Skip to main content
ရုိးရာလက္ေ၀ွ႔ အလြတ္တန္း ခ်န္ပီယံ ေဒ့ဗ္ကို WLC ၏ ဒုဥကၠ႒အျဖစ္ ခန္႔အပ္
Ads Block

ရုိးရာလက္ေ၀ွ႔ အလြတ္တန္း ခ်န္ပီယံ ေဒ့ဗ္ကို WLC ၏ ဒုဥကၠ႒အျဖစ္ ခန္႔အပ္

ရုိးရာလက္ေ၀ွ႔ ကမၻာ့ခ်န္ပီယံ ကေနဒါႏုိင္ငံသား ေဒ့ဗ္လက္ဇုကို World Leweth Championship (WLC)၏ ဒုဥကၠ႒အျဖစ္ ခန္႔အပ္လိုက္ေၾကာင္း WLCမွ ထုတ္ျပန္သည္။ 
ေဒ့ဗ္သည္ WLC ႏွင့္ ၿပီးခဲ့သည့္ မတ္လ (၁၀) ရက္က ေတြ႔ဆံုၿပီး ခန္႔အပ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“သတင္းေကာင္းေၾကျငာပါရေစခင္ဗ်ာ။ ကြ်န္ေတာ္ WLC - World Lethwei Championship ရဲ႕ပြဲေတြမွာ ပါ၀င္ထုိးသတ္ေတာ့ မွာ ျဖစ္ပါတယ္။ ကြ်န္ေတာ္အေသအခ်ာ ကတိေပးႏိုင္တာကေတာ့ ျမန္မာ့လက္ေ၀ွ႕ရဲ႕ကမာၻ႔ခ်န္ပီယံခါးပတ္ကို ဘယ္ႏိုင္ငံျခား သား လက္ထဲကိုမွ မေရာက္ဖုိ႔ အစြမ္းကုန္ကာကြယ္သြားမယ္ဆိုတာပါပဲ။ ျမန္မာႏိုင္ငံအတြက္ ဂုဏ္ယူႏိုင္ဖို႔ လူႀကီးမင္းတုိ႔ရဲ႕ ယံုၾကည္အားကိုးမႈကို ကြ်န္ေတာ္ ခံယူပါရေစ”ဟု ေဒ့ဗ္က ၄င္း၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားသည္။
ေဒ့ဗ္သည္ ရုိးရာလက္ေ၀ွ႔ေလာကသို႔ ၂၀၁၅ ခုႏွစ္မွ စတင္၀င္ေရာက္ခဲ့ျခင္း ျဖစ္ၿပီး ၂၀၁၇ ၿပိဳင္ပြဲတြင္ အလြတ္တန္းခ်န္ပီယံ ထြန္းထြန္းမင္းကို အႏုိင္ယူကာ ခ်န္ပီယံ ျဖစ္ခဲ့ျခင္း ျဖစ္သည္။
 ၿပီးခဲ့သည့္ ၂၀၁၈ ခ်န္ပီယံကာကြယ္ပြဲတြင္လည္း ပူးတြဲသေရ ျဖစ္ေပၚခဲ့သည့္အတြက္ ခ်န္ပီယံဆုကို ကာကြယ္ႏုိင္ခဲ့သည္။
WLC ၿပိဳင္ပြဲမ်ားကို ဦးေဇသီဟ ဦးေဆာင္သည့္ ျမန္မာ့လက္ခေမာင္း ကုမၸဏီမွ က်င္းပေပးေနျခင္း ျဖစ္ၿပီး ၿပီးခဲ့သည့္လက ၿပိဳင္ပြဲအမွတ္စဥ္ (၇) အထိ ၿပီးဆံုးသြားၿပီလည္း ျဖစ္သည္။ 
    
ဓာတ္ပံု - အင္တာနက္

- ထက္ေ၀လင္း(အကုန္သိ သတင္းဌာန)

Unicode version

ရိုးရာလက်ဝှေ့ အလွတ်တန်း ချန်ပီယံ ဒေ့ဗ်ကို WLC ၏ ဒုဥက္ကဋ္ဌအဖြစ် ခန့်အပ်
ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဇုကို World Leweth Championship (WLC)၏ ဒုဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ကြောင်း WLCမှ ထုတ်ပြန်သည်။ 
ဒေ့ဗ်သည် WLC နှင့် ပြီးခဲ့သည့် မတ်လ (၁၀) ရက်က တွေ့ဆုံပြီး ခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သတင်းကောင်းကြေငြာပါရစေခင်ဗျာ။ ကျွန်တော် WLC - World Lethwei Championship ရဲ့ပွဲတွေမှာ ပါဝင်ထိုးသတ်တော့ မှာ ဖြစ်ပါတယ်။ ကျွန်တော်အသေအချာ ကတိပေးနိုင်တာကတော့ မြန်မာ့လက်ဝှေ့ရဲ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဘယ်နိုင်ငံခြား သား လက်ထဲကိုမှ မရောက်ဖို့ အစွမ်းကုန်ကာကွယ်သွားမယ်ဆိုတာပါပဲ။ မြန်မာနိုင်ငံအတွက် ဂုဏ်ယူနိုင်ဖို့ လူကြီးမင်းတို့ရဲ့ ယုံကြည်အားကိုးမှုကို ကျွန်တော် ခံယူပါရစေ”ဟု ဒေ့ဗ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ဒေ့ဗ်သည် ရိုးရာလက်ဝှေ့လောကသို့ ၂၀၁၅ ခုနှစ်မှ စတင်ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၇ ပြိုင်ပွဲတွင် အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းကို အနိုင်ယူကာ ချန်ပီယံ ဖြစ်ခဲ့ခြင်း ဖြစ်သည်။
 ပြီးခဲ့သည့် ၂၀၁၈ ချန်ပီယံကာကွယ်ပွဲတွင်လည်း ပူးတွဲသရေ ဖြစ်ပေါ်ခဲ့သည့်အတွက် ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည်။
WLC ပြိုင်ပွဲများကို ဦးဇေသီဟ ဦးဆောင်သည့် မြန်မာ့လက်ခမောင်း ကုမ္ပဏီမှ ကျင်းပပေးနေခြင်း ဖြစ်ပြီး ပြီးခဲ့သည့်လက ပြိုင်ပွဲအမှတ်စဉ် (၇) အထိ ပြီးဆုံးသွားပြီလည်း ဖြစ်သည်။ 

- ထက်ဝေလင်း(အကုန်သိ သတင်းဌာန)
    
ဓာတ်ပုံ - အင်တာနက်

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။