Skip to main content
IS ေတြရဲ႕ ကေလးငယ္ေတြကုိ အၾကမ္းဖက္ေလးေတြအျဖစ္ မသက္မွတ္ပဲ လက္ခံကူညီေပးၾကရန္ UNICEF တုိက္တြန္းႏႈိးေဆာ္
Ads Block

IS ေတြရဲ႕ ကေလးငယ္ေတြကုိ အၾကမ္းဖက္ေလးေတြအျဖစ္ မသက္မွတ္ပဲ လက္ခံကူညီေပးၾကရန္ UNICEF တုိက္တြန္းႏႈိးေဆာ္

IS စစ္ေသြးႂကြမိဘေတြရဲ႕ သားသမီးေတြကုိ အၾကမ္းဖက္သမားေလးေတြအျဖစ္ သေဘာမထား သင့္ေၾကာင္း ကုလကေလးမ်ားရန္ပုံေငြအဖြဲ႕(UNICEF) က မတ္လ ၁၁ ရက္ေန႔မွာ သတိေပး ႏႈိးေဆာ္ခဲ့ပါတယ္။ ဆီးရီးယားအေရွ႕ေျမာက္ပုိင္းရွိ IS တုိ႔ရဲ႕ေနာက္ဆုံးခံတပ္ ပိတ္ဆုိ႔တုိက္ခုိက္ခံခ်ိန္မွာ စစ္ေသြးႂကြေတြရဲ႕မိသားစုေတြဟာ ခံတပ္ကုိ စြန္႔ခြာထြက္ေျပးလာၾကပါတယ္။ ၄င္းမွာ IS သားသမီး ကေလးငယ္ေတြလည္း ပါေနတဲ့အတြက္ သူတုိ႔ေလးေတြရဲ႕ကံၾကမၼာကုိ ႏုိင္ငံတကာမွ မ်က္ကြယ္ျပဳမထားသင့္ေၾကာင္း UNICEF ရဲ႕ အေရွ႕အလယ္ပုိင္းေဒသၫႊန္ၾကားေရးမွဴးက ေျပာၾကားခဲ့ပါတယ္။ UNICEF ရဲ႕စစ္တမ္းအရ အယ္လ္ဟုိလ္ဒုကၡသည္စခန္းမွာ တုိင္းတစ္ပါးသား ကေလးငယ္ခ်ည္းပဲ ၃,၀၀၀ ခန္႔ရွိေနၿပီး သူတုိ႔ရဲ႕မိဘေတြဟာ ႏုိင္ငံ ၄၃ ခုမွ အသီးသီးေရာက္လာၿပီး IS နဲ႔ပူးေပါင္းခဲ့ၾကသူေတြျဖစ္ပါတယ္။ သက္ဆုိင္ရာႏုိင္ငံအခ်ိဳ႕ဟာ ကေလးေတြကုိ ေနရပ္ျပန္ေခၚရန္ တြန္႔ဆုတ္ေနပါတယ္။ IS နဲ႔ပတ္သက္ေနတဲ့ ဆီးရီးယားနဲ႔ အီရတ္္ကေလးငယ္ေတြလည္း အမ်ားႀကီးရွိေနေသးၿပီး သူတုိ႔ကုိ လူ႕အသုိင္းအဝုိင္းက ျပန္လည္လက္ခံလာေစေရးဟာ စိန္ေခၚမႈတစ္ရပ္သဖြယ္ ျဖစ္ေနပါတယ္။

IS ေတြရဲ႕ ကေလးငယ္ေတြကုိ အၾကမ္းဖက္ေလးေတြအျဖစ္ မသက္မွတ္ပဲ လက္ခံကူညီေပးၾကရန္ UNICEF တုိက္တြန္းႏႈိးေဆာ္

