Skip to main content
ရန္ျဖစ္ေနၾကသျဖင့္ တိုင္းျပည္တိုးတက္ေရး မသြားႏိုင္ျဖစ္ေနဟု ျပည္ခိုင္ၿဖိဳးပါတီမွေဒါက္တာနႏၵလွျမင့္ ေျပာ
Ads Block

ရန္ျဖစ္ေနၾကသျဖင့္ တိုင္းျပည္တိုးတက္ေရးမသြားႏိုင္ျဖစ္ေနဟု ျပည္ခိုင္ၿဖိဳးပါတီမွေဒါက္တာနႏၵလွျမင့္ ေျပာ

အခ်င္းခ်င္းရန္ျဖစ္ေနၾကၿပီး တစ္ဦးႏွင့္တစ္ဦးလက္ညႇိဳးထိုးေနၾကသျဖင့္ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးကို မသြားႏိုင္ေၾကာင္း ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္က အကုန္သိသတင္းဌာနသို႔ ေျပာသည္။

ရန္ျဖစ္ေနၾကသျဖင့္ တိုင္းျပည္တိုးတက္ေရး မသြားႏိုင္ျဖစ္ေနဟု ျပည္ခိုင္ၿဖိဳးပါတီမွေဒါက္တာနႏၵလွျမင့္ ေျပာ


မတ္လ ၁၂ ရက္၌ အကုန္သိသတင္းဌာနႏွင့္သီးသန႔္ေတြ႕ဆုံေမးျမန္းရာတြင္ ယခုကဲ့သို႔ ေျပာျခင္းျဖစ္သည္။ 
“သဘာဝေဘးအႏၲရာယ္ေတြ စိန္ေခၚမႈ၊ ကြၽန္ေတာ္တို႔ ႏိုင္ငံသူႏိုင္ငံသားေတြရဲ႕ က်န္းမာေရး၊ပညာေရးေနာက္ ကြၽန္ေတာ္တို႔ ေရရွည္သြားမယ့္အစီအမံေတြေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔မွာအစီအမံေတြလိုတယ္။မူဝါဒေတြ ႏိုင္ငံအတြက္ အမ်ားႀကီးခ်မွတ္ဖို႔လိုတယ္။ ကြၽန္ေတာ္တို႔ေတြရန္ျဖစ္ေနရင္၊ မညီၫြတ္ရင္ ကြၽန္ေတာ္တို႔ေတြ တစ္ေယာက္နဲ႔တစ္ေယာက္အျပစ္ေတြေျပာေနရင္း လက္ညႇိဳးေတြထိုးေနရင္း ဒီေန႔ ကြၽန္ေတာ္တို႔တိုင္းျပည္ရဲ႕ ဖြံၿဖိဳးတိုးတက္ေရးအပိုင္းကိုမသြားႏိုင္ဘူး။ ေရရွည္မွာ ကြၽန္ေတာ္တို႔ႏိုင္ငံသားေတြရပ္တည္သြားႏိုင္ဖို႔  ကြၽန္ေတာ္တို႔မူဝါဒေတြမခ်မွတ္ႏိုင္ဘူး။အဲဒါကြၽန္ေတာ္တို႔တိုင္းျပည္အတြက္ဆိုးဝါးတဲ့အႏၲရာယ္ပဲ’’ ဟု ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္က ေျပာသည္။
လက္ရွိတြင္ NLD အစိုးရမွ အမ်ိဳးသားပညာေရးဥပေဒအရ ပညာေရးျပဳုျပင္ေျပာင္းလဲမႈမ်ားေဆာင္႐ြက္ေနၿပီး KG+12 စနစ္အေကာင္အထည္ေဖာ္ေနကာ က်န္းမာေရးက႑ာတြင္လည္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ အမ်ိဳးသားအဆင့္ က်န္းမာေရးမူဝါဒမ်ားခ်မွတ္ အေကာင္အထည္ ေဖာ္ေဆာင္ေနေၾကာင္း သိရသည္။
သို႔ေသာ္ ပညာေရးက႑တြင္ေက်ာင္းထြက္မႈႏႈန္းမွာေလွ်ာ့က်မသြားဘဲ ပညာေရးျပဳျပင္ေျပာင္းလဲမႈမ်ားမွာလည္း ယခင္အစိုးရလုပ္ေဆာင္ခဲ့မႈမ်ားကိုဆက္လက္လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး သိသာစြာေျပာင္းလဲမႈမရွိေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီမွ မိတၱီလာျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေမာင္သင္းက အကုန္သိသတင္းဌာနသို႔ ေျပာၾကားထားသည္။
၂၀၁၅ ခုႏွစ္၊ ေအာက္တိုဘာ ၁၅ ရက္တြင္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ကို တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၈ ဖြဲ႕မွသေဘာတူလက္မွတ္ေရးထိုးခဲ့ၿပီး ၂၀၁၇ ခုႏွစ္တြင္ မြန္ျပည္သစ္ပါတီႏွင့္ လားဟူဒီမိုကရက္တစ္ပါတီတို႔မွ လက္မွတ္ေရးထိုးခဲ့ၿပီးလက္ရွိတြင္ ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္၊ ပလက္ဝတို႔တြင္ တပ္မေတာ္ႏွင့္ AA လက္နက္ကိုင္အဖြဲ႕တို႔ႏွစ္ဖက္တိုက္ပြဲမ်ားျဖစ္ပြားေနသည္။

