Skip to main content
ျမန္မာႏိုင္ငံတြင္ ေဒၚလာအတုမ်ားႏွစ္ႀကိမ္တိုင္တိုင္လာလဲသည့္ ထိုင္းႏိုင္ငံသားတစ္ဦးကို ဖမ္းဆီးရမိ
Ads Block

ျမန္မာႏိုင္ငံတြင္ ေဒၚလာအတုမ်ားႏွစ္ႀကိမ္တိုင္တိုင္လာလဲသည့္ ထိုင္းႏိုင္ငံသားတစ္ဦးကို ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ေဒၚလာအတုမ်ားကိုင္ေဆာင္၍ လာေရာက္လဲလွယ္သူ ထိုင္းႏိုင္ငံသားကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ တာေလာ့ရပ္ကြက္တြင္းရိွ ေဒၚနန္းဆိုင္ခမ္း၏ ေငြလဲဆိုင္တြင္ မတ္လ ၁၂ ရက္၊ ေန႔လယ္ ၃ နာရီခန္႔က ထိုင္းႏိုင္ငံသား Mr. Ekka Phon Kaew Thong ၊ (၅၀)ႏွစ္သည္ အေမရိကန္ေဒၚလာအတုမ်ား လာေရာက္လဲလွယ္စဥ္ ဖမ္းဆီးရမိခဲ့ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။
“သူ႔သူငယ္ခ်င္းဆီကေန ေဒၚလာ ၁၀၀ တန္အတုေတြကို ဘတ္ေငြေတြနဲ႔ ဝယ္လိုက္တယ္။ ဝယ္ၿပီးေတာ့မွ ဟိုဘက္ကမ္း(ထိုင္းႏိုင္ငံ)မွာ အရင္လဲၾကည့္တယ္။ ထိုင္းႏိုင္ငံမွာ လဲၾကည့္လို႔မရေတာ့ ဒီဘက္(ျမန္မာႏိုင္ငံ)မွာ လာလဲတာေပါ့။ လာလဲေတာ့ ပထမတစ္ႀကိမ္ကလဲလို႔ရသြားတယ္။ ၃ ရြက္လဲလို႔ရသြားတယ္။ ေနာက္တစ္ႀကိမ္က်ေတာ့ သူက ၅ ရြက္တစ္ခါ ထပ္လာလဲတယ္။ အဲဒီလိုလာလဲရင္းနဲ႔ပဲ ဖမ္းမိတာေပါ့။ သူ႔လက္ထဲမွာရွိေနတဲ့ ၁၉ ရြက္ကိုပဲ မိလိုက္တယ္။ ပထမအႀကိမ္လာလဲသြားတဲ့ဟာကိုေတာ့ မမိေသးဘူး” ဟု တာခ်ီလတ္ၿမိဳ႕မရဲစခန္းမွ အမႈစစ္ျဖစ္သူ ရဲအုပ္ေအာင္ဘိုဘိုေက်ာ္က အကုန္သိသတင္းဌာနသို႔ ေျပာသည္။
အဆိုပါထိုင္းႏိုင္ငံသားထံမွ အေမရိကန္ေဒၚလာ (၁၀၀) တန္ေငြစကၠဴအတု (၁၉) ရြက္၊ လက္ကိုင္ဖုန္း (၁) လံုး ႏွင့္ ႏိုင္ငံကူးစာအုပ္တို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ထိုင္းႏိုင္ငံသား Mr. Ekka Phon Kaew Thong ၊ (၅၀)ႏွစ္၊ မယ္ဆိုင္ၿမိဳ႕ေနသူကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္း၌ (ပ)၁၃၁/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ- ၄၈၉-ခ/ ၄၈၉-ဂ ျဖင့္ ဖမ္းဆီးအမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)


Unicode version

မြန်မာနိုင်ငံတွင် ဒေါ်လာအတုများနှစ်ကြိမ်တိုင်တိုင်လာလဲသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိ
တာချီလိတ်မြို့နယ်တွင် ဒေါ်လာအတုများကိုင်ဆောင်၍ လာရောက်လဲလှယ်သူ ထိုင်းနိုင်ငံသားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ တာလော့ရပ်ကွက်တွင်းရှိ ဒေါ်နန်းဆိုင်ခမ်း၏ ငွေလဲဆိုင်တွင် မတ်လ ၁၂ ရက်၊ နေ့လယ် ၃ နာရီခန့်က ထိုင်းနိုင်ငံသား Mr. Ekka Phon Kaew Thong ၊ (၅၀)နှစ်သည် အမေရိကန်ဒေါ်လာအတုများ လာရောက်လဲလှယ်စဉ် ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
“သူ့သူငယ်ချင်းဆီကနေ ဒေါ်လာ ၁၀၀ တန်အတုတွေကို ဘတ်ငွေတွေနဲ့ ဝယ်လိုက်တယ်။ ဝယ်ပြီးတော့မှ ဟိုဘက်ကမ်း(ထိုင်းနိုင်ငံ)မှာ အရင်လဲကြည့်တယ်။ ထိုင်းနိုင်ငံမှာ လဲကြည့်လို့မရတော့ ဒီဘက်(မြန်မာနိုင်ငံ)မှာ လာလဲတာပေါ့။ လာလဲတော့ ပထမတစ်ကြိမ်ကလဲလို့ရသွားတယ်။ ၃ ရွက်လဲလို့ရသွားတယ်။ နောက်တစ်ကြိမ်ကျတော့ သူက ၅ ရွက်တစ်ခါ ထပ်လာလဲတယ်။ အဲဒီလိုလာလဲရင်းနဲ့ပဲ ဖမ်းမိတာပေါ့။ သူ့လက်ထဲမှာရှိနေတဲ့ ၁၉ ရွက်ကိုပဲ မိလိုက်တယ်။ ပထမအကြိမ်လာလဲသွားတဲ့ဟာကိုတော့ မမိသေးဘူး” ဟု တာချီလတ်မြို့မရဲစခန်းမှ အမှုစစ်ဖြစ်သူ ရဲအုပ်အောင်ဘိုဘိုကျော်က အကုန်သိသတင်းဌာနသို့ ပြောသည်။
အဆိုပါထိုင်းနိုင်ငံသားထံမှ အမေရိကန်ဒေါ်လာ (၁၀၀) တန်ငွေစက္ကူအတု (၁၉) ရွက်၊ လက်ကိုင်ဖုန်း (၁) လုံး နှင့် နိုင်ငံကူးစာအုပ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံသား Mr. Ekka Phon Kaew Thong ၊ (၅၀)နှစ်၊ မယ်ဆိုင်မြို့နေသူကို တာချီလိတ်မြို့မရဲစခန်း၌ (ပ)၁၃၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၄၈၉-ခ/ ၄၈၉-ဂ ဖြင့် ဖမ်းဆီးအမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။