Skip to main content
ဒန႔္ဒလြန္ႏွင့္ ရဲယိုတို႔ကို အဆင့္ျမင့္နည္းပညာမ်ားႏွင့္ထုတ္လုပ္ၿပီး ႏိုင္ငံျခားေဈးကြက္သို႔တင္ပို႔မည္ 
Ads Block

ဒန႔္ဒလြန္ႏွင့္ ရဲယိုတို႔ကို အဆင့္ျမင့္နည္းပညာမ်ားႏွင့္ထုတ္လုပ္ၿပီး ႏိုင္ငံျခားေဈးကြက္သို႔တင္ပို႔မည္ 

ဒန႔္ဒလြန္ႏွင့္ ရဲယိုတို႔ကို အဆင့္ျမင့္နည္းပညာမ်ားႏွင့္ထုတ္လုပ္ၿပီး ႏိုင္ငံျခားေဈးကြက္သို႔တင္ပို႔ႏိုင္ရန္ ဒန႔္ဒလြန္ႏွင့္ရဲယို စိုက္ပ်ိဳးထုတ္လုပ္သူမ်ားအစုအဖြဲ႕ ဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။ 
အဆိုပါအစုအဖြဲ႕ကို ဒန႔္ဒလြန္ႏွင့္ ရဲယို စိုက္ပ်ိဳးထုတ္လုပ္သူမ်ား၊ ေရာင္းခ်သူမ်ား၊ ပို႔ကုန္လုပ္ငန္းရွင္မ်ားျဖင့္ ယခုမတ္လအတြင္းဖြဲ႕စည္းခဲ့ျခင္းျဖစ္ၿပီး အစုအဖြဲ႕သက္တမ္း တစ္ႏွစ္ျပည့္ပါက အသင္းအဖြဲ႕အျဖစ္ ေျပာင္းလဲဖြဲ႕စည္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဒန႔္ဒလြန္ႏွင့္ ရဲယိုတို႔ကို အဆင့္ျမင့္နည္းပညာမ်ားႏွင့္ထုတ္လုပ္ၿပီး ႏိုင္ငံျခားေဈးကြက္သို႔တင္ပို႔မည္ 


“ဒန႔္ဒလြန္နဲ႔ရဲယိုက ေဆးဘက္ဝင္တယ္၊ အာဟာရလည္း ျပည့္ဝတယ္ ဆိုၿပီး ႏိုင္ငံျခားတိုင္းျပည္ေတြမွာ ေျမာက္မ်ားစြာစားသုံးၾကတယ္။ လိုအပ္ေနတာေပါ့။ ဒီထက္အဆင့္ျမင့္တဲ့နည္းပညာေတြနဲ႔ ထုတ္လုပ္ၿပီး ႏိုင္ငံျခားေဈးကြက္ကိုတင္ပို႔ဖို႔လုပ္မယ္။ဒီလို ထူးျခားမႈရွိေတာ့ စုေပါင္းလုပ္ေဆာင္ႏိုင္ဖို႔ ဒီႏွစ္မ်ိဳးကို သီးျခားအစုအဖြဲ႕အေနနဲ႔ဖြဲ႕စည္းျခင္းျဖစ္တယ္။ တစ္ႏွစ္ျပည့္ရင္ စြမ္းေဆာင္ရည္ဘယ္လိုရွိလဲ။ ဘယ္လိုလုပ္ႏိုင္လဲဆိုတာ သိလာမယ္။ အဲဒီက်ရင္ အၿမဲတမ္း အဖြဲ႕အစည္းတစ္ခုျဖစ္ေအာင္ စီစဥ္ေဆာင္႐ြက္ပါမယ္” ဟု ျမန္မာႏိုင္ငံ သစ္သီးဝလံ၊ ပန္းမန္ႏွင့္ဟင္းသီးဟင္း႐ြက္စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွဥကၠ႒ ဦးစိုးသန္းမင္းဒင္က ေျပာသည္။ 
ဒန႔္ဒလြန္ႏွင့္ ရဲယိုတို႔တြင္ အာဟာရဓာတ္စုံလင္စြာပါဝင္ကာေဆးဘက္ဝင္သည့္အတြက္ ႏိုင္ငံအမ်ားစုတြင္ စိုက္ပ်ိဳးၾကၿပီး ျမန္မာႏိုင္ငံတြင္လည္း ဒန႔္ဒလြန္ကိုအမႈန႔္အျဖစ္ျပဳလုပ္၍ အေမရိကန္ႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံ၊ ထိုင္ဝမ္ႏိုင္ငံႏွင့္ ကိုရီးယားႏိုင္ငံမ်ားသို႔တင္ပို႔ေရာင္းခ်ေနေၾကာင္း ကုန္သည္မ်ားထံမွ သိရသည္။
“ ဒန႔္ဒလြန္ကေတာ့ ျပည္တြင္းေဈးကြက္မွာ သာမန္စားသုံးသလိုပဲစားသုံးေနၾကတယ္။ ရဲယိုကလည္း ဒီႏိုင္ငံမွာ စားသုံးမႈနည္းတယ္။ ဒါေပမယ့္ ႏိုင္ငံျခားကိုပို႔ေနတာေတြရွိပါတယ္။ ျမန္မာျပည္အႏွံ႔မွာ အလြယ္တကူ စိုက္ပ်ိဳးလို႔ရတယ္။ အလြယ္တကူျဖစ္ထြန္းတယ္။ ျပခန္းေတြလုပ္တဲ့အခါ ႏိုင္ငံျခားသားစိတ္ဝင္စားမႈ အမ်ားဆုံးရတဲ့သီးႏွံေတြျဖစ္တယ္” ဟု ဦးစိုးသန္းမင္းဒင္က ဆက္ေျပာသည္။ 
ျမန္မာႏိုင္ငံသစ္သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္း႐ြက္ စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္း လက္ေအာက္တြင္ အစုအဖြဲ႕ေပါင္း ၃၄ ခုဖြဲ႕စည္းထားၿပီး အဆိုပါ ဒန႔္ဒလြန္ႏွင့္ ရဲယိုစိုက္ပ်ိဳးထုတ္လုပ္သူမ်ား အစုအဖြဲ႕သည္ ၃၅ ခုေျမာက္ဖြဲ႕စည္းျခင္းျဖစ္သည္။ 