- မင္းသီဟန္(အကုန္သိ သတင္းဌာန)

Unicode version

ရန်ဖြစ်နေကြသဖြင့် တိုင်းပြည်တိုးတက်ရေး မသွားနိုင်ဖြစ်နေဟု ပြည်ခိုင်ဖြိုးပါတီမှဒေါက်တာနန္ဒလှမြင့် ပြော
အချင်းချင်းရန်ဖြစ်နေကြပြီး တစ်ဦးနှင့်တစ်ဦးလက်ညှိုးထိုးနေကြသဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို မသွားနိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က အကုန်သိသတင်းဌာနသို့ ပြောသည်။
မတ်လ ၁၂ ရက်၌ အကုန်သိသတင်းဌာနနှင့်သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။ 
“သဘာဝဘေးအန္တရာယ်တွေ စိန်ခေါ်မှု၊ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေရဲ့ ကျန်းမာရေး၊ပညာရေးနောက် ကျွန်တော်တို့ ရေရှည်သွားမယ့်အစီအမံတွေပေါ့ဗျာ။ ကျွန်တော်တို့မှာအစီအမံတွေလိုတယ်။မူဝါဒတွေ နိုင်ငံအတွက် အများကြီးချမှတ်ဖို့လိုတယ်။ ကျွန်တော်တို့တွေရန်ဖြစ်နေရင်၊ မညီညွတ်ရင် ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက်အပြစ်တွေပြောနေရင်း လက်ညှိုးတွေထိုးနေရင်း ဒီနေ့ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဖွံဖြိုးတိုးတက်ရေးအပိုင်းကိုမသွားနိုင်ဘူး။ ရေရှည်မှာ ကျွန်တော်တို့နိုင်ငံသားတွေရပ်တည်သွားနိုင်ဖို့  ကျွန်တော်တို့မူဝါဒတွေမချမှတ်နိုင်ဘူး။အဲဒါကျွန်တော်တို့တိုင်းပြည်အတွက်ဆိုးဝါးတဲ့အန္တရာယ်ပဲ’’ ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
လက်ရှိတွင် NLD အစိုးရမှ အမျိုးသားပညာရေးဥပဒေအရ ပညာရေးပြုုပြင်ပြောင်းလဲမှုများဆောင်ရွက်နေပြီး KG+12 စနစ်အကောင်အထည်ဖော်နေကာ ကျန်းမာရေးကဏ္ဍာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမျိုးသားအဆင့် ကျန်းမာရေးမူဝါဒများချမှတ် အကောင်အထည် ဖော်ဆောင်နေကြောင်း သိရသည်။
သို့သော် ပညာရေးကဏ္ဍတွင်ကျောင်းထွက်မှုနှုန်းမှာလျှော့ကျမသွားဘဲ ပညာရေးပြုပြင်ပြောင်းလဲမှုများမှာလည်း ယခင်အစိုးရလုပ်ဆောင်ခဲ့မှုများကိုဆက်လက်လုပ်ဆောင်နေခြင်းဖြစ်ပြီး သိသာစွာပြောင်းလဲမှုမရှိကြောင်း ပြည်ခိုင်ဖြိုးပါတီမှ မိတ္တီလာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက အကုန်သိသတင်းဌာနသို့ ပြောကြားထားသည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှသဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်ပါတီတို့မှ လက်မှတ်ရေးထိုးခဲ့ပြီးလက်ရှိတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့တွင် တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသည်။
- မင်းသီဟန်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။