Skip to main content
လာမည့္မိုးစပါး ရာသီအတြက္ စပါးဧက ၃၀၀ ခန႔္ အာမခံလက္ခံထား 
Ads Block

လာမည့္မိုးစပါး ရာသီအတြက္ စပါးဧက ၃၀၀ ခန႔္ အာမခံလက္ခံထား 

ဆန္စပါးသီးႏွံအာမခံ စမ္းသပ္လုပ္ကိုင္ရာတြင္ လာမည့္ မိုးစပါးရာသီအတြက္ စပါးဧက ၃၀၀ ခန႔္ကို အာမခံလက္ခံထားေၾကာင္း Global World Insurance (GWI) မွ အုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာဦးစိုးဝင္းသန႔္က ေျပာၾကားသည္။
လာမည့္ ၂၀၁၉ မိုးစပါးစိုက္ပ်ိဳးခ်ိန္၌ ဆန္စပါးသီးႏွံမ်ားအာမခံစမ္းသပ္လက္ခံျခင္းကို ဧရာဝတီတိုင္းေဒသႀကီး၊ ပဲခူးတိုင္းတိုင္းေဒသႀကီး၊ရန္ကုန္တိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးတို႔တြင္ပါ တိုးခ်ဲ႕ေဆာင္႐ြက္သြားမည္ ျဖစ္ၿပီး လက္ရွိတြင္စပါးဧက ၃၀၀ ခန႔္အာမခံလက္ခံထားျခင္း ျဖစ္ေၾကာင္း ယင္းအာမခံလုပ္ငန္းမွ သိရသည္။ 
“မိုးစပါးအတြက္ ဧက ၁၀၀၀ ေလာက္အာမခံလက္ခံမယ္လို႔ လုပ္ထားပါတယ္။ အခုဧက ၃၀၀ ေလာက္ အာမခံ လက္ခံထားတယ္။ မႏွစ္ကဧရာဝတီတိုင္းတစ္ခုတည္းစမ္းသပ္လက္ခံေပမဲ့ ဒီႏွစ္ေတာ့ ေနရာေတြ တိုးခ်ဲ႕ၿပီးက်ယ္က်ယ္ျပန႔္ျပန႔္လုပ္သြားမယ္။ Contract Farming စနစ္လုပ္သြားမယ္” ဟု Global World Insurance (GWI) မွ အုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာဦးစိုးဝင္းသန႔္က ေျပာသည္။
သို႔ရာတြင္ GWI အေနျဖင့္ ယခု ၂၀၁၉ ခုႏွစ္အတြက္ လုပ္ကိုင္မည့္သီးႏွံအာမခံစမ္းသပ္ကာလကို Contract Farming စနစ္ျဖင့္ ေဆာင္႐ြက္မည္ျဖစ္ၿပီးအစိုးရအဖြဲ႕အစည္းမ်ား၊ ကုမၸဏီမ်ားႏွင့္ MOU (သေဘာတူလက္မွတ္) ေရးထိုးကာက်ယ္က်ယ္ျပန႔္ျပန႔္ တိုးခ်ဲ႕ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။ 