“ ဒီျပႆနာဟာ ေခ်ာင္ထုိးထားလုိ႔ရတဲ့ ေခါင္းစဥ္မ်ိဳး မဟုတ္ပါဘူး။ ဒါမ်ိဳးေတြ ျဖစ္မလာေအာင္ ႀကိဳတင္ေျဖရွင္းမယ့္နည္းေတြ ရွိပါတယ္။ ၁၉၉၀ ျပည့္ႏွစ္တုန္းက ျဖစ္သြားခဲ့တဲ့ ရဝမ္ဒါ လူမ်ိဳးတုန္းသတ္ပြဲကုိ ျပန္ၾကည့္ၾကပါ”ဟု ၫႊန္ၾကားေရးမႈး ကာပီလဲရ္က ေျပာျပပါတယ္။ ရဝမ္ဒါအေရးအခင္းတုန္းက လူသတ္သမားေတြနဲ႔ဆက္ႏြယ္ေနတဲ့ ကေလးဦးေရ ေထာင္နဲ႔ခ်ီၿပီး ရွိခဲ့ပါတယ္။ ၄င္းတုိ႔အနက္ အမ်ားစုကုိ ရဝမ္ဒါလူ႕အသုိင္းအဝုိင္းမွ ျပန္လည္လက္ခံလာေအာင္ လုပ္ႏုိင္ခဲ့ပါတယ္။ ဆီးရီးယားနဲ႔ အီရတ္မွာလည္း ထုိသုိ႔အင္အားစုိက္ထုတ္ လုပ္ေဆာင္ေပးရန္ လုိအပ္ေၾကာင္း ကာပီလဲရ္က ေျပာပါတယ္။ ဆီးရီယားမွာ အေျခခံအေထာက္အပံ့ေတြ လုိအပ္ေနတဲ့ ကေလးငယ္ေပါင္း သန္းနဲ႔ခ်ီ ရွိေနၿပီး ျပည္တြင္းစစ္ကာလအတြင္း ပဋိပကၡဇုန္မွာ ေမြးလာခဲ့တဲ့ ကေလးဦးေရဟာလည္း ၅ သန္းခန္႔ရွိတယ္လုိ႔ ဆုိပါတယ္။
၂၀၁၁ ခုႏွစ္ကတည္းက စျဖစ္ပြားခဲ့တဲ့ ဆီးရီးယားျပည္တြင္းစစ္ေၾကာင့္ လူ ၃၆၀,၀၀၀ ေက်ာ္ ေသခဲ့ရၿပီး လူဦးေရရဲ႕ထက္ဝက္ေက်ာ္ ၁၃ သန္းခန္႔လည္း ျပည္တြင္းျပည္ပႏွစ္ရပ္စလုံးသုိ႔ ထြက္ေျပးေျပာင္းေ႐ႊ႕ခဲ့ရပါတယ္။

 - ZHO (အကုန္သိ သတင္းဌာန)

Unicode version

IS တွေရဲ့ ကလေးငယ်တွေကို အကြမ်းဖက်လေးတွေအဖြစ် မသက်မှတ်ပဲ လက်ခံကူညီပေးကြရန် UNICEF တိုက်တွန်းနှိုးဆော်

