Skip to main content
မပုပ္ဘဲ ပိုးစားေနသည့္အသီးမ်ားကို ျဖဳတ္ခ်မည္ဟု NLD ပါတီမွ မုံ႐ြာဦးေအာင္ရွင္ေျပာ
Ads Block

မပုပ္ဘဲ ပိုးစားေနသည့္အသီးမ်ားကို ျဖဳတ္ခ်မည္ဟု NLD ပါတီမွ မုံ႐ြာဦးေအာင္ရွင္ေျပာ

အဂတိလိုက္စားသည့္ပါတီဝင္မ်ားႏွင့္ ပတ္သတ္၍ မပုပ္ဘဲပိုးစားေနသည့္အသီးမ်ားကို ျဖဳတ္ခ်မည္ဟု NLD ပါတီဗဟိုျပန္ၾကားေရးမွ အတြင္းေရးမႉး မုံ႐ြာဦးေအာင္ရွင္က ေျပာလိုက္သည္။
ရန္ကုန္ၿမိဳ႕ရွိေတာ္ဝင္ႏွင္းဆီခန္းမတြင္ မတ္လ ၁၂ ရက္ကက်င္းပေသာ ဟံသာဝတီ ဦးဝင္းတင္ေဖာင္ေဒးရွင္း ေထာက္ပံ့ေၾကးေပးအပ္ပြဲတြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။ 

မပုပ္ဘဲ ပိုးစားေနသည့္အသီးမ်ားကို ျဖဳတ္ခ်မည္ဟု NLD ပါတီမွ မုံ႐ြာဦးေအာင္ရွင္ေျပာ


“ ပုတ္လို႔ေႂကြက်တဲ့အသီးအတြက္ အပင္မွာတာဝန္မရွိဘူးဆိုတာ ကဗ်ာေလးပါ။ ဒါကြၽန္ေတာ္ ၂၀၁၀ တုန္းက ပါတီကေနခြဲထြက္သြားတဲ့သူေတြအတြက္ မွတ္ခ်က္ေပးခဲ့တာေပါ့။ အဲဒါကိုအခု တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္ ကိစၥေပၚလာေတာ့ ဒါကိုအြန္လိုင္းမွာျပန္သုံးၾကေတာ့ အခုမွေျပာသလိုျဖစ္တာေပါ့။ အဲဒီစကားကိုတခ်ိဳ႕ကလည္း ျပန္ေျပာၾကတယ္။ မပုပ္ဘဲအပင္ေပၚမွာပိုးစားေနတဲ့အသီးက်ေတာ့ေရာဘယ္လိုလုပ္မလဲတဲ့။ ဒါကေတာ့ ျဖဳတ္ခ်ရမွာေပါ့’’ ဟု NLD ပါတီဗဟိုျပန္ၾကားေရးမွအတြင္းေရးမႉး မုံ႐ြာဦးေအာင္ရွင္က ေျပာသည္။
တနသၤာရီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္အားအေရးယူလိုက္၍ ပါတီေထာက္ခံအား က်ဆင္းမည္ဟုမျမင္ဘဲ ပိုမိုေထာက္ခံၾကမည္ဟုျမင္ေၾကာင္း ၎ကဆက္ေျပာသည္။ 
NLD ပါတီတြင္ အဂတိတရားအပါအဝင္ လူမႈေရးေဖာက္ျပန္မႈမ်ားကိုလက္မခံေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ကလည္း ေျပာၾကားထားသည္။
တနသၤာရီတိုင္းေဒသႀကီးဝန္ခ်ဳပ္အားအေရးယူလိုက္ျခင္းမွာ လူႀကီးလမ္းေၾကာင္းႏွင့္ႀကဳံ၍လည္းေကာင္း၊ ေဒသခံမ်ားအားလုံးက ဝိုင္းတိုင္း၍လည္းေကာင္းျဖစ္ၿပီး အဆိုပါအေရးယူမႈမွာ ႏိုင္ငံေရးသမားထဲမွ ပထမဦးဆုံးျဖစ္သည္ဟု ျပည္ခိုင္ၿဖိဳးပါတီမွ ေျပာေရးဆိုခြင့္ရွိသူဦးသိန္းထြန္းဦးက အကုန္သိသတင္းဌာနသို႔ မွတ္ခ်က္ေပးေျပာၾကားထားသည္။

- မင္းသီဟန္(အကုန္သိ သတင္းဌာန)

Unicode version

မပုပ်ဘဲ ပိုးစားနေသည့်အသီးများကို ဖြုတ်ချမည်ဟု NLD ပါတီမှ မုံရွာဦးအောင်ရှင်ပြော
အဂတိလိုက်စားသည့်ပါတီဝင်များနှင့် ပတ်သတ်၍ မပုပ်ဘဲပိုးစားနေသည့်အသီးများကို ဖြုတ်ချမည်ဟု NLD ပါတီဗဟိုပြန်ကြားရေးမှ အတွင်းရေးမှူး မုံရွာဦးအောင်ရှင်က ပြောလိုက်သည်။
ရန်ကုန်မြို့ရှိတော်ဝင်နှင်းဆီခန်းမတွင် မတ်လ ၁၂ ရက်ကကျင်းပသော ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း ထောက်ပံ့ကြေးပေးအပ်ပွဲတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 
“ ပုတ်လို့ကြွေကျတဲ့အသီးအတွက် အပင်မှာတာဝန်မရှိဘူးဆိုတာ ကဗျာလေးပါ။ ဒါကျွန်တော် ၂၀၁၀ တုန်းက ပါတီကနေခွဲထွက်သွားတဲ့သူတွေအတွက် မှတ်ချက်ပေးခဲ့တာပေါ့။ အဲဒါကိုအခု တနင်္သာရီတိုင်းဝန်ကြီးချုပ် ကိစ္စပေါ်လာတော့ ဒါကိုအွန်လိုင်းမှာပြန်သုံးကြတော့ အခုမှပြောသလိုဖြစ်တာပေါ့။ အဲဒီစကားကိုတချို့ကလည်း ပြန်ပြောကြတယ်။ မပုပ်ဘဲအပင်ပေါ်မှာပိုးစားနေတဲ့အသီးကျတော့ရောဘယ်လိုလုပ်မလဲတဲ့။ ဒါကတော့ ဖြုတ်ချရမှာပေါ့’’ ဟု NLD ပါတီဗဟိုပြန်ကြားရေးမှအတွင်းရေးမှူး မုံရွာဦးအောင်ရှင်က ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အားအရေးယူလိုက်၍ ပါတီထောက်ခံအား ကျဆင်းမည်ဟုမမြင်ဘဲ ပိုမိုထောက်ခံကြမည်ဟုမြင်ကြောင်း ၎င်းကဆက်ပြောသည်။ 
NLD ပါတီတွင် အဂတိတရားအပါအဝင် လူမှုရေးဖောက်ပြန်မှုများကိုလက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောကြားထားသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ချုပ်အားအရေးယူလိုက်ခြင်းမှာ လူကြီးလမ်းကြောင်းနှင့်ကြုံ၍လည်းကောင်း၊ ဒေသခံများအားလုံးက ဝိုင်းတိုင်း၍လည်းကောင်းဖြစ်ပြီး အဆိုပါအရေးယူမှုမှာ နိုင်ငံရေးသမားထဲမှ ပထမဦးဆုံးဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းဦးက အကုန်သိသတင်းဌာနသို့ မှတ်ချက်ပေးပြောကြားထားသည်။

- မင်းသီဟန်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။