အဆိုပါ သီးႏွံအာမခံစမ္းသပ္လက္ခံရာတြင္ စပါးတစ္ဧကလွ်င္ ပ်မ္းမွ်တင္း ၅၀ ထြက္ရွိသည္ဟု သတ္မွတ္ကာ ဆုံးရႈံးပ်က္ဆီးပါက စပါးတစ္ဧကအတြက္ တစ္ႏွစ္လွ်င္က်ပ္ ၂၅၀၀၀၀ ႏႈန္း (စပါးတစ္ တင္းလွ်င္ က်ပ္ ၅၀၀၀ ႏႈန္း) ျဖင့္ ကုမၸဏီမွ ေပးေလ်ာ္ရမည္ျဖစ္ၿပီးစပါးစိုက္ေတာင္သူဘက္မွ စပါးတဧကလွ်င္ အာမခံထားရွိမႈအတြက္ ျပန္လည္ရရွိမည့္ႏႈန္းမွာက်ပ္ ၂၅၀၀၀၀ ၏ ၂ ရာခိုင္ႏႈန္းျဖစ္ေသာက်ပ္ ၅၀၀၀ ကိုအာမခံေၾကးေပးသြင္းရန္ သတ္မွတ္ထားေၾကာင္းသိရသည္။ 
သို႔ေသာ္ စပါးအထြက္ႏႈန္းအနည္းအမ်ား၊ စပါးအမ်ိဳးအစားေပၚမူတည္၍ အခ်ိဳ႕ေဒသမ်ားအတြက္ သီးႏွံ အာမခံေၾကး သတ္မွတ္ခ်က္အေျပာင္းအလဲရွိေၾကာင္းသိရသည္။
ယင္းကုမၸဏီမွ သီးႏွံအာမခံလုပ္ကိုင္ရန္ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလတြင္ IBRB (အာမခံႀကီးၾကပ္ေရး ေကာ္မတီ)သို႔ ခြင့္ျပဳမိန႔္ ရယူခဲ့ၿပီးႏိုင္ငံေတာ္ႏွင့္ ေတာင္သူမ်ား အက်ိဳးရွိမည့္ အာမခံအမ်ိဳးအစားျဖစ္၍ စီးမံ/ဘ႑ာဝန္ႀကီးဌာနမွ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလကုန္တြင္ ၂၀၁၈ ခုႏွစ္ႏွင့္ ၂၀၁၉ ခုႏွစ္ ၂ ႏွစ္အတြင္း စမ္းသပ္လုပ္ကိုင္ရန္ တရားဝင္ခြင့္ျပဳေပးခဲ့သည္။ ယင္းသို႔ သီးႏွံအာမခံလုပ္ငန္း ေဆာင္႐ြက္ ရန္ ခြင့္ျပဳထားေသာ္လည္း လက္ရွိတြင္ စပါးသီးႏွံအတြက္သာ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
သီးႏွံအာမခံစမ္းသပ္ကာလစတင္သည့္ ၂၀၁၈ ခုႏွစ္တြင္ မိုးစပါးစိုက္ပ်ိဳးခ်ိန္၌ ဧရာဝတီတိုင္းေဒသႀကီးတြင္သာ စပါးသီးႏွံအာမခံစမ္းသပ္ေဆာင္႐ြက္ႏိုင္ခဲ့ၿပီးစပါးစိုက္ဧကေပါင္း ၂၀၀ ခန႔္ အာမခံစမ္းသပ္ လက္ခံခဲ့သည္။ 

