။ 
မတ်လ ၁၂ ရက် အနှောင်းပိုင်းအထိ ပြင်းထန်တဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိခဲ့ကာ လက်နက်ခဲယမ်း ပေါက်ကွဲမှုကြီးတွေက ထွက်လာတဲ့ အလင်းရောင်တွေ ဘက်ဟိုးဒေသ ညကောင်းကင်ယံမှာ ထိန်ထိန်ညီးနေခဲ့တာကို ကာ့ဒ်ရိုနာဟီ ရုပ်သံဌာနက တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပါတယ်။ အဆောက်အအုံတွေ မီးလောင်ကျွမ်းမှုက ထွက်လာတဲ့ မီးခိုးလုံး တွေကို မြင်ရသလို၊ မီးတောက် မီးလျှံတွေကြောင့် ညကောင်းကင်ယံ လိမ္မော်ရောင် သမ်းနေခဲ့ကာ ပစ်ခတ်သံတွေ ပေါက်ကွဲသံတွေကိုလည်း ကြားနေရပါတယ်။ 
လက်နက်ချ အညံ့ခံလာတဲ့ အိုင်အက်စ်အဖွဲ့ဝင် ၃၀၀၀ အထိ ရှိလာခဲ့ပြီဖြစ်ကြောင်း SDF အရာရှိ မူစတာဖာ ဘာလီက တွစ်တာပေါ်မှာ ပြောဆိုခဲ့ပါတယ်။ လက်နက်ချလိုသူတိုင်း လက်နက်ချအညံ့ခံခဲ့ပြီလို့ မိမိတို့တပ်တွေက အတည်ပြုနိုင်တဲ့ အချိန်အထိ တိုက်ခိုက်မှုတွေ ပြန်လုပ်နေမှာဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့ကာ ဂျီဟတ်တွေရဲ့ ကျဆုံးချိန် အရမ်းနီးနေပြီလို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။ 
အင်္ဂါနေ့အစောပိုင်းမှာ မဟာမိတ်တပ်က အီးမေးလ်ကတဆင့် အသိပေးပြောဆိုခဲ့ရာမှာ ဘက်ဟိုးမှာ နိုင်ငံခြားသား အိုင်အက်စ်တိုက်ခိုက်ရေးသမား ရာဂဏန်းလောက်ရှိနေသေးကာ ၎င်းတို့တွေဟာ တိုက်ပွဲအဆုံးအထိ တိုက်ဖို့ဆုံးဖြတ်ထားခဲ့ကြောင်း ဆိုခဲ့ပါတယ်။

Ref: Reuters 

- ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။