Skip to main content
ျမန္မာ့လက္ေရြးစင္အသင္း တရုတ္(တိုင္ေပ)၊ အင္ဒိုနီးရွားအသင္းတို႔ႏွင့္ ေျခစမ္းမည္
Ads Block

ျမန္မာ့လက္ေရြးစင္အသင္း တရုတ္(တိုင္ေပ)၊ အင္ဒိုနီးရွားအသင္းတို႔ႏွင့္ ေျခစမ္းမည္

နည္းျပခ်ဳပ္သစ္ ခန္႔အပ္ရန္ ၾကာျမင့္မႈမ်ား ရွိေနသည့္ ျမန္မာ့လက္ေရြးစင္ အမ်ိဳးသားအသင္းသည္ ယခုမတ္လအတြင္း ႏုိင္ငံတကာေျခစမ္းပြဲ ႏွစ္ပြဲကို အိမ္ကြင္းတြင္ လက္ခံကစားသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ့လက္ေရြးစင္အသင္း တရုတ္(တိုင္ေပ)၊ အင္ဒိုနီးရွားအသင္းတို႔ႏွင့္ ေျခစမ္းမည္


 ယင္းေျခစမ္းပြဲ ႏွစ္ပြဲသည္ ကမၻာ့ေဘာလံုးအဖြဲ႔ခ်ဳပ္ (FIFA) ၏ ျပကၡဒိန္အရ ယွဥ္ၿပိဳင္ကစားျခင္း ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ့လက္ေရြးစင္အသင္း တရုတ္(တိုင္ေပ)၊ အင္ဒိုနီးရွားအသင္းတို႔ႏွင့္ ေျခစမ္းမည္


လာမည့္ မတ္လ(၁၉)ရက္တြင္ တရုတ္(တိုင္ေပ) လက္ေရြးစင္အသင္းႏွင့္ လည္းေကာင္း၊ မတ္လ (၂၅)ရက္ေန႔တြင္ အင္ဒိုနီးရွား လက္ေရြးစင္အသင္းႏွင့္ လည္းေကာင္း ေျခစမ္းပြဲမ်ား ကစားမည္ ျဖစ္သည္။
ျမန္မာအသင္းသည္ နည္းျပခ်ဳပ္ေနရာ လစ္လပ္လ်က္ ရွိေနရာ ယခုကစားမည့္ ႏွစ္ပြဲတြင္ ရန္ကုန္ယူႏုိက္တက္အသင္း၏ နည္းျပခ်ဳပ္ ဦးမ်ိဳးမင္းထြန္းကို ယာယီနည္းျပခ်ဳပ္ အျဖစ္ ခန္႔အပ္ထားေၾကာင္းလည္း သိရသည္။
၄င္းမွာ ျမန္မာ့လက္ေရြးစင္အသင္းႀကီးကို ကိုင္တြယ္ရမည့္ ပထမဦးဆံုး ျပည္တြင္းနည္းျပ ျဖစ္ၿပီး ပဏာမကစားဥမား (၂၇)ဦး ေရြးခ်ယ္ထားေၾကာင္း သိရသည္။ 
အဆိုပါ (၂၇)ဦးထဲတြင္ ယခင္နည္းျပခ်ဳပ္လက္ထက္က ေရြးခ်ယ္ျခင္း မခံခဲ့ရေသာ ကစားသမားအမ်ားစုလည္း ပါ၀င္လာၿပီး ထိုင္းလိဂ္တြင္ သြားေရာက္ကစားေနသည့္ တိုက္စစ္မွဴး ေအာင္သူႏွင့္ ေနာက္ခံကစားသမား ေဇာ္မင္ထြန္းတို႔မွာ မတ္လ (၁၆) ရက္ေန႔တြင္ ၄င္းတို႔ကလပ္အသင္းမ်ား၏ ပြဲစဥ္မ်ား ယွဥ္ၿပိဳင္ရန္ ရွိေနျခင္းေၾကာင့္ အသင္းႏွင့္ေနာက္က်မွ ပူးေပါင္းေလ့က်င့္ ႏုိင္မည္ျဖစ္သည္။
ျမန္မာအသင္းသည္ တရုတ္(တိုင္ေပ)အသင္းႏွင့္ ေတြ႕ဆံုေလ့ မရွိေသာ္လည္း အင္ဒိုနီးရွားအသင္းႏွင့္ မၾကာခဏ ေျခစမ္းပြဲမ်ား ယွဥ္ၿပိဳင္ကစားေလ့ရွိၿပီး ေနာက္ဆံုးသံုးပြဲ ကစားထားရာတြင္ တစ္ပြဲႏုိင္၊ တစ္ပြဲရႈံး၊ တစ္ပြဲ သေရရလဒ္ ရရွိထားသည္။
လာမည့္ မတ္လ (၁၉) ရက္တြင္ တ႐ုတ္ (တိုင္ေပ) အသင္းႏွင့္ မႏၱေလးၿမိဳ႕႐ွိ မႏၱလာသီရိကြင္း၌ ယွဥ္ၿပိဳင္ကစားမည္ျဖစ္ၿပီး အင္ဒိုနီးရွားအသင္းနွင့္ ရန္ကုန္ၿမိဳ႕တြင္ ယွဥ္ၿပိဳင္ကစားမည္ ျဖစ္သည္။