IS စစ်သွေးကြွမိဘတွေရဲ့ သားသမီးတွေကို အကြမ်းဖက်သမားလေးတွေအဖြစ် သဘောမထား သင့်ကြောင်း ကုလကလေးများရန်ပုံငွေအဖွဲ့(UNICEF) က မတ်လ ၁၁ ရက်နေ့မှာ သတိပေး နှိုးဆော်ခဲ့ပါတယ်။ ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ IS တို့ရဲ့နောက်ဆုံးခံတပ် ပိတ်ဆို့တိုက်ခိုက်ခံချိန်မှာ စစ်သွေးကြွတွေရဲ့မိသားစုတွေဟာ ခံတပ်ကို စွန့်ခွာထွက်ပြေးလာကြပါတယ်။ ၎င်းမှာ IS သားသမီး ကလေးငယ်တွေလည်း ပါနေတဲ့အတွက် သူတို့လေးတွေရဲ့ကံကြမ္မာကို နိုင်ငံတကာမှ မျက်ကွယ်ပြုမထားသင့်ကြောင်း UNICEF ရဲ့ အရှေ့အလယ်ပိုင်းဒေသညွှန်ကြားရေးမှူးက ပြောကြားခဲ့ပါတယ်။ UNICEF ရဲ့စစ်တမ်းအရ အယ်လ်ဟိုလ်ဒုက္ခသည်စခန်းမှာ တိုင်းတစ်ပါးသား ကလေးငယ်ချည်းပဲ ၃,၀၀၀ ခန့်ရှိနေပြီး သူတို့ရဲ့မိဘတွေဟာ နိုင်ငံ ၄၃ ခုမှ အသီးသီးရောက်လာပြီး IS နဲ့ပူးပေါင်းခဲ့ကြသူတွေဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံအချို့ဟာ ကလေးတွေကို နေရပ်ပြန်ခေါ်ရန် တွန့်ဆုတ်နေပါတယ်။ IS နဲ့ပတ်သက်နေတဲ့ ဆီးရီးယားနဲ့ အီရတ်ကလေးငယ်တွေလည်း အများကြီးရှိနေသေးပြီး သူတို့ကို လူ့အသိုင်းအဝိုင်းက ပြန်လည်လက်ခံလာစေရေးဟာ စိန်ခေါ်မှုတစ်ရပ်သဖွယ် ဖြစ်နေပါတယ်။
“ ဒီပြဿနာဟာ ချောင်ထိုးထားလို့ရတဲ့ ခေါင်းစဉ်မျိုး မဟုတ်ပါဘူး။ ဒါမျိုးတွေ ဖြစ်မလာအောင် ကြိုတင်ဖြေရှင်းမယ့်နည်းတွေ ရှိပါတယ်။ ၁၉၉၀ ပြည့်နှစ်တုန်းက ဖြစ်သွားခဲ့တဲ့ ရဝမ်ဒါ လူမျိုးတုန်းသတ်ပွဲကို ပြန်ကြည့်ကြပါ”ဟု ညွှန်ကြားရေးမှုး ကာပီလဲရ်က ပြောပြပါတယ်။ ရဝမ်ဒါအရေးအခင်းတုန်းက လူသတ်သမားတွေနဲ့ဆက်နွယ်နေတဲ့ ကလေးဦးရေ ထောင်နဲ့ချီပြီး ရှိခဲ့ပါတယ်။ ၎င်းတို့အနက် အများစုကို ရဝမ်ဒါလူ့အသိုင်းအဝိုင်းမှ ပြန်လည်လက်ခံလာအောင် လုပ်နိုင်ခဲ့ပါတယ်။ ဆီးရီးယားနဲ့ အီရတ်မှာလည်း ထိုသို့အင်အားစိုက်ထုတ် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ကာပီလဲရ်က ပြောပါတယ်။ ဆီးရီယားမှာ အခြေခံအထောက်အပံ့တွေ လိုအပ်နေတဲ့ ကလေးငယ်ပေါင်း သန်းနဲ့ချီ ရှိနေပြီး ပြည်တွင်းစစ်ကာလအတွင်း ပဋိပက္ခဇုန်မှာ မွေးလာခဲ့တဲ့ ကလေးဦးရေဟာလည်း ၅ သန်းခန့်ရှိတယ်လို့ ဆိုပါတယ်။
၂၀၁၁ ခုနှစ်ကတည်းက စဖြစ်ပွားခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် လူ ၃၆၀,၀၀၀ ကျော် သေခဲ့ရပြီး လူဦးရေရဲ့ထက်ဝက်ကျော် ၁၃ သန်းခန့်လည်း ပြည်တွင်းပြည်ပနှစ်ရပ်စလုံးသို့ ထွက်ပြေးပြောင်းရွှေ့ခဲ့ရပါတယ်။

 - ZHO (အကုန်သိ သတင်းဌာန)

Ref: AFP – 13.3.19

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။