Skip to main content
တပ္မေတာ္သား လႊတ္ေတာ္ကုိယ္စားလွယ္မ်ားအေနျဖင့္ အမ်ိဳးသားႏုိင္ငံေရးကို ျပည္သူအားလံုးႏွင့္အတူ ထမ္းေဆာင္သြားမည္ ဟုဆို 
Ads Block

တပ္မေတာ္သား လႊတ္ေတာ္ကုိယ္စားလွယ္မ်ားအေနျဖင့္ အမ်ိဳးသားႏုိင္ငံေရးကို ျပည္သူအားလံုးႏွင့္အတူ ထမ္းေဆာင္သြားမည္ ဟုဆို 

တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္ အမ်ိဳးသားႏုိင္ငံေရးကို တုိင္းရင္းသား ျပည္သူတစ္ရပ္လံုးႏွင့္ ထမ္းေဆာင္သြားမည္ဟု တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ဗုိလ္မွဴးခ်ဳပ္ ေက်ာ္ေက်ာ္စိုး ကေျပာသည္။
မတ္လ ၁၂ ရက္ကက်င္းပသည့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးတြင္ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ဒုတိယအႀကိမ္ ျပင္ဆင္သည့္ ဥပေဒၾကမ္းႏွင့္ ပတ္သက္ၿပီး စိစစ္ေရးေကာ္မတီ၏ ေတြ႔ရွိခ်က္ သေဘာထားမွတ္ ခ်က္အေပၚေဆြးေႏြးရာတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“ကိုယ့္တုိင္းရင္းသားျပည္နယ္ေတြမွာ ကိုယ့္တုိင္းရင္းသား ႀကိဳက္တဲ့ဝန္ႀကီးခ်ဳပ္ကို ခန္႔အပ္ဖုိ႔အေရးကို လႊတ္ေတာ္မွာ ေဆြးေႏြးဖုိ႔ တင္ျပအပ္ပါတယ္။ နာယကႀကီးအေနနဲ႔လည္း ထိန္းသိမ္းေပးဖုိ႔ တင္ျပပါတယ္။ ျပည္သူတစ္ရပ္လံုးကို တင္ျပခ်င္တာကေတာ့ ကၽြန္ေတာ္တုိ႔ တပ္မေတာ္သား လႊတ္ေတာ္ကုိယ္စားလွယ္ေတြအေနနဲ႔ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ အမ်ိဳးသား ႏိုင္ငံေရး တာ ဝန္ကို တုိင္းရင္းသား ျပည္သူတစ္ရပ္လံုးနဲ႔ ဦးတည္ထမ္းေဆာင္သြားမယ္လုိ႔ ကတိေပးပါတယ္”ဟု ဗုိလ္မွဴးခ်ဳပ္ ေက်ာ္ေက်ာ္စိုး က ေျပာသည္။

တပ္မေတာ္သား လႊတ္ေတာ္ကုိယ္စားလွယ္မ်ားအေနျဖင့္ အမ်ိဳးသားႏုိင္ငံေရးကို ျပည္သူအားလံုးႏွင့္အတူ ထမ္းေဆာင္သြားမည္ ဟုဆို 

၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ဒုတိယအႀကိမ္ ျပင္ဆင္သည့္ ဥပေဒၾကမ္းႏွင့္ ပတ္သက္ၿပီး စိစစ္ေရးေကာ္မတီ၏ ေတြ႔ရွိခ်က္ သေဘာထားမွတ္ ခ်က္အေပၚေဆြးေႏြးရာတြင္ တပ္မေတာ္သား ကိုယ္စားလွယ္မ်ားက ကန္႔ကြက္ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့သည့္ အျပင္ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရးပူးေပါင္းေကာ္မတီအေနျဖင့္  အင္အားျဖင့္ ေဆာင္ရြက္ခဲ့ျခင္းမ်ား ရွိသည့္အ တြက္ အယံုအၾကည္မရွိေၾကာင္းလည္း ဗိုလ္မွူးခ်ဳပ္ ေက်ာ္ေက်ာ္စိုးက ေျပာၾကားခဲ့သည္။
၂၀၀၈ဖြဲ႔စည္းပံုအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္သည့္ ဥပေဒၾကမ္းမွာ တုိင္းေဒသႀကီးျပည္နယ္မ်ားမွ ေရြးခ်ယ္ခံလႊတ္ ေတာ္ကိုယ္စားလွယ္မွ ဝန္ႀကီးခ်ဳပ္အျဖစ္ ခန္႔အပ္ႏုိင္မည့္ ပုဒ္မ ၂၆၁ ကို ျပည္ေထာင္စုႀကံ့ခိုင္းေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ ေက်ာင္းကုန္း မဲဆႏၵနယ္မွ ဦးသိန္းထြန္းမွ တင္သြင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

 - ခ်မ္းၿငိမ္း(အကုန္သိ သတင္းဌာန)

Unicode version

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမျိုးသားနိုင်ငံရေးကို ပြည်သူအားလုံးနှင့်အတူ ထမ်းဆောင်သွားမည် ဟုဆို 

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမျိုးသားနိုင်ငံရေးကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် ထမ်းဆောင်သွားမည်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးချုပ် ကျော်ကျော်စိုး ကပြောသည်။
မတ်လ ၁၂ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး စိစစ်ရေးကော်မတီ၏ တွေ့ရှိချက် သဘောထားမှတ် ချက်အပေါ်ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကိုယ့်တိုင်းရင်းသားပြည်နယ်တွေမှာ ကိုယ့်တိုင်းရင်းသား ကြိုက်တဲ့ဝန်ကြီးချုပ်ကို ခန့်အပ်ဖို့အရေးကို လွှတ်တော်မှာ ဆွေးနွေးဖို့ တင်ပြအပ်ပါတယ်။ နာယကကြီးအနေနဲ့လည်း ထိန်းသိမ်းပေးဖို့ တင်ပြပါတယ်။ ပြည်သူတစ်ရပ်လုံးကို တင်ပြချင်တာကတော့ ကျွန်တော်တို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အမျိုးသားအကျိုးစီးပွားအတွက် အမျိုးသား နိုင်ငံရေး တာ ဝန်ကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနဲ့ ဦးတည်ထမ်းဆောင်သွားမယ်လို့ ကတိပေးပါတယ်”ဟု ဗိုလ်မှူးချုပ် ကျော်ကျော်စိုး က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး စိစစ်ရေးကော်မတီ၏ တွေ့ရှိချက် သဘောထားမှတ် ချက်အပေါ်ဆွေးနွေးရာတွင် တပ်မတော်သား ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီအနေဖြင့်  အင်အားဖြင့် ဆောင်ရွက်ခဲ့ခြင်းများ ရှိသည့်အ တွက် အယုံအကြည်မရှိကြောင်းလည်း ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ပြောကြားခဲ့သည်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းမှာ တိုင်းဒေသကြီးပြည်နယ်များမှ ရွေးချယ်ခံလွှတ် တော်ကိုယ်စားလှယ်မှ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်နိုင်မည့် ပုဒ်မ ၂၆၁ ကို ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်းမှ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 - ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။