- ထက္ေ၀လင္း(အကုန္သိ သတင္းဌာန)

Unicode version

မြန်မာ့လက်ရွေးစင်အသင်း တရုတ်(တိုင်ပေ)၊ အင်ဒိုနီးရှားအသင်းတို့နှင့် ခြေစမ်းမည်
နည်းပြချုပ်သစ် ခန့်အပ်ရန် ကြာမြင့်မှုများ ရှိနေသည့် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းသည် ယခုမတ်လအတွင်း နိုင်ငံတကာခြေစမ်းပွဲ နှစ်ပွဲကို အိမ်ကွင်းတွင် လက်ခံကစားသွားမည် ဖြစ်ကြောင်း သိရသည်။
 ယင်းခြေစမ်းပွဲ နှစ်ပွဲသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ပြက္ခဒိန်အရ ယှဉ်ပြိုင်ကစားခြင်း ဖြစ်ကြောင်း သိရသည်။
လာမည့် မတ်လ(၁၉)ရက်တွင် တရုတ်(တိုင်ပေ) လက်ရွေးစင်အသင်းနှင့် လည်းကောင်း၊ မတ်လ (၂၅)ရက်နေ့တွင် အင်ဒိုနီးရှား လက်ရွေးစင်အသင်းနှင့် လည်းကောင်း ခြေစမ်းပွဲများ ကစားမည် ဖြစ်သည်။
မြန်မာအသင်းသည် နည်းပြချုပ်နေရာ လစ်လပ်လျက် ရှိနေရာ ယခုကစားမည့် နှစ်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း၏ နည်းပြချုပ် ဦးမျိုးမင်းထွန်းကို ယာယီနည်းပြချုပ် အဖြစ် ခန့်အပ်ထားကြောင်းလည်း သိရသည်။
၎င်းမှာ မြန်မာ့လက်ရွေးစင်အသင်းကြီးကို ကိုင်တွယ်ရမည့် ပထမဦးဆုံး ပြည်တွင်းနည်းပြ ဖြစ်ပြီး ပဏာမကစားဥမား (၂၇)ဦး ရွေးချယ်ထားကြောင်း သိရသည်။ 
အဆိုပါ (၂၇)ဦးထဲတွင် ယခင်နည်းပြချုပ်လက်ထက်က ရွေးချယ်ခြင်း မခံခဲ့ရသော ကစားသမားအများစုလည်း ပါဝင်လာပြီး ထိုင်းလိဂ်တွင် သွားရောက်ကစားနေသည့် တိုက်စစ်မှူး အောင်သူနှင့် နောက်ခံကစားသမား ဇော်မင်ထွန်းတို့မှာ မတ်လ (၁၆) ရက်နေ့တွင် ၎င်းတို့ကလပ်အသင်းများ၏ ပွဲစဉ်များ ယှဉ်ပြိုင်ရန် ရှိနေခြင်းကြောင့် အသင်းနှင့်နောက်ကျမှ ပူးပေါင်းလေ့ကျင့် နိုင်မည်ဖြစ်သည်။
မြန်မာအသင်းသည် တရုတ်(တိုင်ပေ)အသင်းနှင့် တွေ့ဆုံလေ့ မရှိသော်လည်း အင်ဒိုနီးရှားအသင်းနှင့် မကြာခဏ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားလေ့ရှိပြီး နောက်ဆုံးသုံးပွဲ ကစားထားရာတွင် တစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ တစ်ပွဲ သရေရလဒ် ရရှိထားသည်။
လာမည့် မတ်လ (၁၉) ရက်တွင် တရုတ် (တိုင်ပေ) အသင်းနှင့် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အင်ဒိုနီးရှားအသင်းနှင့် ရန်ကုန်မြို့တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

- ထက်ဝေလင်း(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။