- သင္းသင္းလႈိင္(အကုန္သိ သတင္းဌာန)

 

Unicode version

ဒန့်ဒလွန်နှင့် ရဲယိုတို့ကို အဆင့်မြင့်နည်းပညာများနှင့်ထုတ်လုပ်ပြီး နိုင်ငံခြားဈေးကွက်သို့တင်ပို့မည် 
ဒန့်ဒလွန်နှင့် ရဲယိုတို့ကို အဆင့်မြင့်နည်းပညာများနှင့်ထုတ်လုပ်ပြီး နိုင်ငံခြားဈေးကွက်သို့တင်ပို့နိုင်ရန် ဒန့်ဒလွန်နှင့်ရဲယို စိုက်ပျိုးထုတ်လုပ်သူများအစုအဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ 
အဆိုပါအစုအဖွဲ့ကို ဒန့်ဒလွန်နှင့် ရဲယို စိုက်ပျိုးထုတ်လုပ်သူများ၊ ရောင်းချသူများ၊ ပို့ကုန်လုပ်ငန်းရှင်များဖြင့် ယခုမတ်လအတွင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အစုအဖွဲ့သက်တမ်း တစ်နှစ်ပြည့်ပါက အသင်းအဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒန့်ဒလွန်နဲ့ရဲယိုက ဆေးဘက်ဝင်တယ်၊ အာဟာရလည်း ပြည့်ဝတယ် ဆိုပြီး နိုင်ငံခြားတိုင်းပြည်တွေမှာ မြောက်များစွာစားသုံးကြတယ်။ လိုအပ်နေတာပေါ့။ ဒီထက်အဆင့်မြင့်တဲ့နည်းပညာတွေနဲ့ ထုတ်လုပ်ပြီး နိုင်ငံခြားဈေးကွက်ကိုတင်ပို့ဖို့လုပ်မယ်။ဒီလို ထူးခြားမှုရှိတော့ စုပေါင်းလုပ်ဆောင်နိုင်ဖို့ ဒီနှစ်မျိုးကို သီးခြားအစုအဖွဲ့အနေနဲ့ဖွဲ့စည်းခြင်းဖြစ်တယ်။ တစ်နှစ်ပြည့်ရင် စွမ်းဆောင်ရည်ဘယ်လိုရှိလဲ။ ဘယ်လိုလုပ်နိုင်လဲဆိုတာ သိလာမယ်။ အဲဒီကျရင် အမြဲတမ်း အဖွဲ့အစည်းတစ်ခုဖြစ်အောင် စီစဉ်ဆောင်ရွက်ပါမယ်” ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောသည်။ 
ဒန့်ဒလွန်နှင့် ရဲယိုတို့တွင် အာဟာရဓာတ်စုံလင်စွာပါဝင်ကာဆေးဘက်ဝင်သည့်အတွက် နိုင်ငံအများစုတွင် စိုက်ပျိုးကြပြီး မြန်မာနိုင်ငံတွင်လည်း ဒန့်ဒလွန်ကိုအမှုန့်အဖြစ်ပြုလုပ်၍ အမေရိကန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ထိုင်ဝမ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံများသို့တင်ပို့ရောင်းချနေကြောင်း ကုန်သည်များထံမှ သိရသည်။
“ ဒန့်ဒလွန်ကတော့ ပြည်တွင်းဈေးကွက်မှာ သာမန်စားသုံးသလိုပဲစားသုံးနေကြတယ်။ ရဲယိုကလည်း ဒီနိုင်ငံမှာ စားသုံးမှုနည်းတယ်။ ဒါပေမယ့် နိုင်ငံခြားကိုပို့နေတာတွေရှိပါတယ်။ မြန်မာပြည်အနှံ့မှာ အလွယ်တကူ စိုက်ပျိုးလို့ရတယ်။ အလွယ်တကူဖြစ်ထွန်းတယ်။ ပြခန်းတွေလုပ်တဲ့အခါ နိုင်ငံခြားသားစိတ်ဝင်စားမှု အများဆုံးရတဲ့သီးနှံတွေဖြစ်တယ်” ဟု ဦးစိုးသန်းမင်းဒင်က ဆက်ပြောသည်။ 
မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း လက်အောက်တွင် အစုအဖွဲ့ပေါင်း ၃၄ ခုဖွဲ့စည်းထားပြီး အဆိုပါ ဒန့်ဒလွန်နှင့် ရဲယိုစိုက်ပျိုးထုတ်လုပ်သူများ အစုအဖွဲ့သည် ၃၅ ခုမြောက်ဖွဲ့စည်းခြင်းဖြစ်သည်။ 

- သင်းသင်းလှိုင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။