- သင္းသင္းလႈိင္(အကုန္သိ သတင္းဌာန)


Unicode version

လာမည့်မိုးစပါး ရာသီအတွက် စပါးဧက ၃၀၀ ခန့် အာမခံလက်ခံထား 
ဆန်စပါးသီးနှံအာမခံ စမ်းသပ်လုပ်ကိုင်ရာတွင် လာမည့် မိုးစပါးရာသီအတွက် စပါးဧက ၃၀၀ ခန့်ကို အာမခံလက်ခံထားကြောင်း Global World Insurance (GWI) မှ အုပ်ချုပ်မှု ဒါရိုက်တာဦးစိုးဝင်းသန့်က ပြောကြားသည်။
လာမည့် ၂၀၁၉ မိုးစပါးစိုက်ပျိုးချိန်၌ ဆန်စပါးသီးနှံများအာမခံစမ်းသပ်လက်ခံခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင်ပါ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပြီး လက်ရှိတွင်စပါးဧက ၃၀၀ ခန့်အာမခံလက်ခံထားခြင်း ဖြစ်ကြောင်း ယင်းအာမခံလုပ်ငန်းမှ သိရသည်။ 
“မိုးစပါးအတွက် ဧက ၁၀၀၀ လောက်အာမခံလက်ခံမယ်လို့ လုပ်ထားပါတယ်။ အခုဧက ၃၀၀ လောက် အာမခံ လက်ခံထားတယ်။ မနှစ်ကဧရာဝတီတိုင်းတစ်ခုတည်းစမ်းသပ်လက်ခံပေမဲ့ ဒီနှစ်တော့ နေရာတွေ တိုးချဲ့ပြီးကျယ်ကျယ်ပြန့်ပြန့်လုပ်သွားမယ်။ Contract Farming စနစ်လုပ်သွားမယ်” ဟု Global World Insurance (GWI) မှ အုပ်ချုပ်မှု ဒါရိုက်တာဦးစိုးဝင်းသန့်က ပြောသည်။
သို့ရာတွင် GWI အနေဖြင့် ယခု ၂၀၁၉ ခုနှစ်အတွက် လုပ်ကိုင်မည့်သီးနှံအာမခံစမ်းသပ်ကာလကို Contract Farming စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီးအစိုးရအဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် MOU (သဘောတူလက်မှတ်) ရေးထိုးကာကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
အဆိုပါ သီးနှံအာမခံစမ်းသပ်လက်ခံရာတွင် စပါးတစ်ဧကလျှင် ပျမ်းမျှတင်း ၅၀ ထွက်ရှိသည်ဟု သတ်မှတ်ကာ ဆုံးရှုံးပျက်ဆီးပါက စပါးတစ်ဧကအတွက် တစ်နှစ်လျှင်ကျပ် ၂၅၀၀၀၀ နှုန်း (စပါးတစ် တင်းလျှင် ကျပ် ၅၀၀၀ နှုန်း) ဖြင့် ကုမ္ပဏီမှ ပေးလျော်ရမည်ဖြစ်ပြီးစပါးစိုက်တောင်သူဘက်မှ စပါးတဧကလျှင် အာမခံထားရှိမှုအတွက် ပြန်လည်ရရှိမည့်နှုန်းမှာကျပ် ၂၅၀၀၀၀ ၏ ၂ ရာခိုင်နှုန်းဖြစ်သောကျပ် ၅၀၀၀ ကိုအာမခံကြေးပေးသွင်းရန် သတ်မှတ်ထားကြောင်းသိရသည်။ 
သို့သော် စပါးအထွက်နှုန်းအနည်းအများ၊ စပါးအမျိုးအစားပေါ်မူတည်၍ အချို့ဒေသများအတွက် သီးနှံ အာမခံကြေး သတ်မှတ်ချက်အပြောင်းအလဲရှိကြောင်းသိရသည်။
ယင်းကုမ္ပဏီမှ သီးနှံအာမခံလုပ်ကိုင်ရန် ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် IBRB (အာမခံကြီးကြပ်ရေး ကော်မတီ)သို့ ခွင့်ပြုမိန့် ရယူခဲ့ပြီးနိုင်ငံတော်နှင့် တောင်သူများ အကျိုးရှိမည့် အာမခံအမျိုးအစားဖြစ်၍ စီးမံ/ဘဏ္ဍာဝန်ကြီးဌာနမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်တွင် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် ၂ နှစ်အတွင်း စမ်းသပ်လုပ်ကိုင်ရန် တရားဝင်ခွင့်ပြုပေးခဲ့သည်။ ယင်းသို့ သီးနှံအာမခံလုပ်ငန်း ဆောင်ရွက် ရန် ခွင့်ပြုထားသော်လည်း လက်ရှိတွင် စပါးသီးနှံအတွက်သာ ဆောင်ရွက်နေကြောင်း သိရသည်။
သီးနှံအာမခံစမ်းသပ်ကာလစတင်သည့် ၂၀၁၈ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးချိန်၌ ဧရာဝတီတိုင်းဒေသကြီးတွင်သာ စပါးသီးနှံအာမခံစမ်းသပ်ဆောင်ရွက်နိုင်ခဲ့ပြီးစပါးစိုက်ဧကပေါင်း ၂၀၀ ခန့် အာမခံစမ်းသပ် လက်ခံခဲ့သည်။ 

- သင်းသင်းလှိုင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။